သင့်ကို မယုံနိုင်စရာကောင်းလောက်အောင် ရဲရင့်သူတစ်ဦးဖြစ်စေမယ့် နည်းလမ်း (၇) ချက်
lifestylemyanmar.com
|
2020-08-01



ရဲရင့်ခြင်းကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် အခက်အခဲတွေ၊ အကြောက်တရားတွေနှင့် အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ (သို့) ကိုယ်ကျင့်တရားဆိုင်ရာ သန်မာအားကောင်းမှုတွေကို ပိုင်ဆိုင်ထားခြင်း (သို့) ပြသနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်မတို့နေထိုင်ချင်တဲ့ ဘဝပုံစံမျိုးစဉ်းစားကြတဲ့အခါ ကျွန်မတို့အားလုံးက ကျွန်မတို့ရဲ့ ကြောက်စိတ်တွေနှင့် စိန်ခေါ်မှုတွေကို ရဲရဲရင့်ရင့်ရင့် ရင်ဆိုင်တတ်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးမှာ ဖန်တီးချင်တဲ့ အရာတွေ၊ ကျွန်မတို့တွေ့ချင်တဲ့လူတွေ၊ သွားချင်တဲ့နေရာတွေနှင့် ကျွန်မတို့လိုချင်တဲ့ ပိုင်ဆိုင်မှုတွေဆိုတာ စိတ်ကူးထဲမှာ အစီအရီရှိကြပြန်ပါတယ်။ အဲဒီ့အရာတေကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်မတို့မှာ ရဲရင့်မှုတွေလိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ သင့်ကို မယုံနိုင်လောက်အောင် ရဲရင့်သူတစ်ယောက်ဖြစ်စေနိုင်မယ့် နည်းလမ်း (၇) ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ကိုယ်တိုင်နဲ့ ဘဝအကြောင်း ပိုသိနားလည်အောင် သင်ယူပါ

သင့်အနေနဲ့ ဒီ blog တွေကို ဖတ်နေတယ်ဆိုရင် သင်ဟာ မယုံနိုင်လောက်အောင် ရဲရင့်သူတစ်ယောက်ဖြစ်ပါတယ်။ သင်က သင့်ဘဝရဲ့ အတွေ့အကြုံတွေတိုးတက်ကောင်းမွန်လာစေဖို့နှင့် စိတ်အတွင်းပိုင်းက ရောဂါအသေးစားလေးတွေကို ကုသနိုင်ဖို့ သင့်အချိန်တွေကို ကောင်းကောင်းသုံးတတ်သူတစ်ယောက်မို့ပါ။




၂။ သင့်ရဲ့ အတွေးအခေါ်တွေနှင့် ခံစားချက်တွေကို တခြားသူတွေနဲ့ မျှဝေပါ

သင့်ရဲ့ အမြင်တွေ ဒါမှမဟုတ် စစ်မှန်တဲ့ ခံစားချက်တွေကို သူငယ်ချင်းတစ်ယောက် (သို့) သူစိမ်းတစ်ယောက်ယောက်နဲ့ မျှဝေနေတယ်ဆိုရင် ရဲရင့်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ စိတ်ထဲမှာရှိတဲ့အရာတွေ ဒါမှမဟုတ် သင့်ရဲ့ အတွေးထဲက အရာတစ်ခုခုကို မျှဝေဖို့ လုံလောက်သော အားနည်းချက်ရှိခြင်းက သတ္တိရှိခြင်းပါပဲ။

၃။ ကူညီသူတစ်ယောက် (သို့) ကူညီခံရသူတစ်ယောက်အဖြစ် လက်ခံခြင်း

ဘယ်လိုအဆင့်မျိုး၊ အခြေအနေမျိုးပဲဖြစ်နေပါစေ ကူညီတတ်သူတစ်ယောက် (သို့) ကူညီခံရသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်ဟာ incredibly brave person တစ်ယောက်ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ခံစားနေရဖို့ လိုအပ်ပါတယ်။ အကူအညီတောင်းခံခြင်းဆိုတာ တစ်ချို့လူတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပြီး လက်ခံသူတွေအတွက်သာမက ပေးကမ်းသူတွေအအတွက်ပါ ပြောင်းလဲစေနိုင်ပါတယ်။




