
ဆံနွယ်ရှည်လေးတွေကို ပိုင်ဆိုင်ထားကြတဲ့ မိန်းကလေးတိုင်းမှာ တူညီတဲ့ အကျင့်တစ်ခု ရှိတယ်လို့ ဆိုရပါမယ်။ အသုံးမလိုတဲ့ အချိန်မှာ ခေါင်းစီးကြိုးကို လက်ကောက်ဝတ်မှာ သိမ်းထားလေ့ရှိတဲ့ အကျင့်ပါ။ ခေါင်းစီးကြိုးကို အလွယ်တကူ မပျောက်သွားအောင် ထိန်းသိမ်းတဲ့ နည်းလမ်းဖြစ်ပေမယ့် လည်း ဒီအလေ့အကျင့်လေးက ကြာလာရင် ပျိုမေတို့ကို အန္တရာယ်ပေးလာနိုင်ပါတယ်။ ခေါင်းစီးကြိုးကို လက်ကောက်ဝတ်မှာ ပတ်တတ်တဲ့အကျင့်ရှိတဲ့ ပျိုမေတို့အနေနှင့် ဒီအချက်လေးတွေကို သိထားရင် အချိန်မှီပြုပြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။
၁။သွေးလည်ပတ်မှုပြသာနာတွေကို ဖြစ်စေတယ်။
ခေါင်းစီးကြိုးလိုမျိုး တင်းကျပ်တဲ့ အရာတစ်ခုခုကို လက်ကောက်ဝတ်မှာ ပတ်ထားခြင်းက သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ခေါင်းစီးကြိုးက သင့်ရဲ့ သွေးကြောလေးတွေကို ဖိမိသွားစေပြီး သွေးလည်ပတ်မှုတွေ က အရင်လို ပုံမှန်မဖြစ်တော့ပါဘူး။ ဒီအကျိုးဆက်ကြောင့် Carpal Tunnel Syndrome ဖြစ်သွားစေနိုင်ပြီး သင့်ရဲ့ လက်နှင့် လက်ချောင်း တွေ နာကျင်ကို မှုကို မကြာခဏ ခံစားရတော့မှာဖြစ်ပါတယ်.
၂။အခန့်မသင့်ရင် ခွဲစိတ်မှုကိုတောင် ကြုံရနိုင်တယ်။
အန်ဒရီ ဆိုတဲ့ အမေရိကန်သူတစ်ဦးက ဒီဖြစ်ရပ်ကို လက်တွေကြုံခဲ့ရသူပါ။ သူမအနေနှင့် ခေါင်းစီးကြိုးကို အမြဲတစေ လက်ကောက်ဝတ်မှာ ပတ်ထားတတ်တဲ့ အကျင့်ရှိသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ သူမရဲ့ လက်ကောက်ဝတ်မှာ တဖြေးဖြေး ကြီးထွားလာတဲ့ အဖုလေးကို သတိထားမိခဲ့ပါတယ်။ ဒီအဖုလေးကို သက်သာစေဖို့ ဆရာဝန်က ဆေးတွေ ပေးခဲ့ပေမယ့်လည် မသက်သာလို့နောက်ဆုံးမှာ သူမအနေနှင့် ခွဲစိတ်မှုကိုတောင် ခံယူခဲ့ရပါတယ်။
၃။စတိုင်ကို နှောင့်ယှက်စေတယ်။
ခေါင်းစည်းကြိုးကို လက်ကောက်ဝတ်မှာပတ်ခြင်းက ကျန်းမာရေးကို တင်ထိခိုက်စေတာ မဟုတ်ဘဲ သင့်ရဲ့ စတိုင်ကို ပျက်စီးစေပါတယ်။ လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တာက တခြားသော အဆင်အယင်တွေကို ဝတ်ဆင်ခြင်းလို သင့်ကို ဖက်ရှင်မကျစေပါဘူး။
ဖက်ရှင်လည်း မကျသလို ကျန်းမာရေးအတွက် ပါ မသင့်တော်တဲ့ ခေါင်းစည်းကြိုးကို လက်မှာပတ်တဲ့ အကျင့်ကို အမြန်ဆုံးဖျောက်ပစ်လိုက်ကြတော့နော်။ ခေါင်းစီးကြိုးကိုလက်မှာ မေ့ပြီး မဝတ်မိစေဖို့အတွက် လက်မှာ လက်ကောက်လှလှလေးတွေ နာရီလေးတွေကို ပတ်ထားပေးခြင်းဖြင့် လည်း အထောက်အကူဖြစ်စေပါတယ်။