
သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆိုးတိုင်ပင်ကောင်းတိုင်ပင်ရှိတတ်ကြပါတယ်။ ကောင်းစေချင်လို့ပြောတာလား၊ စေတနာမပါတာလားဆိုတာ လူတိုင်းစဉ်းစားတတ်ကြပါတယ်။ စေတနာနဲ့ပြောပေမယ့်တစ်ဖက်လူကနာကျင်သွားရတာမျိုးမဖြစ်အောင်လဲ သတိထားဆင်ခြင်သင့်ပါတယ်။ ဒါကြောင့်အခုပြောပြချင်တာကတော့ Single သူငယ်ချင်းကို ဘယ်တော့မှာ မပြောသင့်တဲ့ စကားတွေပဲဖြစ်ပါတယ်။
၁။ စိတ်ပျက်အားငယ်ချိန် "အရမ်းတော်တယ်လို့" ချီးကျူးတာမျိုးမလုပ်ပါနဲ့။
ကိုယ်က သူရဲ့ကောင်းကွက်ကိုမြင်လို့ပြောလိုက်ပြီး စိတ်ဓာတ်ကိုမြှင့်တင်ပေးလို့ ရပါတယ်။ ဒါပေမယ့် တကယ်ပဲစိတ်ပျက်ပြီးဝမ်းနည်းအားငယ်နေတဲ့ Single သူငယ်ချင်းကို သင့်ကအရမ်းတော်တဲ့သူလို့ သွားပြီးပြောတာကတော့သူ့ကို စော်ကားတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အခြေအနေနဲ့ အချိန်အခါကို ရွေးပြီးပြောတာသင့်ပါတယ်။
၂။ စိတ်မပူနဲ့ "မင်းမှာအချိန်ရှိပါသေးတယ်"
ဒီစကားကတော့ လုံးဝကိုမပြောသင့်တဲ့စကားပါ။ ဘာကြောင့်လဲဆိုတော့ စိတ်မပူနဲ့ မင်းမှာအချိန်ရှိပါသေးတယ်လို့ပြောတာက မင်းမှာချစ်သူရှာဖို့အချိန်ရှိသေးတယ် ရှာပါလို့ ပြောနေတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ single သူငယ်ချင်းကို စိတ်ဖိစီးမှုတွေ မဖြစ်စေချင်ဘူးဆိုရင် ဒီလိုစကားမျိုးလုံးဝမပြောသင့်ပါဘူး။
၃။ ပြဿနာက နင့်မှာချစ်သူမရှိတာပဲ
ဒီစကားကလည်းမပြောသင့်ပါဘူး။ သူမှာ အခက်အခဲရှိလို့ အကူအညီတောင်းပေးမယ့် မကူညီနိုင်ဘူးဆိုရင်တော့လုံးဝကိုငြင်းလိုက်ပါ။ ငြင်းလဲငြင်းသေးတယ် မကူညီတဲ့အပြင် စိတ်ညစ်အောင်လဲလျှောက်ပြောမယ်ဆိုရင် ဒါကတစ်ဖက်သားကိုနှိမ်တာဖြစ်ပါတယ်။ သူ့ဘဝမှာ သူ့ဘာသာအေးဆေးနေချင်လို့ ချစ်သူမရှာတာပါ။ အကူအညီလိုတိုင်းချစ်သူရှာရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ချစ်သူမရှိတဲ့သူတောင်ရှိတော့မှာမဟုတ်ပါဘူး။
၄။ ငါ့လက်ချောင်းက လက်စွပ်က မလှဘူးလား။
ဒါက တမင်သက်သက်ကြွားတာပါ။ Single သူငယ်ချင်းကို ငါ့ဆီမှာ ဒါရှိတယ်။ နင့်ဆီမှာကော ရှိလားဆိုပြီး မေးချင်တဲ့သဘောသက်ရောက်ပါတယ်။ ဒါကြောင့် မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုရင် ကိုယ့်သူငယ်ချင်းကို ဒီလိုမျိုးမလုပ်ပါနဲ့။ ဒါကအပြောအဆိုတင်မဟုတ်ပါဘူး အပြုအမူကပါ စော်ကားတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် Single သူငယ်ချင်းကို လုံးဝမလုပ်သင့်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။