စနေနေ့ဖွားတွေကို ကိုယ်စားပြုတဲ့ စေတန်ဂြိုလ်ဟာ နက္ခပညာရပ်အရ နောက်ဆုံးသော ဂြိုလ် ဖြစ်ပြီး အယူအဆ အမျိုးမျိုးအရ ရက်သတ္တပတ်တစ်ခုရဲ့ နောက်ဆုံးရက်မှာ မွေးတဲ့ နေ့ဖွားတွေဖြစ်ပါတယ်။ မိသားစု အသိုင်းအဝိုင်းမှာ အရေးပါတဲ့ သူတစ်ဦးအဖြစ် သတ်မှတ်ခံရသူတွေပါ။စနေ သားသမီးတွေဟာ ခက်ခဲမှုတွေကို အများဆုံးကြုံတွေ့ရလေ့လည်း ရှိပါတယ်။
တခြားသောသူတွေနှင့် အမြင်မတူတာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေက အခြားသူတွေကို အံ့သြဖွယ်တော့ ရှိနေပါလိမ့်မယ်။ဖြည်းဖြည်းနှင့် မှန်မှန်ကြိုးစားမှုကြောင့် စည်းကမ်းတင်းကျပ်တဲ့ သူတွေလို့ပြောရရင် လည်း မမှားပါဘူး။ ဒါ့အပြင်ကိုမှ ထူးချွန်ထက်မြက်တဲ့ ညဏ်ရည် ရှိသူတွေဖြစ်တာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အရာတွေမှာ တစ်ဖက်ကမ်းခပ်အောင် ကို ကျွမ်းကျင်တတ်မြောက်ကြတာပဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေမှာလည်း စနေသားသမီးတွေကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး။ဘယ်လို အလုပ်အကိုင် အမျိုးအစားကိုဖြစ်စေ အောင်မြင်အောင် လုပ်ဆောင်နိုင်တာကြောင့် စီးပွားရေး ပညာရှင်တွေထဲမှာ စနေသားသမီးတွေ ကအများဆုံးလို့ ဆိုရပါမယ်။
မေတ္တာတရားကြီးမားသူဖြစ်တာကြောင့် ကိုယ့်ချစ်သူအတွက်ဆို အရာရာ ပေးဆပ်နိုင်တဲ့ သူတွေလည်း ဖြစ်ကြပါသေးတယ်။ဒါပေမယ့် ချစ်သူအဖြစ်မရွေးချယ်ခင်မှာ စနေသားသမီးတွေက သေချာကို လေ့လာပြီးမှ ရွေးတာဖြစ်လို့ သူတို့ရဲ့ ချစ်သူဖြစ်ရဖို့အတွက် အနည်းငယ်တော့ ခက်ခဲတယ်လို့တော့ဆိုရပါမယ်။ချစ်မိသွားရင်လည်း ဘေးစကားကို လုံးဝနားမတတ်တော့တဲ့ အားနည်းချက်လေး လည်းရှိပါသေးတယ်။
စနေ သားသမီးတွေရဲ့ ကံကောင်းစေတဲ့ နံပါတ်ကတော့ ၈ ဂဏန်းဖြစ်ပါတယ်။ လိုအပ်နေတဲ့ သူတွေကို အကူအညီအထောက်အပံ့တွေ ပေးပြီးတဲ့ နောက်မှာတော့ သင်ပါ အကုန်လုံး အဆင်ပြောလာတာကို အံ့သြဖွယ်တွေ့မြင်ရမှာပါ။