ကန်ရာသီဖွားတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ
lifestylemyanmar.com
|
2020-08-04



ကန်ရာသီခွင်အောက်မှာ မွေးဖွားသူတွေဟာ ရှုပ်ထွေးသော ကိုယ်ရည်ကိုယ်သွေးစရိုက်များနှင့် ထူးခြားသော လက္ခဏာများရှိပါတယ်။ဒီရာသီခွင်တွေဟာ ပေးကမ်းခြင်းသဘောသဘာဝရှိပြီး အချစ်ကြီးတယ်လို့ အများသိကြပါတယ်။

သြဂုတ်လ ၂၃ရက်မှ စက်တင်ဘာ ၂၂ရက်အကြားမွေးဖွားတဲ့ ကန်ရာသီဖွားတွေဟာ စည်းကမ်းလိုက်နာသော အပြုအမှုနှင့် စရိုက်တွေ မွေးမြူခြင်းကြောင့် လူသိများပါတယ်။ ရာသီခွင်ထဲမှာ ခြောက်ခုမြောက်ဖြစ်တဲ့ ကန်ရာသီဟာ အပျိုစင်သင်္ကတဖြစ်ပြီး ရာသီခွင်သင်္ကေတအားလုံးရဲ့ အသန့်စင်ဆုံးအဖြစ် ရှု့မြင်ကြပါတယ်။

ကန်ရာသီတွေဟာ သူတို့ကိုယ်သူတို့ မြင့်မားသော စံနှုန်းတွေရှိကြပြီး သူတို့ရဲ့ ရည်မှန်းချက်က လုပ်သမျှအရာအားလုံးမှာ ပြီးပြည့်စုံဖို့ ဖြစ်ပါတယ်။ ဒါက မဖြစ်နိုင်ကြောင်း သူတို့မြင်သွားတဲ့အခါ စိတ်ပျက်သွားတတ်ကြပါတယ်။

သူတို့ဟာ လူတွေကို ကူညီပံ့ပိုးပေးတတ်ကြပြီး သူတို့နဲ့ သိပ်မရင်းနှီးတဲ့သူတွေကိုတောင် ကူညီပံ့ပိုးတတ်ကြပါတယ်။ ကန်ရာသီဖွားတွေမှာ အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာများစွာရှိပါတယ်။ သို့သော် တစ်ခါတရံမှာ သူတို့ဟာ အရမ်းဝေးလွန်းတဲ့အရာကို မှန်းလေ့ရှိတတ်ကြတာကြောင့် ဒီလက္ခဏာတွေက အပျက်သဘောဖြစ်စေနိုင်ပါတယ်။ ကန်ရာသီတွေရဲ့ အပျက်သဘောဆောင်သော အချို့သဘောထားတွေက အခြေအနေတွေကို အလွန်အမင်း ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဝေဖန်တတ်သော မျက်လုံးတွေက တစ်ခါတစ်ရံ စိတ်တိုခြင်းနှင့် သူတို့ရဲ့ စိတ်ပျက်လွယ်ခြင်းနောက်ကွယ်က အကြောင်းရင်းဖြစ်ပါတယ်။ ကန်ရာသီဖွားတွေဟာ ဘာကိုမှ ဖြတ်လမ်း မလိုက်တတ်ကြပါဘူး။ သူတို့ရဲ့ ကျိုးနွံမှုနှင့် နှိပ်ချမှုက လူတွေကို ဆွဲဆောင်ထားစေနိုင်ပါတယ်။




အပြုသဘောဆောင်သော ကန်ရာသီဖွားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်များ

၁။ ဆင်ခြင်တုံတရားရှိကြပါတယ်

ကန်ရာသီဖွားတစ်ယောက်ဟာ ဆုံးဖြတ်ချက်မချခင်မှာ စဉ်းစားဆင်ခြင်နိုင်သလောက် စဉ်းစားတတ်ကြပါတယ်။ သူတို့က ရှုပ်ထွေးတာကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် ပြဿနာကို မဖြေရှင်းခင်မှာ နှစ်ဘက်စလုံးကို ကြည့်တတ်ကြပါတယ်။

