အချစ်ကြီးတဲ့မိန်းကလေးတွေ စိတ်နာသွားရင်
trend.com.mm
|
2020-08-17

အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုသလိုပဲ မိန်းကလေးတွေရဲ့စိတ်က အရမ်းကို နုနယ်ပြီး အရမ်းလဲချစ်တတ်တဲ့ သူတွေပါ။ အဲ့ဒီလိုလူမျိုးတွေ စိတ်နာသွားပြီဆိုရင်တော့ ဒီလို အပြုအမူလေးတွေ လုပ်တတ်ပါတယ်နော်။

(၁) လုံးဝ ဂရုမစိုက်တော့ဘူး

မိန်းကလေးတိုင်း ကိုယ့်ချစ်သူက ကိုယ့်ကို ဂရုစိုက်တာကိုပဲလိုချင်ကြတာပါ။ ဒါဟာ အတ္တကြီးတာမဟုတ်ပါဘူး။ ရသင့်ရထိုက်တဲ့အရာတစ်ခုပါ။ ဒီလိုပဲ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူကို အရမ်းဂရုစိုက်ပေးနိုင်ပါတယ်။ သင့်ကိုစိတ်နာသွားတဲ့မိန်းကလေးကတော့ သင့်ကိုလုံးဝဂရုစိုက်တော့မှာ မဟုတ်ပါဘူး။

(၂) သင့်ဘေးမှာမနေချင်တော့ဘူး


သင့်ကိုစိတ်နာသွားတဲ့မိန်းကလေးတစ်ယောက်ဟာ သင့်အနားမှာ နေချင်တော့မှာမဟုတ်ပါဘူး။
စိတ်ထဲမှာ ဒဏ်ရာအရမ်းကြီးလာရင် အရာရာတိုင်းဟာ သူ့အတွက် ခါးသီးနေတော့မှာပါ။ ဒါကြောင့် သင့်အနားမှာ သူနေချင်တော့မှာ မဟုတ်ပါဘူး။

(၃) ဘယ်တော့မှ ပြန်မပြေလည်နိုင်တော့ဘူး

မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် ဘယ်တော့မှ ပြန်ပြေလည်တော့မှာ မဟုတ်ပါဘူး။သူ့ရဲ့ သည်း ခံနိုင်ရည်အဆင့်ကိုကျော်လွန်သွားပြီး စိတ်နာတဲ့အဆင့်ကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ စိတ်မနာခင်မှာတော့ ပြေလည်နိုင်ပေမယ့်၊ တကယ်စိတ်နာသွားရင်တော့ ဘယ်တော့မှ ပြန်ပြေလည်တော့မှာ မဟုတ်ပါဘူး။

(၄) သင့်ကိုမလိုအပ်တော့ဘူး

သင့်ကိုစိတ်နာသွားတဲ့ မိန်းကလေးတစ်ယောက်အတွက် သင်ဟာ မလိုအပ်တော့ပါဘူး။ သင်နဲ့ရှိနေတာထက် သင်နဲ့ဝေးနေတာ၊ သင့်အတွက်ငိုနေရတာထက် သင်မပါပဲ ပျော်နေရတာ၊ သင့်အနားမှာနေပြီး စိတ်ပင်ပန်းတာထက်၊ သင်မပါပဲ ပေါ့ပေါ့ပါးပါးနေချင်တဲ့ ဆန္ဒပဲရှိတော့တာပါ။ ဒါကြောင့် သူ့ဘဝမှာသင့်ကို မလိုအပ်တော့သလို သင်မရှိလေ သူ့အတွက်ကောင်းလေလို့ သတ်မှတ်ထားလိုက်တော့မှာပါနော်။





Some text some message..