သရအက္ခရာနဲ့ စရိုက်သဘာဝဟောကိန်း
lotaya.mpt.com.mm
|
2020-07-29

ဒီတွက်နည်းလေးက အနောက်တိုင်းဂဏန်းဗေဒင်ပညာကနေ ဆင်းသက်လာတဲ့အတွက် ကိုယ့်ရဲ့ အင်္ဂလိပ်လို နာမည်နဲ့ တွက်စစ်ရပါမယ်။ ဂဏန်းဗေဒင်မှာ A, E, I, O, U အပြင် Y ကိုလည်း သရအက္ခရာအဖြစ် ထည့်သွင်း စဉ်းစား တွက်ချက်ပါတယ်။ ကဲ .. ဥပမာတစ်ခုလောက် တွက်ကြည့်ရအောင်…

နာမည်က Yati Lin Latt (ရတီလင်းလက်) ဆိုပါစို့ ၊ နာမည်အစစာလုံးဖြစ်တဲ့ Yati မှာ “A” သရအက္ခရာ စတင် ပါဝင်နေတာ တွေ့ရပါတယ်။ ဒါဆို “A” နဲ့ ပတ်သက်တဲ့ အဟောကို ဖတ်ရှုနိုင်ပါပြီ။

A - လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲသူတွေ ဖြစ်တယ်။ တစ်ခုခုဆို ရှေ့တန်းကနေ ထွက်တိုက်သူတွေ ဖြစ်ပြီး ယုံကြည်ရာ အတွက် ရင်ဆိုင်ဖို့ နောက်မဆုတ်သူတွေလည်း ဖြစ်တယ်။ တခါတလေ ခေါင်းမာပြီး အနိုင်ယူလိုသူတွေအဖြစ် ပြောင်းသွားတတ်တယ်။ နှေးတိနှေးကွေး လုပ်တာတွေ မကြိုက်တတ်လို့ တစ်ကိုယ်တော်ပဲ လုပ်လေ့ရှိတယ်။

E - သိပ်ဂဏှာမငြိမ်ဘဲ ဟိုပြောင်းဒီရွှေ့ လုပ်ချင်သူတွေ ဖြစ်တယ်။ အပြောင်းအလဲ မြန်သလို စိတ်ရောကိုယ်ပါ မနားမနေ လှုပ်ရှားနေတတ်တယ်။ ဘာတွေ စိတ်ဝင်စားစရာ ရှိမလဲလို့ အပြင်လောကကို အမြဲ ကြည့်တတ်ပြီး အပေါင်းအသင်းတွေနဲ့ ခပ်ပျော်ပျော်နေတတ်တယ်။ သင်လွယ်တတ်လွယ်တဲ့ စွမ်းရည်မျိုး ရှိတယ်။

I - ဆုံးဖြတ်ချက် ခိုင်မာပြီး စိတ်ပါဝင်စားရာကို ဇွဲသန်သန်နဲ့ လေ့လာလုပ်ကိုင်တတ်တယ်။ ကိုယ်ချင်းစာတရား ပြည့်ဝသူတွေ ဖြစ်ပြီး သူတပါးအကျိုးကိုလည်း ဆောင်ရွက်ချင်စိတ် ရှိတယ်။ အများအတွက် အကျိုးရှိမယ်ဆို ပို ရုန်းကန်ကြိုးစားဖို့ ဝန်မလေးသူ ဖြစ်တယ်။ တခါတရံမှာတော့ ဘာမှ လုပ်ချင်စိတ်မရှိဘဲ လေသွားတတ်တယ်။

O - စာနာစိတ်ထားနဲ့ တာဝန်ယူနိုင်စွမ်းရှိတယ်။ တစ်ယောက်တည်း မနေတတ်ဘဲ အများနဲ့ ရောရောနှောနှော ပူးတွဲလုပ်ကိုင်တတ်တယ်။ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်အတွက် အဖိုးတန်လူကောင်းတစ်ယောက် ဖြစ်တယ်။ ချစ်ခင်ရသူတွေကို အမြဲကြည့်ရှုစောင့်ရှောက်တတ်တယ်။ အားလုံးကို စည်းလုံးညီညွတ်စေသူ ဖြစ်တယ်။

U - ဘဝမှာ ပျော်ပျော်နေ သေခဲ လူစားမျိုး ဖြစ်တယ်။ ဘဝကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ပြီး မကြာခဏ ကံလည်း ကောင်းတတ်တယ်။ ဖြစ်လာသမျှ အဆိုးတွေကို ခဏလေးနဲ့ ပြန်မေ့ပစ်တတ်ပြီး စိတ်ထဲ အခဲမကျေ ဖြစ်တာမျိုး မထားတတ်ဘူး။ ခရီးသွားရတာ သဘောကျပြီး ကိုယ့်ပျော်ရွှင်မှုကို သူတပါးဆီ ကူးစက်နိုင်တယ်။

Y - စူးစမ်းမှု အားကောင်းပြီး သူတပါးရဲ့ အတွေးအမြင်ကိုပါ မှန်းဆနိုင်စွမ်း ရှိတယ်။ ဝါသနာပါရာ လုပ်နေရရင် အချိန်ကုန်လု့ိ ကုန်မှန်း မသိသူ ဖြစ်တယ်။ တခါတလေ သူများတွေအမြင်မှာ ကိုယ်က လူထူးလူဆန်းလို ဖြစ်ပြီး နားလည်ရခက်လိမ့်မယ်။ လေ့လာမှု လွန်ကဲပြီး မဆုံးဖြတ်နိုင် ဖြစ်တတ်တယ်။ ခဏခဏ စိတ်ရှုပ်တတ်တယ်။

ဖော်ပြထားတဲ့ အင်္ဂလိပ်သရအက္ခရာ သဘာဝတွေဟာ နာမည်ရဲ့ ပထမဆုံးစာလုံးတွဲမှာပဲ အကျိုးသက်ရောက်မှု ရှိတယ် ဆိုပေမယ့် ကိုယ့်နာမည်မှာ ဘယ်သရအက္ခရာက တစ်ကြိမ်ထက်မက ပါနေသလဲဆိုတာ ကြည့်ပြီးတော့ ဒီအဟောတွေကို ထည့်သွင်းစဉ်းစားသွားနိုင်ပါတယ်။ ဥပမာ ခုနက ဥပမာပေးနာမည် Yati Lin Latt မှာ “A” နဲ့ “I” နှစ်ကြိမ် ပါဝင်နေတဲ့အတွက် အဲဒီသရတွေရဲ့ လွှမ်းမိုးမှု ပိုများမယ်လို့ ဆိုနိုင်ပါကြောင်း…။

ဂဏန်းဗေဒင်သုတ တိုးပွား ရရှိကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..