
အားလုံးပဲမဂ်လာပါနော်…ဒီနေ့ကတော့ စာရေးသူလို ဖိနပ်တွေကို ရူးသွပ်တဲ့သူတွေအတွက် ဘယ်လိုဖိနပ်လေးတွေက ဘယ်လိုနေရာတွေမှာ ဘယ်လို အဝတ်အစားတွေနဲ့ ဝတ်သင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။ ဖက်ရှင်ကျကျ လန်းနိုင်ဖို့ ဖိနပ်ကလည်း တကယ့်ကိုအရေးပါအရာရောက်တဲ့ အရာတစ်ခုပါနော်။ အပေါ်ကဝတ်ထားတဲ့ အဝတ်အစားတွေက အသားကုန်လန်းနေရင်တောင် ဖိနပ်ကဂွမ်းနေရင်လည်း ဘယ်လိုမှမလှမပနိုင်ပါဘူးနော်။ ဒီတော့ မိန်းကလေးတွေအနေနဲ့ ဖက်ရှင်ကျကျ လှပနေဖို့အတွက် အထောက်အကူဖြစ်စေတဲ့ ဖိနပ်လေးတွေတော့ ရှိထားသင့်ပါတယ်နော်။
ကဲ…ဖိနပ်စုဆောင်းရတာကြိုက်တဲ့မေလေးတွေအတွက်ရော ဖက်ရှင်ကျကျလှပချင်တဲ့ ပျိုလေးတွေအတွက်ပါ ရှိသင့်တဲ့ဖိနပ်အမျိုးအစားလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်..
high- heeled shoes
high- heeled shoesကတော့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လေးပါပဲနော်။ ဘာလို့လဲဆိုတော့ ပွဲတွေတက်ရတဲ့အခါ ဒင်နာပွဲတွေသွားရတဲ့အခါ့မှာ မိန်းမဆန်ဆန် ကျက်သရေရှိရှိလှပနေစေဖို့ high- heeled shoesလေး လိုအပ်နေပါပြီနော်။ မြန်မာဝတ်စုံလေးနဲ့ပဲဖြစ်ဖြစ် အမိုက်စား Dressတွေ နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်လွန်းတဲ့ high- heeled shoes လေးသာ စီးထားမယ်ဆိုရင် လုံးဝ perfect ပါနော်။ ဒါကြောင့် high- heeled shoes တွေဟာ ပွဲတွေသွားတဲ့အခါမှာ စီးဖို့ မိန်းကလေးတိုင်းမှာ ရှိကိုရှိထားသင့်တဲ့ ဖိနပ်လေးတစ်ရံဖြစ်ပါတယ်နော်။
Chunky Sneakers
ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် တကယ့်ကို မိုက်တဲ့ chunky sneakers တွေကတော့ ခုတလောမှာ အရမ်းကိုhot နေတဲ့ ဖက်ရှင်ဖြစ်တယ်ဆိုတာ ပျိုမေလေးတွေ သိပြီးသားဖြစ်မှာပါနော်။ ဘောင်းဘီရှည်လေးနဲ့ပဲ ဝတ်ဝတ်၊ ဘောင်းဘီတိုလေးနဲ့ပဲ ဝတ်ဝတ်၊ ဂါဝန်ရှည်လေးနဲ့ပဲ ဖြစ်ဖြစ် အဝတ်အစားမရွေး တကယ့်ကိုလိုက်ဖက်မှုရှိတဲ့ ဖိနပ်တစ်ရံဖြစ်ပြီး ထသွားထလာ စီးသွားလို့ အဆင်ပြေသလို ခရီးသွားတဲ့အခါမှာလည်း စီးသွားဖို့ အဆင်ပြေလှတဲ့ ဖိနပ်မျိုးဖြစ်တဲ့အတွက် သူလေးကလည်း မရှိမဖြစ်လေးပါပဲနော်။
Flip Flops
ရိုးရိုးရှင်းရှင်းနဲ့ တကယ့်ကိုသက်တောင့်သက်သာရှိပြီး ပေါ့ပါးမှုကို ပေးစွမ်းမယ့်ဖိနပ်ကိုပြပါဆိုရင်တော့ Flip Flopsလေးပဲ တန်းမြင်မိမှာပါနော်။ ထသွားထလာစီးသွားဖို့ အဆင်ပြေပြီး ရုံးသွားတဲ့အခါပဲ ဖြစ်ဖြစ်၊ အပြင်လေးဘာလေးသွားတဲ့အခါမှာပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လှနေဖို့ ပျိုမေတို့ အနေနဲ့ရှိထားသင့်တဲ့ဖိနပ်တရံပဲ ဖြစ်ပါတယ်နော်။ အမြဲတမ်း ဖိနပ်အမြင့်တွေ စီးနေမိရင်လည်း ခြေထောက်တွေနာပြီး ကျန်းမာရေးနဲ့ မညီညွှတ်နိုင်တဲ့ တခါတလေ ဒီလိုမျိုး ရိုးရိုးရှင်းရှင်း ကြားညှပ်ဖိနပ်လေးတစ်ရံလေး ရှိထားသင့်ပါတယ်နော်။ တကယ့်ကိုလှပတဲ့ဒီဇိုင်းဆန်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံစံအမျိုးမျိုးတွေ ရှိတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ မိန်းကလေးတွေတိုင်းမှာ ရှိကိုရှိထားသင့်တဲ့ ဖိနပ်လေးတစ်ရံဖြစ်ပါတယ်နော်။
Ankle Boots

အထာကျကျ ဂေါ်နေစေမယ့် Ankle Boots ကလည်း စမတ်ကျကျနဲ့ ယုံကြည်မှုရှိတဲ့သွင်ပြင်ကို ပေါ်လွင်စေပြီး ဖက်ရှင်ကျကျ လန်းနိုင်ဖို့ အထောက်အပံ့ပေးတဲ့ ဖိနပ်တစ်ရံဆိုလည်း မမှားပါဘူးနော်။ ဒီဖိနပ်မျိုးဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တဲ့ဖိနပ်လေးဖြစ်ပြီး အေးတဲ့ရာသီတွေမှာ ခရီးသွားတဲ့အခါမှာ ဝတ်ဆင်လို့ အဆင်ပြေတဲ့ဖိနပ်လေးပဲ ဖြစ်ပါတယ်။
The post
ဖက်ရှင်ကျကျ မိမိုက်နေဖို့အတွက် ပျိုမေတိုင်းမှာ ရှိထားသင့်တဲ့ဖိနပ်အမျိုးအစားလေးတွေ
appeared first on
MyStyle Myanmar
.