၂။ အလုပ်ကြိုးစားတတ်ကြပါတယ်

ကန်ရာသီဖွားတွေဟာ စီးပွားရေးမှာ ညံ့တဲ့ကာလတွေ ရှိချင်ရှိနိုင်ပေမယ့် ထွန်းပေါက်ရင် ဘယ်သူမှ လိုက်မမှီတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အလုပ်ကြိုးစားကြပြီး အလုပ်မှာ ထမင်းမေ့၊ ဟင်းမေ့ စိတ်နှစ်ထားသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ အလုပ်တွေ အချိန်မီပြီးဖို့ နေ့မအိပ်ရတဲ့ ညတွေ မကြာခဏရှိတတ်ကြပါတယ်။ သူတို့ရဲ့အလုပ်ကြိုးစားမှုကို သတိမပြုမိဘဲ အများစုက ကန်ရာသီဖွားတစ်ယောက် ပိုင်ဆိုင်ထားသော စူးစိုက်နှစ်မြှုပ်ထားမှုကို အားကျကြပါတယ်။

၃။ အနုပညာအရည်အသွေး

ကန်ရာသီတစ်ယောက်ရဲ့ တီထွင်ဖန်တီးမှုက အမြဲစီးဆင်းနေပါတယ်။ သူတို့ဟာ အနုပညာကို သူတို့ရဲ့ပြဿနာတွေ လွတ်မြောက်မှုအဖြစ် အသုံးပြုပါတယ်။ သီချင်း၊ အက၊ သရုပ်ဆောင်နှင့် ပန်းချီဆွဲခြင်းကတဆင့် သူတို့ကိုယ်သူတို့ ဖော်ပြလိုကြပါတယ်။ ကန်ရာသီဖွားတစ်ယောက် ဘယ်လိုခံစားရလဲဆိုတာ သေချာမသိဘူးဆိုရင် သူတို့ရဲ့ အနုပညာလက်ရာကိုကြည့်ပါ။




၄။ မှတ်မိ သတိထားတတ်ကြပါတယ်

ကန်ရာသီဖွားတစ်ယောက်မှာ အံ့သြဖွယ် မှတ်ဉာဏ်ရှိပါတယ်။ လူအများစု မမှတ်မိနိုင်သော ငယ်စဉ်ကလေးဘဝက ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိတတ်ကြပြီး ဆွဲထုတ်နိုင်ကြပါတယ်။ သူတို့ဟာအမှတ်တရအဟောင်းတွေကို မပြတ်ယူဆောင်လာကြတာကြောင့် သူတို့လည်း စိတ်ချမ်းသာစေသလို အခြားသူတွေကိုလည်း ပြုံးစေပါတယ်။

၅။ သစ္စာရှိတတ်ကြပါတယ်

ကန်ရာသီဖွားတွေရဲ့ ထင်ရှားသော နိမိတ်လက္ခဏာတွေထဲက တစ်ခုက သစ္စာရှိမှုပဲဖြစ်ပါတယ်။ တစ်ယောက်ဆို တစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာချစ်တတ်ကြပါတယ်။ သူတို့နဲ့ ချစ်သူဖြစ်ရင် သင့်ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာမဟုတ်သလို သူတို့မျက်စိထဲမှာ သင်တစ်ယောက်တည်းသာ ရှိပါလိမ့်မယ်။ သင်က ခုန်လို့ရပါတယ်ပြောရင်တောင် သံသယမရှိဘဲ ဘယ်လောက်မြင့်လဲလို့ ပြန်ပြောပါလိမ့်မယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာက အဆုံးမရှိဖြစ်ပြီး သူတို့အမြဲတမ်း သစ္စာရှိပါလိမ့်မယ်။

၆။ ကြင်နာမှုရှိတတ်ကြပါတယ်

ကန်ရာသီဖွားတွေမှာ ချစ်ခြင်းမေတ္တာ၊ ထာဝရ တွယ်တာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘယ်သူနဲ့မဆို တည့်ပြီး လူတိုင်းကို အမြဲတမ်းကူညီဖို့ ကြိုးစားနေတတ်ကြတာကြောင့် သူတို့ရဲ့နှလုံးသားက ကြင်နာတတ်ပြီး ထောင်လွှားမှု မရှိကြပါဘူး။

