သိပ်ကိုချောမောတဲ့မိန်းကလေးတွေက ရုပ်ရည်အားဖြင့် သာမန်ပဲရှိတဲ့ယောက်ျာလေးတွေနဲ့ တွဲခုတ်နေကြတာကို အများဆုံးမြင်တွေ့ရမှာ သေချာပါတယ်။ စုံတွဲတစ်တွဲမှာ မိန်းကလေးက အရမ်းချောနေပြီဆိုရင် ယောက်ျားလေးဘက်က သိပ်မချော သိပ်ပြီးကြည့်မကောင်းတာမျိုးကို တော်တော်များများက မချိတင်ကဲဖြစ်တတ်ကြပြီး အဲ့ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေရှိနေမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ သစ္စာရှိမှုနဲ့ယုံကြည်မှုကိုသာ လိုအပ်မှု
လှပတဲ့မိန်းကလေးတွေက ခပ်လန်းလန်းအမျိုးသားတွေနဲ့ ဒိတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့အတွက် ရူပါလန်းဖို့၊ ကြွက်သားတောင့်ဖို့ဆိုတဲ့အချက်တွေထက် ပိုပြီးအရေးပါတဲ့အချက်တွေရှိတယ်ဆိုတာကို သတိထားမိလာကြပါတယ်။ ခပ်ချေချောကောင်မလေးတွေအနေနဲ့ သူတို့လောက် ရူပါမလန်းတဲ့အမျိုးသားတွေနဲ့တွဲခုတ်ရမယ်ဆိုရင် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ပိုမိုသက်သာစေတယ်လို့ယူဆထားကြပြီး ရူပါမလန်းတဲ့အဲ့ဒီအမျိုးသားအပေါ် သူတို့ကပိုပြီး ယုံကြည်ကြသလို အဲ့ဒီအမျိုးသားကလည်း သူတို့အပေါ်ပိုပြီး အရေးစိုက်ကြမယ်လို့ ယူဆတာကြောင့် အခုလိုပဲ ရူပါမလန်းတဲ့အမျိုးသားတွေနဲ့တွဲခုတ်ဖို့ ပိုပြီးအားသန်ကြတာပါ။
၂။ အချစ်ရေးအချစ်ရာမှာ တည်ငြိမ်စေဖို့
ရုပ်ရည်အားဖြင့် သာမန်လောက်ပဲရှိတဲ့ ယောက်ျားလေးတစ်ယောက်က တည်ငြိမ်တဲ့ဘဝနဲ့ ရိုးသားကြိုးစားရင်း ချမ်းသာနေမယ်ဆိုရင် ချောမောလှပတဲ့ မိန်းကလေးတွေက သူတို့ရဲ့ ရုပ်ရည်ထက် သူတို့ရဲ့ အရည်အချင်းကိုပိုပြီး ဂရုစိုက်မိတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာပြီးပြည့်စုံတဲ့သူမရှိဘဲ အချို့သော အရည်အချင်းတွေကသာ သူတို့အတွက် ပြည့်စုံတဲ့ဘဝတစ်ခု ဖန်တီးပေးနိုင်တယ်ဆိုတာကို လက်ခံထားကြလို့ပါပဲ။
၃။ ဦးစားပေးနေရမှာ နေနိုင်ဖို့
ရုပ်ရည်ချောမောတဲ့အမျိုးသားတွေက သူတို့ရဲ့အရည်အချင်း၊ သူတို့ရဲ့ ရုပ်ရည်ကြောင့် Single တစ်ယောက်မဖြစ်နိုင်ဘူးလို့ မိန်းကလေးတွေဘက်က ယူဆထားကြမှာပါ။ တော်တော်များများ မိန်းကလေးတွေက သူတို့အတွက် သင့်တော်တဲ့ ယောက်ျားလေးတစ်ယောက်ကို ရှာတွေ့ဖို့ ခက်ခဲတယ်လို့ ယူဆထားကြပြီး ဒီလိုရုပ်ရည်ချောမောပြီး သူတို့ကို ဦးစားပေးနိုင်တဲ့ယောက်ျားတစ်ယောက်ကို တွေ့သည့်တိုင် သာမန်ရုပ်ရည်နဲ့ အမျိုးသားကိုသာ တွဲခုတ်ဖို့ ပိုပြီးစဉ်းစားကြမှာပါ။
၄။ ရုပ်ရည်ရူပါထက် ကိုယ်ရည်ကိုယ်သွေးက ပိုမိုအရေးကြီးတယ်။
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေရှိမှုနဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုက ရုပ်ရည်ရူပါထက် ပိုပြီး အရေးကြီးတယ်ဆိုတာကို မိန်းကလေးတော်တော်များများက နားလည်ထားပါတယ်။ ချောမောလှပတဲ့အမျိုးသမီးတွေအနေနဲ့ ဘော်ဒီတောင့်တောင့်နဲ့ ရူပါလန်းတဲ့ SKB တွေနဲ့တွဲခုတ်တာမျိုးတွေရှိပေမယ့် တကယ်တမ်းဘဝအတွက် ရွေးချယ်ရတော့မယ်ဆိုရင်တော့ အောင်မြင်တဲ့၊ အရည်အချင်းရှိတဲ့၊ ဟာသဥာဏ်ရွှင်တဲ့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ သာမန်ရုပ်ရည်နဲ့ အမျိုးသားတစ်ယောက်ကို ရွေးချယ်သွားရင်တောင် အံ့အားသင့်စရာရှိမှာမဟုတ်ပါဘူး။
၅။ သူငယ်ချင်းကောင်းတစ်ယောက်သာဘေးမှာရှိနေရင်
ရည်းစားမရှိသေးတဲ့ ချောချောလှလှမိန်းကလေးတွေရဲ့ဘေးမှာ သူတို့နဲ့သဟဇာတဖြစ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိနေမယ်ဆိုရင် ဘယ်လောက်ပဲခန့်ညားချောမောတဲ့အမျိုးသားဖြစ်ပါစေ၊ သူတို့က တော်ရုံဒိတ်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ တကယ်လို့ လှပတဲ့မိန်းကလေးတွေက ရူပါလန်းတဲ့ယောက်ျားလေးတစ်ယောက်နဲ့ ဒိတ်လုပ်နေသည့်တိုင် သူတို့အတွက် အင်မတန်ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ကို ရသွားမယ်ဆိုရင် အဲ့ဒီအမျိုးသားနဲ့ ဒိတ်လုပ်နေတာကိုတောင် ရပ်တန့်လိုက်နိုင်တဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ်။
#HM
#LifestyleMyanmar
Source: magforwomen
Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။