တနင်္လာနေ့ဖွားသားသမီးတွေဟာ နွေးထွေးတတ်တယ်၊ ကြင်နာတတ်တယ်၊ အလိုက်အထိုက်နေတတ်ကြပြီး ပိုင်ဆိုင်လိုစိတ် အပြည့်ရှိသူတွေပါ။ ဒါ့အပြင် သူတို့တွေက သူတစ်ပါးအပေါ်ကို ဂရုစိုက်တတ်ကြပြီး အမျိုးသမီးတွေဆိုရင်လည်း မိခင်စိတ်အပြည့်ရှိသူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့လေးတွေက အမေဖြစ်သူအပေါ်ကိုလည်း အင်မတန်ခင်တွယ်တတ်ကြပြီး အခြားသောအမျိုးသမီးတွေနဲ့ ကိုယ်ပိုင်ဘဝကိုလည်း ခုံမင်တတ်ကြပါတယ်။ အမျိုးသမီးတွေက တနင်္လာသားသမီးတွေရဲ့ ဘဝကို နည်းမျိုးစုံနဲ့ လွှမ်းမိုးနိုင်ကြမှာပါ။
တနင်္လာသားသမီးတွေဟာ အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့စွမ်းအင်တွေကိုလည်း ပိုင်ဆိုင်တတ်ကြပြီး သူတို့ရဲ့ ခံစားချက်အပေါ် ဦးစားပေးအလေးထားသူတွေဖြစ်ကြပါတယ်။ ကိုယ့်လက်ကိုယ်ခြေနဲ့ ကြိုးစားတတ်ကြသူတွေဖြစ်သလို လက်မှုအနုပညာလုပ်ငန်းက သူတို့နဲ့ ကိုက်ညီတဲ့လုပ်ငန်းတစ်ခုလို့ဆိုရမှာပါ။ ဒါ့အပြင် စီးပွားရေးမှာလည်း ထွန်းတောက်နိုင်ချေရှိတဲ့ တနင်္လာသားသမီးတွေဟာ စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ ကိုယ်တိုင်ကိုယ်ကျ စွမ်းဆောင်မှုတွေကတစ်ဆင့် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်ကြပါတယ်။ အလုပ်တစ်ခု ဒါမှမဟုတ် စီးပွားရေးတစ်ခုလုပ်ပြီဆိုရင် အလုပ်ကြိုးစားမှု၊ စည်းစနစ်ကျမှုတွေနဲ့အတူ ချဉ်းကပ်တတ်ကြပြီး ဘယ်လိုအလုပ်မျိုးမှာမဆို အောင်မြင်မှုရရှိဖို့ အာမခံချက် အပြည့်အဝရှိတဲ့နေ့နံလို့ဆိုရင်လည်း မမှားပါဘူး။ လုပ်ငန်းခွင်အတွင်းမှာလည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုတွေကို သိမ်းပိုက်နိုင်ကြသူတွေပါပဲ။
ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်တတ်ကြပြီး သူတစ်ပါးရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေအပေါ်မှာလည်း လိုက်ပါ စီးမျောတတ်ကြသူတွေဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အယုံလွယ်တတ်ကြပြီး စဉ်းစားဆင်ခြင်မှု တစ်စုံတစ်ရာမရှိဘဲ အချစ်ကို မျက်စိစုံမှိတ် ကိုးကွယ်တတ်ကြသူတွေပါ။ အဲ့ဒါကြောင့် တနင်္လာသားသမီးတွေအနေနဲ့ အချစ်ရေးကြောင့် ကိုယ်ပိုင်ပျော်ရွှင်မှုတွေ၊ ခံစားချက်တွေကို မဆုံးရှုံးရအောင် ဂရုစိုက်သင့်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားတယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်မဟုတ်တဲ့ မျှော်လင့်ချက်တွေ မထားတာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့အချစ်ရေးမှာ သာမန်အတိုင်းပဲ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ အေးအေးဆေးဆေး ဖြတ်သန်းတာကပဲ ငြိမ်းချမ်းမှုအပြည့်အဝရရှိစေပါလိမ့်မယ်။
တနင်္လာသားသမီးတွေရဲ့ အိမ်ထောင်ရေးက အထင်ကြီးလေးစားလောက်စရာ အနေအထားမှာရှိနေပါတယ်။ သူတို့ဟာ အိမ်ထောင်တစ်ခုမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းအရာအားလုံးကို အကောင်းဆုံးဦးဆောင်ဖြေရှင်းနိုင်ကြသူတွေပါ။ သူတို့ရဲ့ဘဝလက်တွဲဖော်အတွက် တနင်္လာသားသမီးတွေလောက် ဂရုစိုက်တတ်တဲ့သူမျိုး ကမ္ဘာပေါ်မှာ ရှာဖွေလို့မရဘဲ ရင်ဆိုင်လာရတဲ့ အပြောင်းအလဲတွေအပေါ်မှာ ကောင်းကောင်းလှုပ်ရှားနိုင်ကြပြီး ကိုယ့်ရဲ့လက်တွဲဖော်ကို ဘဝသက်ဆုံး သစ္စာရှိနိုင်ကြသူတွေလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်လိုစိတ်ကြီးမားမှုကြောင့် လက်တွဲဖော်ဆီက မျှော်လင့်ချက်တွေ အများကြီးထားတတ်ကြပေမယ့် ထူးခြားကောင်းမွန်တဲ့ စိတ်စွမ်းအားတစ်ခုကြောင့်လည်း ကိုယ့်ရဲ့အိမ်ထောင်ရေးကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်းရှိကြပါလိမ့်မယ်။ တနင်္လာသားသမီးတွေအတွက် ကံကောင်းစေမယ့် ကိန်းဂဏန်းကတော့ နံပါတ် (၂) ဖြစ်ပြီး ထီထိုးတာမျိုး ဒါမှမဟုတ် အလုပ်လုပ်တဲ့နေရာမျိုးတွေမှာ (၂) ဂဏန်းကို ဦးစားပေးရွေးချယ်သင့်ပါတယ်လို့ Lifestyle Myanmar ရဲ့ တနင်္လာသားသမီးလေးတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
#HM
#LifestyleMyanmar
Source: Timesofindia