LDRS တွေသာ ရရှိနိုင်မယ့် ခံစားချက်များ
trend.com.mm
|
2020-07-29

သိပ်ချစ်ကြတဲ့ ချစ်သူတွေအနေဝေးနေခြင်းဟာ တကယ်တော့ အရမ်းကို ခံစားရခက်ပါတယ်။အဲ့ဒီလို ခံစားရပေမယ့်လဲ အနေဝေးနေတဲ့အတွက် ခံစားရမယ့် ကောင်းကျိုးလေးတွေလဲ ရှိပါတယ်နော်။



(၁) သင်နေရာအသစ်တွေ လည်ပတ်နိုင်ပါတယ်
သင်နဲ့သင့်ချစ်သူဟာတစ်မြို့ထဲ တစ်နိုင်ငံထဲတူတူနေထိုင်သူတွေမဟုတ်ခဲ့ရင်သင်ဟာသင့်ချစ်သူကို တွေ့နိုင်ဖို့ ပတ်ဝန်းကျင်အသစ်နေရာအသစ်ကို ခရီးသွားနိုင်ပါတယ်။ သင့်ချစ်သူကိုဘေးမှာ ထားရင်း ပတ်ဝန်းကျင်အသစ်ကို ထိတွေ့နိုင်ပါတယ်။

(၂) အနေဝေးနေတဲ့ချစ်သူတွေဟာတခြားချစ်သူတွေ ထက်ပိုကောင်းမွန်တဲ့စိတ်ခံစားချက် ကိုရနိုင်ပါတယ်

အနေဝေးနေတဲ့ ချစ်သူတွေဟာ တခြားချစ်သူတွေထက် ဖုန်းပြောတာ၊ စာပို့တာ၊ Video Chattingလုပ်ရင်း ပိုစကားပြောဖို့အခွင့်အရေးရှိပါတယ်။ ဟာသလေးတွေ ပြောရင်းတနေကုန်ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အလွမ်းသယ်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ဖုန်းထဲကနေ ကိုယ့်ချစ်သူပျော်နေတာ၊ ဝမ်းနည်းနေတာတွေကို တူတူခံစားပေးရတဲ့စိတ်ခံစားချက်ဟာ အနေဝေးနေချိန်မှာ တကယ်ကိုခံစားရခက်ပါတယ်။ အရမ်းကိုကြိုးစားပြီး စိတ်ချင်းနီးစေရတဲ့အတွက် တခြားချစ်သူတွေထက် ပိုကောင်းမွန်တဲ့စိတ်ခံစားချက်ကို ရနိုင်ပါတယ်။

(၃) အနေဝေးနေတဲ့ ချစ်သူတွေဟာ တခြားချစ်သူတွေထက် အတူတူရှိချိန်တွေကို ပိုတန်ဖိုးထားကြပါတယ်

အနေဝေးနေတဲ့ ချစ်သူတွေဟာ တခြားချစ်သူတွေလို တွေ့ချင်တဲ့အချိန်မှာတွေ့ရဖို့မလွယ်ပါဖူး။ဒါကြောင့်တွေ့ရတဲ့ အချိန်ခဏလေးကလည်း သိပ်ကိုတန်ဖိုးရှိလှပါတယ်။သင်တို့တွေ့ရချိန် ခဏလေးက ပြုလုပ်မိတဲ့ကိစ္စတိုင်းဟာ အမှတ်တရပါပဲ။

(၄) အနေဝေးနေတဲ့ချစ်သူတွေဟာ တခြားချစ်သူတွေထက် တစ်ဦးနှင့်တစ်ဦးဘယ်လို ကောင်းမွန်စွာဆက်ဆံရမယ်ဆိုတာ သဘောပေါက်လာပါတယ်။

သင်သိပါသလား? ချစ်သူတွေအနေဝေးနေချိန်မှာ Onlineကနေ ရန်ဖြစ်ရတာဟာ ခံစားရအခက်ဆုံးပါ။ စိတ်ဆိုးနေချိန်မှာ စကားကြမ်းတွေလွယ်လွယ်ပြောလို့ ရပေမဲ့ တဖက်သူရဲ့ရင်ထဲကို ချက်ချင်းမမြင်နိုင်တာဟာ အရမ်းကိုဆိုးပါတယ်။ နားလည်မှုတွေလွဲစေပါတယ်။ ပြောချင်တဲ့စကားတွေဟာ မထိရောက်ပါဘူး။ ဒါကြောင့် အနေဝေးနေတဲ့ချစ်သူတွေဟာ တခြားချစ်သူတွေထက် တစ်ဦးနှင့်တစ်ဦး ဘယ်လိုကောင်းမွန်စွာ ဆက်ဆံရမယ်ဆိုတာ သဘောပေါက်လာပါတယ်။

(၅) အနေဝေးနေတဲ့ချစ်သူတွေဟာ ချစ်သူကိုပိုယုံကြည်ကြပါတယ်။

ဒါဟာချစ်သူတိုင်းမှာ ရှိသင့်ပါတယ်။ အနေဝေးနေတဲ့ချစ်သူတွေဟာတော့ပိုရှိသင့်ပါတယ်။ သင်တို့ဝေးနေချိန်မှာယုံကြည်မှုမတည်ဆောက်နိုင်ရင် သင်တို့ဝေးနေရခြင်းဟာ အဓိပ္ပါယ်မရှိတော့ပါဘူး။ သင်တို့ဝေးနေချိန်မှာယုံကြည်မှုထားဖို့ ဆိုတာခက်ခဲပါတယ်။

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပေးပါ။ချစ်သူတွေတိုင်း ပြသာနာတွေရှိကြပါတယ်။ ဝေးနေရချိန်တွေမှာတော့ ဒါတွေကပိုကြီးလာနိုင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်ဖို့ ယုံကြည်ပါ၊ သစ္စာရှိပါ၊ အချစ်ပိုပေးပါ ၊ အမှားကိုဝန်ခံပါ။




Ref;LDRS




Some text some message..