Comfort Zone ဆိုတာဘာလဲ၊ အမြဲတမ်း Comfort Zone ထဲမှာ နေနေတော့မှာလား
sayar.com.mm
|
2020-08-20

Comfort Zone ဆိုတာဘာလဲ၊ အမြဲတမ်း Comfort Zone ထဲမှာ နေနေတော့မှာလား

မနက်ဆို ပုံမှန်တိုင်းနိုးလာတယ်။ ရုံးသွားတယ်။ နေ့တိုင်းလုပ်နေကျအရာတွေကိုပဲ လုပ်တယ်။ရုံးဆင်းရင် အိမ်ပြန်တယ်။ ရုပ်ရှင်လေးကြည့်လိုက်၊ မုန့်စားလိုက်နဲ့ ..

နောက်နေ့ နောက်နေ့တွေမှာလဲ ဒီလိုပုံစံနဲ့ပဲ ဘဝကို ငြီးငွေ့စွာ ဖြတ်သန်းတယ်။လုပ်ရိုးလုပ်ထုံးတွေအတိုင်းပဲ နေပြီးအခွင့်အလမ်းအသစ်တွေ၊ အယူအဆသစ်တွေများစွာကို ရှာဖွေဖို့ မေ့နေကြတယ်။ဒီလိုနေနေတာနဲ့အမျှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကျဆင်းလာပြီးလုပ်နေကျအရာတွေကိုပဲ လုပ်နေရင်း ဘဝက အညွှန့်တုံးလာပါလေရော…

အောင်မြင်ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝဆိုတာ Comfort Zone ထဲကထွက်မှစတာပါ။
ဘာကြောင့်လည်းဆိုတော့ Comfort Zone ဆိုတာ မိမိ လက်ရှိ ပိုင်ဆိုင်ပြီးသား နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီနေရာကို မကြိုက်ဘူးဆိုရင် Comfort Zone ရဲ့ တစ်ဖက်မှာရှိနေတဲ့ Challenge Zone ထဲကို ဝင်ရောက် ထိုးဖောက်ရမှာ ဖြစ်ပါတယ်။

Comfort Zone ထဲကနေထွက်ချင်တဲ့၊ အောင်မြင်မှုကို လိုလားတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်မျှဝေပေးချင်တာလေးတွေရှိပါတယ်။

(၁)ခြေလှမ်းသေးသေးလေးနဲ့စတင်ပါ
အလွန်မြင့်တဲ့ ဧဝရတ်တောင်ထိပ်ကိုတက်ချင်ရင်တော့ ခြေတစ်လှမ်းတည်းနဲ့ မရောက်နိုင်ပါဘူး။ ခြေလှမ်းသေးသေးလေးတွေနဲ့ နေ့တိုင်းပုံမှန်ရောက်အောင်လျှောက်မှသာ မိတ်ဆွေလိုချင်တဲ့ ဘယ်လိုအောင်မြင်မှုမျိုးကိုမဆို ရမှာပါ။

ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ ပြီးပြည့်စုံတဲ့ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ရမှာပဲဖြစ်ပါတယ်။

(၂)တီထွင်ဖန်တီးမှုအသစ်တွေကို လုပ်ပါ
မသိတဲ့အခါ မေးဖို့ရာ ဝန်မလေးပါနဲ့။ ကိုယ့်ရဲ့ အလုပ်ရှင်၊ Senior တွေဆီမှာ တာဝန်သစ်တွေခွဲပေးဖို့ ရှိမရှိ အမြဲသွားမေးပါ။ တာဝန်သစ်တွေကို လက်ခံခြင်းက ခဏတာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေမဲ့ အသစ်အသစ်တွေကို လက်တွေ့လုပ်ဆောင်ပါများလာတဲ့ အခါ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုတိုးလာပြီး နေရာကောင်းနဲ့ လစာကောင်းကောင်းနဲ့ အတွေ့ကြုံအသစ်တွေလဲ ပိုရလာမှာဖြစ်ပါတယ်။မလုပ်ဖူးတာတွေလုပ်ရဖို့အတွက် အမြဲ "YES" ပြောဖို့ ဝန်မလေးနဲ့နော်။

