စမတ်ဖုန်း၊ တက်ဘလက် ကြည့်လွန်းတဲ့ ကလေးများ မှတ်ဉာဏ်စွမ်းရည်ကျဆင်း
popolay.com
|
2018-12-12

စမတ်ဖုန်းများ၊ တက်ဘလက်များကို တစ်ရက်လျှင် ၇ နာရီကြာ သို့မဟုတ် ထိုထက်ပို၍ကြည့်ရှု သုံးစွဲတဲ့ ကလေးငယ်များရဲ့ ဦးနှောက်မှတ်ဉာဏ် (IQ) စွမ်းရည်ဟာ ပုံမှန် ရှိရင်းစွဲထက် တရိပ်ရိပ်ကျဆင်းလာတာကို တွေ့ရှိရကြောင်းအမေရိကန်သုတေသန လေ့လာစမ်းစစ်ချက်အရ တွေ့ရှိခဲ့ပါတယ်။

ကလေးတွေကို စမတ်ဖုန်းတွေအချိန်ကြာမြင့်စွာ ပေးသုံးခွင့်ပြုခြင်းကြောင့် သူတို့ရဲ့ မှတ်ဉာဏ်အလုပ်လုပ်တဲ့ စွမ်းရည် ယိုယွင်းလာပြီး ထိုးထွင်းသိမြင်နိုင်စွမ်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ကလေးတွေနဲ့ ပက်သက်တဲ့အဓိကလေ့လာမှုတွေကို ပြုလုပ်ရန်အမျိုးသားကျန်းမာရေးအင်စတီကျူ့ကအမေရိကန်ဒေါ်လာ သန်း ၃၀၀ မတည်ပြီး လေ့လာမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။





သုတေသနပညာရှင်တွေဟာ ကလေးပေါင်း ၄,၅၀၀ ရဲ့ ဦးနှောက်တွေကို စကင်ဖတ်ကြည့်လေ့လာပြီးမှအသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

ဆေးသိပ္ပံပညာရှင်တွေဟာ ဆယ်စုနှစ်ကျော်ကြာအသက် ၉ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ်ပေါင်း ၁၁,၀၀၀ ကျော်ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို စမ်းသပ်ချက်တွေအရ နေ့စဉ် စမတ်ဖုန်း ၂ နာရီကျော်လောက် သုံးနေတတ်တဲ့ ကလေးတွေဟာ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ဘာသာစကား စစ်ဆေးမှုများ ပြုလုပ်ကြည့်တဲ့အခါအမှတ်နည်းနည်းပဲ ရတာကို တွေ့ရပါတယ်။





ဦးနှောက်ရဲ့အပေါ်ယံအပြင်လွှာဟာ လက်တွေ့ထိတွေ့လို့ရတဲ့ ပတ်ဝန်းကျင်အချက်လက်တွေကို လေ့လာမှတ်သားပြီး စဉ်းစားဆင်ခြင်တာ၊ မှတ်သားတာ၊ ဘာသာစကားနဲ့ သက်ဆိုင်တာတွေကို သဘာဝတစ်ရှုးတွေက တုံ့ပြန်လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် ပညာရှင်တွေအနေနဲ့ ဒီလိုဖြစ်ရတာဟာ စမတ်ဖုန်းတွေ တက်ဘလက်တွေကိုအချိန်များများသုံးလို့လားဆိုတာ မသေချာသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ စမတ်ဖုန်းအသုံးများတဲ့ ကလေးတွေရဲ့ ဦးနှောက်ကို စကင်ဖတ်ကြည့်တဲ့အခါ ဦးနှောက်ရဲ့ပုံစံအကွက်က တစ်ခုထဲ မဟုတ်ကြောင်း Dr Gaya Dowling (National Institute of Health) က ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် တွေ့ရှိချက်မှာတော့ ဦးနှောက်ရဲ့အပေါ်ယံလွှာအထူအပါးပေါ်မူတည်ပြီး မှတ်ဉာဏ်စွမ်းရည် ကွာခြားတယ်ဆိုတာ ပညာရှင်တွေ သိခဲ့ရပါတယ်။ ဦးနှောက်ရဲ့အပေါ်ယံလွှာဟာ ကလေးအသက် ၅ နှစ် ၆ နှစ်လောက်ရောက်လာတဲ့အခါ စတင်ပါးလာပါတယ်၊ ဒါဟာပုံမှန် ဖြစ်စဉ်ဖြစ်ပါတယ်။ ပိုပြီးတိကျတဲ့အချက်လက်တွေကို ၂၀၁၉ ခုနှစ်မှာ ထပ်မံထုတ်ပေးဖို့ စီစဉ်ထားကြောင်း သိရှိရသည်။




Some text some message..