
ချစ်သူစုံတွဲတွေအနေနဲ့ နှစ်ယောက်သား ဆုံတွေ့ကြတဲ့အခါမှာ တချို့စုံတွဲတွေက အေးအေးဆေးဆေးစကားပြောလို့ရမယ့်နေရာမျိုးလေးတွေ ၊ထူးထူးခြားခြားဖြစ်မယ့်နေရာလေးတွေ နဲ့ Romantic ဆန်တဲ့နေရာလေးတွေကို ပိုပြီးတော့ရွေးချယ်တတ်ကြပါတယ်။ First Date မှာပဲဖြစ်ဖြစ် ပုံမှန်တွေ့ဆုံမှူမှာပဲဖြစ်ဖြစ် နှစ်ယောက်သားအတူချိန်းထားကြပြီးခါမှ ဘယ်သွားလို့သွားရမှန်းမသိတွေဖြစ်ခဲ့ရတာမျိုးတွေလည်း ခဏခဏကြုံဖူးကြမှာပါ။ ဒါကြောင့်မို့ ချစ်သူနဲ့ဒိတ်လုပ်တဲ့အခါ သွားစရာ ၊လည်ပတ်စရာနေရာတွေအမျိုးမျိုးရှိတဲ့အထဲကမှ အေးအေးဆေးဆေး ကော်ဖီလေးသောက်ရင်း ၊ဓာတ်ပုံတွေရိုက်ရင်း ချစ်စရာကောင်းတဲ့ Coffee Date မျိုး ဖန်တီးချင်သူတွေအတွက် ရန်ကုန်မြို့အတွင်းက အဆင်အပြင်လှလှ Idea ကောင်းကောင်းလေးတွေနဲ့ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တချို့ကို ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။
Leaf Cafe & Plants

ဘိုဆန်ဆန်အပြင်အဆင်လေးတွေနဲ့ နှစ်ထပ်အိမ်လေးကိုမှ ချစ်စရာအပင်လေးတွေနဲ့ မွမ်းမံထားတဲ့ အေးချမ်းဆိတ်ငြိမ်တဲ့ နောက်ထပ်ကော်ဖီဆိုင်လေးကတော့ စမ်းချောင်းမြို့နယ် ရှင်စောပုဘုရားလမ်းထဲက Leaf Cafeဆိုတဲ့ဆိုင်လေးပါ။ ကော်ဖီသောက်ရင်း ထပ်ပြီးရိုချင်တယ်ဆိုရင်တော့ အဲဒီမှာရှိတဲ့ Indoor Plant လေးတွေကိုလက်ဆောင်ဝယ်ပေးလို့ရပါသေးတယ်။ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက်လည်း တကယ့်ကို Instagramable placeလေးပါ။ မိုးရာသီမှာ ချစ်ဖို့ကောင်းတဲ့အပင်လေးတွေကြားကော်ဖီပူပူလေးသောက်ရင်း Date ချင်တယ်ဆိုရင်တော့ Leaf Cafe ဆိုတဲ့ဆိုင်လေးက အသင့်တော်ဆုံးနေရာလေးတစ်ခုပဲဖြစ်ပါတယ်။
The Plant House Cafe
အေးအေးဆေးဆေးနဲ့ ချစ်စရာ Decorations လေးတွေကို သဘောကျတဲ့သူတစ်ယောက်ဆိုရင်တော့ The Plant House ဆိုတဲ့ ကော်ဖီဆိုင်လေးကအရမ်းအဆင်ပြေစေမှာပါ။ ဒီဆိုင်လေးရဲ့ တည်နေရာကတော့ ညောင်တုန်းလမ်း စမ်းချောင်းမြို့နယ်မှာပဲဖြစ်ပါတယ်။ အပင်လေးတွေကြားထဲမှာ ချစ်ရသူနဲ့ ရိုဆန်ဆန်လေး ဒိတ်ချင်တယ်ဆိုရင်တော့ ဒီcafe လေးကအသင့်တော်ဆုံးပါပဲ ။ FA တွေအတွက်လည်း အဖော်ပြုစရာစာအုပ်လေးတွေထားပေးပါသေးတယ်တဲ့။
Insta Cafe