(၃)အကြောက်တရားတွေကို ဖယ်ရှားပါ
ကျွန်တော်တို့တွေဟာ နေ့တိုင်း အသက်ရှူချောင်ချောင်နဲ့ နေရတဲ့ ဘဝမှာ အနေကြာလာတာနဲ့အမျှ တစ်ခုခုကို စွန့်စားလုပ်ကိုင်ရတော့မယ်ဆိုရင် ကြောက်ရွံကြပါတယ်။ ဘာမဆိုလွယ်လွယ်ရနေရင်းက ခက်ခက်ခဲခဲ လုပ်မှရမဲ့ အရာတစ်ခု ကြုံလာရပြီဆို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကြပါရော..

ကျွန်တော်တို့ Comfort Zone ထဲက ထွက်နိုင်ဖို့ဆိုရင် အစပိုင်းမှာ ခက်ခဲကြမ်းတမ်းတာတွေရှိမယ်၊ ပင်ပန်းတာတွေကြုံရမယ်၊ ဝမ်းနည်းမှုတွေကြုံရမယ်။
Comfort Zone ထဲက ထွက်နိုင်လာတာနဲ့အမျှ မိတ်ဆွေကြုံတွေ့နေရတဲ့ အကြောက်တရားတွေ ကြမ်းတမ်းပင်ပန်းမှုတွေက မိတ်ဆွေသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ပို့ပေးကြမှာပါ။သွားပါများ ခရီးရောက်ဆိုသလိုComfort Zone ကို ချဲ့ကားထွက်နိုင်လာလေလေ ကျွန်တော်တို့ဘဝတွေက မနေ့ကနဲ့ ယနေ့တောင်တူနေမှာ မဟုတ်တော့ပါဘူး။

(၄)ကိုယ့်ကိုစိန်ခေါ်မဲ့ အရာတွေကို ရွေးလုပ်ပါ
မိတ်ဆွေ Comfort Zone ထဲက ရုန်းထွက်နိုင်ပြီဆိုတာနဲ့ နောက်ထပ်လုပ်ရမှာတစ်ခုက ကိုယ့်ကို တုန်လှုပ် ခြောက်ခြားစေမဲ့ အလုပ်တွေ တာဝန်တွေကို လုပ်ဖို့ပါပဲ။ ဘာကိုပြောတာလဲဆိုတော့ ကိုယ်လိုချင်တာရဖို့ နည်းနည်းပဲလိုတော့တဲ့ အရာမျိုး၊ ဒါမှမဟုတ် အခုမှမလုပ်ရင် မရတော့မဲ့ အရာမျိုးကို ပြောတာပါ။

Comfort Zone ထဲကထွက်ဖို့ဆိုရင်တော့ "တစ်ခါမှ မလုပ်ဖူးသေးတာတွေကိုလဲလုပ်ဖို့ မကြောက်ပါနဲ့" နော်။

(၅) စပ်စပ်စုစုရှိပါ
စပ်စုတယ်ဆိုတာ ကလေးတွေပဲ လုပ်တာလို့ ပြောမယ်ဆိုရင် မှားလိမ့်မယ်။ စပ်စုတယ်ဆိုလို့ မကောင်းတဲ့အရာတွေကိုလိုက်စပ်စုခိုင်းတာကို ပြောတာမဟုတ်ပါဘူး။ IBM ရဲ့ CEO ဖြစ်သူ Gina Rometty က"အလုပ်ခွင်မှာ လုပ်ရမဲ့ အရေးကြီးဆုံးအရာတစ်ခုက စူးစမ်းလိုစိတ်ရှိခြင်းပါပဲ" လို့ ဆိုပါတယ်။

ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေဆို ယနေ့ ကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်နေတဲ့ အရာတွေနဲ့ နည်းပညာအခွင့်အလမ်းသစ်တွေကို မျက်ခြေမပျက်လေ့လာနေဖို့လိုပါတယ်။

နည်းပညာအသစ်အဆန်းတစ်ခုခုဆို ချဉ်းကပ်စပ်စုပြီး တီထွင်ဖန်တီးမှုအသစ်တွေကို လိုက်ပါလုပ်ဆောင်နေမယ်ဆိုရင် သူများထက် ခြေတစ်လှမ်းသာနေမှာတော့ အမှန်ပါပဲ။

အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Comfort Zone ထဲက ထွက်လာတယ်ဆိုတာ သင်ကြားသင်ယူမှုတွေ၊စူးစမ်းလေ့လာမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်းကို ပြောတာပါ။

မိတ်ဆွေတို့အနေနဲ့လဲ နေ့စဉ် ကိုယ်လုပ်နေကျ အလုပ်တွေနဲ့ပဲ တင်းတိမ်ရောင့်ရဲမနေဘဲ
(၁) တစ်နေ့ကို နာရီဝက်လောက် ကိုယ့်အတွက် အကျိုးရှိမဲ့စာပေဖတ်တာမျိုး
(၂) ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ တာဝန်အသစ်မျိုးကို လုပ်တာမျိုး
(၃) ကိုယ့်ထက် အတွေ့ကြုံရင့်တဲ့ Senior ဆီက အတွေ့အကြုံအသစ်တွေကို မေးမြန်းပြီး ကူညီလုပ်ဆောင်ပေးတာမျိုး လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ Comfort Zone ဟာ ပိုကျယ်ပြန့်လာပြီး Challenge Zone အဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

အခု စလုပ်တော့မယ်လို့ တွေးနေချိန်မှာပဲ မိတ်ဆွေဟာ ခြေတစ်လှမ်း နောက်ကျနေပါပြီ။ ဒါ့ကြောင့် comfort zoneကနေ လက်တွေ့ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

Credit Original Post

Comfort Zone ဆိုတာဘာလဲ၊ အမြဲတမ်း Comfort Zone ထဲမှာ နေနေတော့မှာလား

မနက်ဆို ပုံမှန်တိုင်းနိုးလာတယ်။ ရုံးသွားတယ်။ နေ့တိုင်းလုပ်နေကျအရာတွေကိုပဲ လုပ်တယ်။ရုံးဆင်းရင် အိမ်ပြန်တယ်။ ရုပ်ရှင်လေးကြည့်လိုက်၊ မုန့်စားလိုက်နဲ့ ..

နောက်နေ့ နောက်နေ့တွေမှာလဲ ဒီလိုပုံစံနဲ့ပဲ ဘဝကို ငြီးငွေ့စွာ ဖြတ်သန်းတယ်။လုပ်ရိုးလုပ်ထုံးတွေအတိုင်းပဲ နေပြီးအခွင့်အလမ်းအသစ်တွေ၊ အယူအဆသစ်တွေများစွာကို ရှာဖွေဖို့ မေ့နေကြတယ်။

ဒီလိုနေနေတာနဲ့အမျှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကျဆင်းလာပြီးလုပ်နေကျအရာတွေကိုပဲ လုပ်နေရင်း ဘဝက အညွှန့်တုံးလာပါလေရော…

အောင်မြင်ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝဆိုတာ Comfort Zone ထဲကထွက်မှစတာပါ။

ဘာကြောင့်လည်းဆိုတော့ Comfort Zone ဆိုတာ မိမိ လက်ရှိ ပိုင်ဆိုင်ပြီးသား နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီနေရာကို မကြိုက်ဘူးဆိုရင် Comfort Zone ရဲ့ တစ်ဖက်မှာရှိနေတဲ့ Challenge Zone ထဲကို ဝင်ရောက် ထိုးဖောက်ရမှာ ဖြစ်ပါတယ်။