၇။ စိတ်ရှည်တတ်ကြပါတယ်

ကန်ရာသီဖွားတွေက တခြားသူတွေနဲ့ဆိုရင် အရမ်းစိတ်ရှည်တတ်ကြပါတယ်။ သူတို့က လူတွေမှာ ကောင်းသောအရာတွေကို ရှာဖွေဖို့ အမြဲတမ်းကြိုးစားနေကြပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ သူတို့ဘဝမှာရှိတဲ့ သူတွေကို သံသယရဲ့အကျိုးတွေကို ပေးလေ့ရှိပါတယ်။

၈။ တာဝန်ယူမှုရှိတတ်ကြပါတယ်

ကန်ရာသီဖွားတစ်ယောက်ကို ညွန်ကြားချက်တွေ ပေးမယ်ဆိုရင် သူတို့ဟာ အသေးစိတ်အာရုံစိုက်ပြီး ညွှန်ကြားချက်တွေကို လိုက်နာပါလိမ့်မယ်။ သူတို့ဟာ အခြေအနေတွေအတွက် တာဝန်ရှိတယ်လို့ ခံစားရပြီး ဘယ်သူ့ကိုမှ စိတ်ပျက်အောင် မလုပ်ချင်ကြပါဘူး။ သူတို့ကိုညွှန်ကြားပေးတဲ့သူကိုပဲ လိုချင်ကြပါတယ်။

၉။ ယုံကြည်အားထားရသူတွေ ဖြစ်ပါတယ်

ကန်ရာသီဖွားအများစုက ယုံကြည်အားထားရသူတွေဖြစ်ဖို့ ကြိုးပမ်းတတ်ကြပါတယ်။ ဘာပဲဖြစ်နေနေ ကူညီပေးဖို့ သူတို့အမြဲတမ်းရှိနေကြောင်း လူတိုင်းကို သိစေချင်ကြပါတယ်။




၁၀။ ရိုးရိုးကုပ်ကုပ်နေတတ်ကြပါတယ်

ကန်ရာသီဖွားတွေဟာ ရိုးရိုးကုပ်ကုပ်နေလေ့ရှိပြီး သဘာဝအရ နှိမ့်ချမှု ရှိတတ်ကြပါတယ်။ သူတို့က ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးကို အမြဲတမ်းဦးစားပေးတတ်ကြပါတယ်။ သူတို့ဟာ အောင်မြင်မှုတွေကို ဂုဏ်ယူကြသော်လည်း မိမိကိုယ်ကို အထင်ကြီးတဲ့စိတ် ဘယ်တော့မှ မထားကြပါဘူး။

ကန်ရာသီဖွားတွေရဲ့ မကောင်းသော ကိုယ်ရည်ကိုယ်သွေးစရိုက်များ

၁။ ခေါင်းမာကြတာ

ကန်ရာသီဖွားတွေဟာ သူတို့လိုချင်တဲ့အရာတွေကိုသာ မြင်တတ်ကြပြီး သူတို့ကို ဘယ်သူမှပြောလို့ရနိုင်မှာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က ကန်ရာသီဖွားကို ပိုကောင်းမယ့် လမ်းညွှန်မှုနဲ့ လမ်းပြပေးဖို့ အကြံရှိနေရင်တောင် ကန်ရာသီဖွားတွေဟာ သူတို့စကားကို နားမထောင်ကြပါဘူး။ ကန်ရာသီဖွားတွေဟာ စိတ်မထင်ရင် မထင်သလို ကလန်ကဆန်လုပ်တတ်ကြပါတယ်။

၂။ စိတ်တထင့်ထင့် ဖြစ်တတ်ကြတာ


တစ်ခါတစ်ရံမှာ ကန်ရာသီဖွားတွေဟာ ဘယ်လို chill လုပ်ရမယ်ဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ သူတို့ဟာ အရမ်းအလုပ်များပြီး စိုးရိမ်လွယ်တတ်ကြပါတယ်။ ကန်ရာသီဖွားတွေရဲ့ သူငယ်ချင်းတွေဟာ သူတို့အား ဖြေလျော့ဖို့ သင်ယူရာမှာ အဓိကသော့ချက်ဖြစ်ပါ
တယ်။

