အမကြီးအမိရာဆိုတဲ့စကားကို အပြည့်အဝလက်ခံထားတဲ့ဘေဘီမောင်တစ်ယောက် သမီးအကြီးဆုံးပီပီ မိသားစုအတွက် အကောင်းဆုံး မိုးနိုင်တဲ့ ထီးတစ်လက်ဖြစ်ခဲ့ပါတယ်။ အသက်အရွယ်ရလာတဲ့ မိဘနှစ်ပါးအတွက်လည်း လိုလေသေးမရှိအောင် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားပေးခဲ့ပြီး မောင်နှမတွေအတွက်လည်း အားကိုးရတဲ့ အမကြီးတစ်ယောက်အဖြစ်ရပ်တည်ပေးခဲ့ပါတယ်။
သူမကိုလည်း အစစအရာရာနားလည်ပေးပြီး မိသားစုနဲ့လည်း အဆင်ပြေတဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီး ချစ်သူသက်တမ်းဟာလည်း (၂) နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အရာရာပြည့်စုံတဲ့သူမရှိဘူးဆိုတဲ့အတိုင်းပဲ အချိန်တိုင်းစိတ်ချမ်းသာနေရတာမဟုတ်ဘဲ အဆင်မပြေတဲ့ အချိန်တွေရှိလာတဲ့အခါမှာတောင် မိသားစုအတွက်ဆိုတဲ့စိတ်လေးနဲ့ အမြဲတမ်းပြန်ကြိုးစားတဲ့အကြောင်းကို သူမက လူမှုကွန်ရက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။
သူမရဲ့ မြန်မာဆန်ဆန်ပုံလေးတွေနဲ့အတူ ” စိတ်ဖိစီးမှုတွေများနေလည်း ကျမလဲကျလို့မဖြစ်ဘူး ထွက်ပေါက်တွေအကုန်ပိတ်နေလည်း အရှုံးပေးလို့မရဘူး ခြေကုန်လက်ပန်းကျလည်း ကျမနားလို့မရဘူး ဘာလို့လဲဆိုတော့ ကျမအတွက်မဟုတ်ရင်တောင် ကျမကိုမှီခိုနေသူ တွေအတွက် ကျမရုန်းထနေမှဖြစ်မှာ ” ဆိုပြီး ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။
Happy – Cele Zone
Photo – Baby Maung
(ဇော်ဂျီဖြင့်ဖတ်ရန်)
စိတ်ဓာတ်ကျနေရင်လည်း မှီခိုနေတဲ့မိသားစုအတွက် လဲကျလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပြန်ထခဲ့တယ်ဆိုတဲ့ ဘေဘီမောင်
အမကြီးအမိရာဆိုတဲ့စကားကို အပြည့်အဝလက်ခံထားတဲ့ဘေဘီမောင်တစ်ယောက် သမီးအကြီးဆုံးပီပီ မိသားစုအတွက် အကောင်းဆုံးမိုးနိုင်တဲ့ ထီးတစ်လက်ဖြစ်ခဲ့ပါတယ်။ အသက်အရွယ်ရလာတဲ့ မိဘနှစ်ပါးအတွက်လည်း လိုလေသေးမရှိအောင် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားပေးခဲ့ပြီး မောင်နှမတွေအတွက်လည်း အားကိုးရတဲ့ အမကြီး တစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့ပါတယ်။
သူမကိုလည်း အစစအရာရာနားလည်ပေးပြီး မိသားစုနဲ့လည်း အဆင်ပြေတဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီး ချစ်သူသက်တမ်းဟာလည်း (၂) နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အရာရာပြည့်စုံတဲ့သူမရှိဘူးဆိုတဲ့အတိုင်းပဲ အချိန်တိုင်းစိတ်ချမ်းသာနေရတာမဟုတ်ဘဲ အဆင်မပြေတဲ့အချိန်တွေရှိလာတဲ့အခါမှာတောင် မိသားစုအတွက်ဆိုတဲ့စိတ်လေးနဲ့ အမြဲတမ်းပြန်ကြိုးစားတဲ့အကြောင်းကို သူမက လူမှုကွန်ရက်မှာရင်ဖွင့်လာခဲ့ပါတယ်.
သူမရဲ့ မြန်မာဆန်ဆန်ပုံလေးတွေနဲ့အတူ ” စိတ်ဖိစီးမှုတွေများနေလည်း ကျမလဲကျလို့မဖြစ်ဘူး ထွက်ပေါက်တွေအကုန် ပိတ်နေလည်း အရှုံးပေးလို့မရဘူး ခြေကုန်လက်ပန်းကျလည်း ကျမနားလို့မရဘူး ဘာလို့လဲဆိုတော့ ကျမအတွက်မ ဟုတ်ရင်တောင် ကျမကိုမှီခိုနေသူတွေ အတွက် ကျမရုန်းထနေမှဖြစ်မှာ ” ဆိုပြီး ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။
Happy – Cele Zone
Photo – Baby Maung