တာမွေမြို့နယ် ကျောက်မြောင်း ၊စိတ္တသုခလမ်းထဲက Insta Cafe ဆိုတဲ့ဆိုင်လေးကတော့ နာမည်နဲ့လိုက်အောင်တကယ့်ကို Insta Spot လေးတစ်ခုပါပဲ။Instagram မှာမြင်ဖူးနေကျ နိုင်ငံခြားက ကော်ဖီဆိုင်လေးတွေလို ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ချစ်စရာ Decorationလေးတွေနဲ့ ဝန်းရံထားတဲ့အပြင် အစားအသောက်ဈေးနှုန်းလေးတွေကလည်း အဆင်ပြေတာကြောင့် ကော်ဖီဒိတ်မယ့်ချစ်သူတွေအတွက် Chillလို့ကောင်းတဲ့ နေရာလေးတစ်ခုထဲမှာ ထည့်ကိုထည့်ထားသင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။
Pansodan Scene Art Cafe
90s themeလေးတွေနဲ့ Vintage ဆန်ဆန် Decorationsလေးတွေကြားမှာ ကော်ဖီဒိတ်ချင်တဲ့စုံတွဲတွေအတွက် တကယ့်ကိုထူးခြားတဲ့နေရာလေးတစ်ခုလို့ဆိုနိုင်ပါတယ်။စန္ဒရားအိုကြီးတစ်လုံးအပြင် ဂီတာတွေ ၊ စောင်းတွေ၊ လက်နဲ့လှည့်ရတဲ့ဖုန်းတွေ ၊ရှေးဟောင်းနာရီတွေသာမက ထူးထူးခြားခြား Art workတွေနဲ့ အရင်ခေတ်ကအငွေ့အသက်ကိုအပြည့်အဝပေးစွမ်းနိုင်မယ့်အဆင်အပြင်တွေကြားမှာ ချစ်သူစုံတွဲတွေအနေနဲ့ ကဗျာဆန်ဆန်လေးရိုချင်တယ်၊ သူများနဲ့မတူတဲ့ ပုံလှလှလေးတွေရချင်တယ် ဆိုရင်တော့ ပန်းဆိုးတန်းအလယ်ဘလောက် Alibaba ဘေးတိုက် ဒုတိယထပ်မှာရှိတဲ့ ဒီCafeလေးက အရမ်းကိုရွေးချယ်သင့်တဲ့နေရာတစ်ခုလို့ ဆိုပါရစေ။
Freedom Cafe
စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဒီကော်ဖီဆိုင်လေးကတော့ တစ်ယောက်တည်းပဲသွားသွား ချစ်သူနဲ့ဒိတ်ဒိတ် အဆင်ပြေစေမယ့် ဆိုင်လှလှလေးဖြစ်တဲ့အပြင် တိချစ်သူတွေအတွက် ချစ်စရာသားသားမီးမီးလေးတွေကလည်းဆိုင်ရဲ့အပေါ်ထပ်မှာစောင့်ကြိုနေပြန်ပါသေးတယ်။ကိုယ်ရော ကိုယ့်ချစ်သူရောက တိချစ်သူဖြစ်တာချင်းတူနေရင် အရမ်းကိုပျော်စရာကောင်းတဲ့ momentလေးတွေကိုပေးစွမ်းနိုင်မှာဖြစ်ပြီး ချစ်စရာသားသားမီးမီးလေးတွေနဲ့ဓာတ်ဖမ်းနိုင်မယ့်အပြင် ကော်ဖီပူပူလေးလည်းသောက်နိုင်တာမို့ အရမ်းကိုအဆင်သင့်တဲ့ ကော်ဖီဆိုင်လေးလို့ပြောလို့ရပါတယ်။အပေါ်ထပ်က ကလေးတွေနဲ့တွေ့မယ်ဆိုရင် ဝင်ကြေးလေးတော့ပေးရပေမယ့် သူတို့ရဲ့ချစ်စရာဆီးကြိုမှူလေးတွေက ပေးရတာထက်ပိုတန်တဲ့အပြင် Stressတွေကိုပါပြေပျောက်စေတာမို့ တစ်ခါလောက်တော့ မဖြစ်မနေအရောက်သွားသင့်တဲ့နေရာလေးတစ်ခုလို့ဆိုရမှာပါပဲ။
Photo Credit to the Rightful Owners