၄။ သင်ဟာ နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ်

သင်ဟာ ဘယ်သူ့အပေါ်မှာမဆို သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြနိုင်တယ်ဆိုရင် သင်ဟာ အမှန်တကယ်စစ်မှန်သော ရဲရင့်သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို နားလည်သွားတဲ့အခါ ကမ္ဘာကြီးဟာ ပိုလှပလာပြီး ကျွန်မတို့ကို ပိုအဓိပ္ပာယ်ရှိစေပါတယ်။ ဒါ့ကြောင့် ရဲရင့်သူတစ်ယောက်ဖြစ်ဖို့ ချစ်ခြင်းမေတ္တာကို ပိုနားလည်အောင် ကြိုးစားကြည့်ပါ။

၅။ ခွင့်လွှတ်ပါ

သင်ဟာ ခွင့်လွှတ်ခြင်းဆိုတဲ့ နေရာကို ရပြီဆိုရင် သတ္တိရှိသူတစ်ယောက်ပါပဲ။ ခွင့်လွှတ်ခြင်းဆိုတာ အတိတ်ကို ပြန်လွှတ်ချပေးလိုက်ခြင်းလိုမျိုး မရိုးရှင်းပါဘူး။ ဒီအရာက သင့်အနေနဲ့ သင်ပြုလုပ်ခဲ့ပြီးသမျှ အရာအားလုံးကို ချစ်ခြင်းမေတ္တာနှင့် လက်ခံခြင်းတွေကို ပိုရရှိဖို့အတွက် ပွင့်လင်းသော သဘောထားကို ဖန်တီးနိုင်ခြင်းကို ဆိုလိုပါတယ်။




၆။ ”no” လို့ ပြောဖို့ လုံလောက်သောသတ္တိရှိခြင်း

သင်ချစ်မြတ်နိုးရသူတွေနဲ့ ရုန်းကုန်နေရတယ်ဆိုရင် သင့်အနေနဲ့ သူတို့ကို ”no” လို့ ပြောဖို့ အင်မတန်ခဲယဉ်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ သိစိတ်က သင့်ချစ်ရသူတွေကို အမြဲတမ်း ”Yes”လို့ပဲ ပြောရမယ်လို့ နားလည်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မှာသာ ”no” လို့ ပြောဖို့ လုံလောက်တဲ့ သတ္တိရှိမယ်ဆိုရင် သင်ဟာ အံ့ဩဖို့ကောင်းလောက်အောင် ရဲရင့်သူတစ်ယောက်ပါ။

၇။ သင့်ရဲ့တစ်နေ့တာကို ဖြစ်နိုင်ချေများနှင့် ရင်ဆိုင်ခြင်း (၎င်းက ခပ်ရေးရေး မှုန်ဝါးဝါးမျှသာ ဖြစ်နေမယ်ဆိုရင်တောင်)

သင်မနက်ခင်း အိပ်ရာထလာတဲ့အခါ ခက်ခဲတဲ့အရာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ဘယ်အရာမှ ထူးဆန်းမနေသလို ရှင်သန်နိုင်မယ်ဆိုရင် သင်ဟာ ရဲရင့်သူတစ်ယောက်ပါ။ လုပ်ဆောင်မှုတစ်ခုချင်းစီမှာ သင်ဟာ ကမ္ဘာကြီးဆီကို သင်ခန်းစာတစ်ခုကို ပေးပို့နေပါတယ်။ ဆိုလိုတာက သင်ဟာ ဒီနေရာမှာ ရပ်တည်ရှင်သန်နေဆဲ ပြီးတော့ အလုပ်တွေလုပ်နေဆဲလို့ ဆိုလိုပါတယ်။ သင်ဟာ အရာအားလုံးရဲ့ အဖြေတွေကိုတော့ ကြိုမသိနိုင်ဘူး။ ဒါပေမယ့် ဒီနေရာမှာ ရှိနေဆဲ၊ ဖြစ်ပျက်လာသမျှအရာအာလုံးကို ရင်ဆိုင်ဖို့အဆင်သင့်ပါပဲ။

အထက်မှာ မျှဝေပေးခဲ့တဲ့ အချက် (၇) ချက်ဟာ မယုံနိုင်လောက်အောင် သတ္တိရှိသူတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သို့ပေမယ့် စာဖတ်သူတို့ကို သတ္တိရှိသူတစ်ယောက်အဖြစ် သေချာစေတဲ့ လက္ခဏာတွေရှိရင် မျှဝေခဲ့ပါဦး။

Lifestyle_Myanmar
Nyein_Thu


Ref-purposefairy




Some text some message..