လူအများစုက soulmate ဆိုတဲ့ အဓိပ္ပာယ်ကို မကြာခဏ လွဲမှားမှုတွေရှိပါတယ်။ ဒီအဓိပ္ပာယ်က သင်တို့ အတူတူနေရဖို့ ရေစက်ကံပါလာတယ်လို့ ဆိုလိုတာလား? တစ်ဦးကို တစ်ဦး ယူဆောင်လာပေးတဲ့ ကံကြမ္မာလား? သင့်ရဲ့အချစ်က ထာဝရတည်မြဲပြီး ရိုမီယိုနဲ့ ဂျူးလီးယက်လို သမိုင်းမှာ တည်ရှိနေမှာလား? ဒါဆိုရင် ဘာက သင့်ဘဝလက်တွဲဖော် (life partner)ကို ဖြစ်စေသလဲ? သင့်ဘဝလက်တွဲဖော်က သင့်ရဲ့ ရင်ဘတ်ချင်းနီးသူလည်း ဖြစ်နိုင်သလား?
soulmate ဆိုတာ သင့်စိတ်နဲ့ တစ်သားတည်းကိုက်ညီတဲ့ သူမျိုးပြီး သင့်စိတ်ကို တစ်နည်းနည်းနဲ့ လွှမ်းမိုးနိုင် ၊ ပြောင်းလဲနိုင်တဲ့သူမျိုး ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးသွားရင်တော့ အများအားဖြင့် ကွဲသွားတတ်ကြပါတယ်။
life partner ဆိုတာ သင်မှီခိုအားထားနိုင်ပြီး လုံခြုံစိတ်ချရသော သူငယ်ချင်းတစ်ယောက် (သို့) အဖော်တစ်ယောက် ဖြစ်ပါတယ်။ သင့်ဘဝတစ်လျှောက်လုံး သူတို့ကို ယုံကြည်စိတ်ချလို့ ရနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနှင့် လေးစားမှု ခံစားရခြင်းက နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးသက်ရောက်ပါတယ်။
soulmate နဲ့ life partner တွေအကြား အဓိက မတူညီမှုကို ဘယ်လိုဖော်ပြသလဲ?
၁။ soulmate တွေမှာ စိတ်ချင်းဆက်သွယ်မှု နက်ရှိုင်းပါတယ်
soulmate တွေဟာ အချိန်အကြာကြီး သိခဲ့ဖူးသလို ခံစားရစေပါတယ်။ တွေ့တဲ့အချိန် သိပ်မကြာသေးရင်တောင် ၊ ရည်းစားဖြစ်တာ သိပ်မကြာသေးရင်တောင် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ရင်းနှီးပြီးသား ခံစားမှုမျိုးကို ဖြစ်စေပါလိမ့်မယ်။ သင်တို့ရဲ့ ဆက်သွယ်မှုက သဘာဝအရ စိတ်ချင်းဆက်နွယ်ပြီး အရမ်းနက်ရှိုင်းပါတယ်။ ဘဝမိတ်ဖက်အနေဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆွဲဆောင်ပြီး တစ်ယောက်ရဲ့တန်ဖိုးထားမှုတွေကို တစ်ယောက်က အပြည့်အဝ နားလည်တန်ဖိုးထားပေးနိုင်ပါတယ်။
၂။ Soulmate တွေက မကြာခဏဆိုသလို လက်ရှိအခြေအနေကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားရတဲ့အချိန်တွေရှိပါတယ်
လက်ရှိအခြေအနေကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားချက်မျိုးက ဘဝလက်တွဲဖော်ဆက်ဆံရေးမှာ တွေ့ကြုံရသော်လည်း soulmate တွေမှာ အများဆုံးကြုံရနိုင်ပါတယ်။
၃။ Soulmate တွေက သူတို့ပါတနာရဲ့ စိတ်ထဲကို ဝင်ရောက်နိုင်ပြီး သူတို့ဘာတွေတွေးနေသလဲဆိုတာကို နားလည်နိုင်ပါတယ်
Soulmate တွေဟာ တစ်ယောက်နဲ့ တစ်ယောက် psychic ဆက်နွယ်မှု ရှိပါတယ်။ တစ်ခါတစ်ရံမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ တွေးခေါ်ပုံတွေက ထပ်တူကျနေမှာမျိုးဖြစ်ပါတယ်။ Life partner တွေက တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ဖတ်နိုင်တာနည်းပြီး အကောင်းဆုံးသူငယ်ချင်းတွေထက် အနည်းငယ်သာပိုပါတယ်။
၄။ soulmate တွေဟာ သူတို့ရဲ့အချစ်ရေး ထာဝရတည်မြဲမှာ မဟုတ်ကြောင်း၊ အရမ်းမကြာရှည်ကြောင်း နားလည်သဘောပေါက်ကြပါတယ်
ဒီအရာက soulmate တွေနဲ့ ပတ်သတ်လာတဲ့အခါ လူတွေကြုံရလေ့ရှိတဲ့ ကြီးမားသော အထင်လွဲမှားမှု ဖြစ်နိုင်ပါတယ်။ လူအများစုရဲ့ ယုံကြည်မှုနဲ့ ဆနန့်ကျင်ပြီး soulmate တွေရဲ့ အချစ်ရေးဟာ ထာဝရတည်မြဲမှာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ သူတို့ဟာ အချစ်ရေးကို သိပ်ကြာကြာ မထိန်းသိမ်းနိုင်ပါဘူး။ သို့သော် အချစ်တွေက ရှိနေတယ်။ သူတို့ထာဝရမြဲမှာ မဟုတ်ပေမယ့် အဆင်ပြေနေတယ်ဆိုတာ သိနေဆဲပါ။ (life partner) ဘဝလက်တွဲဖော်တွေကတော့ မိသားစုတစ်ခု ထူထောင်ခြင်း(သို့)လက်ထပ်ခြင်းဖြင့် သူတို့ရဲ့ အချစ်ရေးကို ပိုမိုခိုင်မာစေလိုကြပါတယ်။
ကျွန်တော်တို့ ဘဝတွေမှာ တစ်ခါတစ်ရံ soulmate တစ်ယောက်ရှိဖို့လိုအပ်နေပြီး တစ်ခါတစ်ရံမှာ life partner တစ်ယောက်ရှိဖို့ လိုအပ်ပါတယ်။ သင်ရော ဘယ်အရာလိုအပ်တယ်လို့ ခံစားရသလဲ? ရွေးချယ်မှုက သင့်အပေါ် လုံးဝမူတည်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-yourtango
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။