Comfort Zone ထဲကနေထွက်ချင်တဲ့၊ အောင်မြင်မှုကို လိုလားတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်မျှဝေပေးချင်တာလေးတွေရှိပါတယ်။

(၁)ခြေလှမ်းသေးသေးလေးနဲ့စတင်ပါ
အလွန်မြင့်တဲ့ ဧဝရတ်တောင်ထိပ်ကိုတက်ချင်ရင်တော့ ခြေတစ်လှမ်းတည်းနဲ့ မရောက်နိုင်ပါဘူး။ ခြေလှမ်းသေးသေးလေးတွေနဲ့ နေ့တိုင်းပုံမှန်ရောက်အောင်လျှောက်မှသာ မိတ်ဆွေလိုချင်တဲ့ ဘယ်လိုအောင်မြင်မှုမျိုးကိုမဆို ရမှာပါ။

ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ ပြီးပြည့်စုံတဲ့ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ရမှာပဲဖြစ်ပါတယ်။

(၂)တီထွင်ဖန်တီးမှုအသစ်တွေကို လုပ်ပါ
မသိတဲ့အခါ မေးဖို့ရာ ဝန်မလေးပါနဲ့။ ကိုယ့်ရဲ့ အလုပ်ရှင်၊ Senior တွေဆီမှာ တာဝန်သစ်တွေခွဲပေးဖို့ ရှိမရှိ အမြဲသွားမေးပါ။ တာဝန်သစ်တွေကို လက်ခံခြင်းက ခဏတာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေမဲ့ အသစ်အသစ်တွေကို လက်တွေ့လုပ်ဆောင်ပါများလာတဲ့ အခါ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုတိုးလာပြီး နေရာကောင်းနဲ့ လစာကောင်းကောင်းနဲ့ အတွေ့ကြုံအသစ်တွေလဲ ပိုရလာမှာဖြစ်ပါတယ်။မလုပ်ဖူးတာတွေလုပ်ရဖို့အတွက် အမြဲ "YES" ပြောဖို့ ဝန်မလေးနဲ့နော်။

(၃)အကြောက်တရားတွေကို ဖယ်ရှားပါ
ကျွန်တော်တို့တွေဟာ နေ့တိုင်း အသက်ရှူချောင်ချောင်နဲ့ နေရတဲ့ ဘဝမှာ အနေကြာလာတာနဲ့အမျှ တစ်ခုခုကို စွန့်စားလုပ်ကိုင်ရတော့မယ်ဆိုရင် ကြောက်ရွံကြပါတယ်။ ဘာမဆိုလွယ်လွယ်ရနေရင်းက ခက်ခက်ခဲခဲ လုပ်မှရမဲ့ အရာတစ်ခု ကြုံလာရပြီဆို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကြပါရော..

ကျွန်တော်တို့ Comfort Zone ထဲက ထွက်နိုင်ဖို့ဆိုရင် အစပိုင်းမှာ ခက်ခဲကြမ်းတမ်းတာတွေရှိမယ်၊ ပင်ပန်းတာတွေကြုံရမယ်၊ ဝမ်းနည်းမှုတွေကြုံရမယ်။
Comfort Zone ထဲက ထွက်နိုင်လာတာနဲ့အမျှ မိတ်ဆွေကြုံတွေ့နေရတဲ့ အကြောက်တရားတွေ ကြမ်းတမ်းပင်ပန်းမှုတွေက မိတ်ဆွေသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ပို့ပေးကြမှာပါ။သွားပါများ ခရီးရောက်ဆိုသလိုComfort Zone ကို ချဲ့ကားထွက်နိုင်လာလေလေ ကျွန်တော်တို့ဘဝတွေက မနေ့ကနဲ့ ယနေ့တောင်တူနေမှာ မဟုတ်တော့ပါဘူး။

