ပျော်ရွှင်ဖို့အတွက် မသေခင်လုပ်ကြည့်သွားသင့်တဲ့ ရူးကြောင်ကြောင် လုပ်ရပ် ၁၄ ခု
shweinnlay.com
|
2018-12-12



တချို့အရာတွေကအသက်တွေကြီး၊အိုမင်းရင့်ရေ်ာလာတော့မှ မလုပ်လိုက်ရလေခြင်းဆိုပြီး နောင်တရတတ်ကြတယ်။အဲ့တော့ ငယ်တုန်းရွယ်တုန်း ၊ လုပ်နိုင်ကိုင်နိုင်တုန်းအရွယ်မှာ ကိုယ်လုပ်ချင်တဲ့အရာ၊ လုပ်ကြည့်သင့်တဲ့အရာတွေကိုအများကြီးမတွေးဘဲ လုပ်ကြည့်သင့်တယ်။

၁။ တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံးလွယ်ပြီး စိတ်လွတ်လက်လွတ် ခရီးထွက်ဖြစ်အောင်ထွက်ပါ။ သိပ်အများကြီး စဉ်းစားမနေနဲ့။ ဟိုတွေးဒီတွေးနဲ့ဆိုအတွေးနဲ့တင် ဘယ်မှမရောက်တော့ဘူး။




၂။အမှတ်ရစရာတွေကို ဖန်တီးခဲ့ပါ။ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့အမှတ်တရမျိုး ဖန်တီးပစ်လိုက်ပါ။




၃။ ကိုယ့်ရဲ့ ပျော်စရာ၊ ရူးသွပ်ဖွယ်ရာ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ခဲ့ပါ။




၄။ ကိုယ့်ရဲ့အကြောက်ဆုံး၊အားအနည်းဆုံးအရာကို ထိပ်တိုင်ရင်ဆိုင် တိုက်ခိုက်လိုုက်ပါ။




၅။ တစ်စုံတစ်ခုအပေါ်အရူးတစ်ယောက်လို ရူးသွပ်ပစ်လိုက်ပါ။ ဥပမာ ကိုယ်အကြိုက်ဆုံးအဆိုတော်ရဲ့ ရှိုးပွဲသွားပြီးအဆုံးစွန် ရူးသွပ်ပစ်လိုက်တာမျိုးပေါ့။




၆။ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ကိုယ်ခံပညာ သင်ယူပါ။




၇။ မိမိခန္ဓာကိုယ်လှပကျန်းမာအောင် ထိန်းသိမ်းပါ။




၈။ ဝါသနာအသစ်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။




၉။ ဘယ်သူမှမရှိတဲ့နေရာမှာ တစ်ယောက်တည်းနေပါ။ ဒါဟာ သင့်ကိုအင်မတန်အံ့သြဖွယ်ရာအတွေ့အကြုံတွေ ရစေပါလိမ့်မယ်။




၁၀။ စားသောက်ဆိုင်မှာ တစ်ယောက်တည်း သွားစားပါ။ သူများတွေ ကိုယ့်ကိုကြည့်ချင် ကြည့်နေပါလေစေ့။




၁၁။ ကိုယ်နဲ့မသိတဲ့ သူစိမ်းတစ်ယောက်နှင့် ကြာကြာစကားပြောကြည့်ပါ။ ဘာလို့လဲဆိုတော့ ဒီကနေ့ သင့်ရဲ့ best friend ကလည်း တစ်ချိန်တုန်းက သူစိမ်းပဲလေ။




၁၂။ နေမထွက်ခင်အိပ်ရာထပြီး နေထွက်တာကိုကြည့်ပါ။အဲ့နေ့က သင့်ကိုအခြားနေ့တွေထက် ပိုပြီး လန်းဆန်းနေစေပါလိမ့်မယ်။




၁၃။ Road Trip ထွက်ပါ။ Road Trip ထက် ပျော်စရာကောင်းတာ မရှိသေးဘူး




၁၄။အင်တာနက်မှတဆင့် ချိန်းတွေ့ခြင်း ပြုလုပ်ပါ။ တစ်ခါတစ်လေ ဒီလိုလုပ်တာက သင့်ကို စိတ်လှုပ်ရှားမှုများ ပေးစွမ်းနိုင်ပါတယ်။




ကဲ…ဘဝဆိုတာအရမ်းကိုတိုလွန်းတယ်။ ဒီတော့ လုပ်ချင်တာတွေကို မလုပ်လိုက်ရဘဲနဲ့ နောင်တတွေနဲ့အိုမင်းရင့်ရော်ပြီး ဘဝနေဝင်သွားမှာလား။

CHAN (ရွှေအင်းလေး)




Some text some message..