၃။ အလွန်အကျွံ အရေးတယူရှိတတ်ကြတာ

ကန်ရာသီဖွားတွေဟာ လူတွေကို ကျေနပ်စေသူတွေ ဖြစ်ကြပါတယ်။ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ရတာကို နှစ်သက်ပါတယ်။ အဲဒါက ကိုယ့်စိတ်ရဲ့အနောက်ကို ကိုယ့်ကိုယ်ကို တွန်းပို့ပေးသလို ဖြစ်စေပါတယ်။ ကိုယ့်အတွက်ကိုယ် လုပ်ဖို့မေ့နေနိုင်ပါတယ်။

၄။ အလွယ်တကူ စိတ်ပျက်တတ်ကြတာ

ပြီးပြည့်စုံသောဝါဒီတွေဖြစ်လို့ ကန်ရာသီဖွားတွေဟာ တကယ်ကို ကြိုးစားကြပါတယ်။ သူတို့ခေါင်းထဲမှာ သူတို့အတွက်ပဲ သူတို့ရှိပြီး သူတို့ထားတဲ့ စံနမူနာထက် ဘာမှမဖြစ်ချင်ကြပါဘူး။ ပြီးပြည့်စုံခြင်းမရှိဘူးလို့ ခံစားမိလာတဲ့အခါ သူတို့ဟာ စီမံကိန်းကြီးတစ်ခုလုံးကို အမှိုက်ဖြစ်စေပါလိမ့်မယ်။

၅။ စားမြုံ့ပြန်တတ်တာ

ကန်ရာသီဖွားတွေဟာ အတွေးလွန်တာကို နှစ်သက်ကြပါတယ်။ သူတို့ဟာ အတိတ်က အမှားပြုခဲ့တဲ့အရာတွေကို အဆက်မပြတ်စဉ်းစားတတ်ကြပြီး အဆုံးမသတ်နိုင်အောင် သူတို့ကို အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။ သူတို့ကို ငြိမ်သက်စေတဲ့တစ်ခုတည်းသောအရာက အိပ်စက်ခြင်းဖြစ်ပါတယ်။ သို့သော် သိပ်ကြာကြာမခံပါဘူး။




၆။ အလွန်အမင်းလွတ်လပ်တာ

ကန်ရာသီဖွားတွေဟာ သူတို့တကယ် အကူအညီလိုအပ်နေရင်တောင် သူတို့ကိုယ်တိုင်လုပ်ရတာကို နှစ်သက်ပါတယ်။ သူတို့ဟာ သူတို့အကူအညီမတောင်းခင်မှာ သူတို့သိတဲ့နည်းအတိုင်း ကြိုးစားပါလိမ့်မယ်။ အကြောင်းက သူတို့ဟာ ကိုယ့်ကိုယ်ကို အရမ်းအားကိုးတတ်သူတွေဖြစ်ပြီး သူများတွေကို အနှောက်အယှက်မဖြစ်စေလိုတာကြောင့် ဖြစ်ပါတယ်။

၇။ အလွယ်တကူ စိတ်တိုတတ်တာ

ရည်ရွယ်ချက်မရှိပေမယ့် သူတို့ ဒါကို မထိန်းချုပ်နိုင်ပါဘူး။ အထူးသဖြင့် သူတို့ရဲ့ဇုန်ကို တစ်စုံတစ်ယောက်ကလာပြီး သူတို့ရဲ့ငြိမ်းချမ်းမှုကို ပျက်ပြားစေမယ်ဆိုရင် အလွယ်တကူ စိတ်တိုတတ်ကြပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ သူတို့ဟာ ဒေါသအနည်းငယ်နှင့်အတူ လက်တုံ့ပြန်ကြပါလိမ့်မယ်။

၈။ ဂျီးများတတ်တာ

ကန်ရာသီဖွားတွေဟာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေမှာ တိကျခြင်းကို နှစ်သက်ပြီး အမျိုးသား၊ အစားအစာတွေ၊ သူတို့ကြည့်ရှု့မယ့် တီဗွီဇာတ်လမ်းအမျိုးအစားတွေကိုတောင်မှ တိကျသော ပုံရိပ်ရှိပါတယ်။ သူတို့ရဲ့ ဇီဇာကြောင်မှုက ဘဝစီးဆင်းမှုနှင့်အတူ သူတို့ကို ခရီးမတွင်အောင် တားဆီးထားပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-yourtango




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။




Some text some message..