(၄)ကိုယ့်ကိုစိန်ခေါ်မဲ့ အရာတွေကို ရွေးလုပ်ပါ
မိတ်ဆွေ Comfort Zone ထဲက ရုန်းထွက်နိုင်ပြီဆိုတာနဲ့ နောက်ထပ်လုပ်ရမှာတစ်ခုက ကိုယ့်ကို တုန်လှုပ် ခြောက်ခြားစေမဲ့ အလုပ်တွေ တာဝန်တွေကို လုပ်ဖို့ပါပဲ။ ဘာကိုပြောတာလဲဆိုတော့ ကိုယ်လိုချင်တာရဖို့ နည်းနည်းပဲလိုတော့တဲ့ အရာမျိုး၊ ဒါမှမဟုတ် အခုမှမလုပ်ရင် မရတော့မဲ့ အရာမျိုးကို ပြောတာပါ။

Comfort Zone ထဲကထွက်ဖို့ဆိုရင်တော့ "တစ်ခါမှ မလုပ်ဖူးသေးတာတွေကိုလဲလုပ်ဖို့ မကြောက်ပါနဲ့" နော်။

(၅) စပ်စပ်စုစုရှိပါ
စပ်စုတယ်ဆိုတာ ကလေးတွေပဲ လုပ်တာလို့ ပြောမယ်ဆိုရင် မှားလိမ့်မယ်။ စပ်စုတယ်ဆိုလို့ မကောင်းတဲ့အရာတွေကိုလိုက်စပ်စုခိုင်းတာကို ပြောတာမဟုတ်ပါဘူး။ IBM ရဲ့ CEO ဖြစ်သူ Gina Rometty က"အလုပ်ခွင်မှာ လုပ်ရမဲ့ အရေးကြီးဆုံးအရာတစ်ခုက စူးစမ်းလိုစိတ်ရှိခြင်းပါပဲ" လို့ ဆိုပါတယ်။

ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေဆို ယနေ့ ကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်နေတဲ့ အရာတွေနဲ့ နည်းပညာအခွင့်အလမ်းသစ်တွေကို မျက်ခြေမပျက်လေ့လာနေဖို့လိုပါတယ်။

နည်းပညာအသစ်အဆန်းတစ်ခုခုဆို ချဉ်းကပ်စပ်စုပြီး တီထွင်ဖန်တီးမှုအသစ်တွေကို လိုက်ပါလုပ်ဆောင်နေမယ်ဆိုရင် သူများထက် ခြေတစ်လှမ်းသာနေမှာတော့ အမှန်ပါပဲ။

အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Comfort Zone ထဲက ထွက်လာတယ်ဆိုတာ သင်ကြားသင်ယူမှုတွေ၊စူးစမ်းလေ့လာမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်းကို ပြောတာပါ။

မိတ်ဆွေတို့အနေနဲ့လဲ နေ့စဉ် ကိုယ်လုပ်နေကျ အလုပ်တွေနဲ့ပဲ တင်းတိမ်ရောင့်ရဲမနေဘဲ
(၁) တစ်နေ့ကို နာရီဝက်လောက် ကိုယ့်အတွက် အကျိုးရှိမဲ့စာပေဖတ်တာမျိုး
(၂) ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ တာဝန်အသစ်မျိုးကို လုပ်တာမျိုး
(၃) ကိုယ့်ထက် အတွေ့ကြုံရင့်တဲ့ Senior ဆီက အတွေ့အကြုံအသစ်တွေကို မေးမြန်းပြီး ကူညီလုပ်ဆောင်ပေးတာမျိုး လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ Comfort Zone ဟာ ပိုကျယ်ပြန့်လာပြီး Challenge Zone အဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

အခု စလုပ်တော့မယ်လို့ တွေးနေချိန်မှာပဲ မိတ်ဆွေဟာ ခြေတစ်လှမ်း နောက်ကျနေပါပြီ။ ဒါ့ကြောင့် comfort zoneကနေ လက်တွေ့ ရုန်းထွက်နိုင်အောင် ကြိုးစားပါ

Credit Original Post

Some text some message..