
အားလုံးပဲ မင်္ဂလာပါ။ သင်က ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူတွေက တခြားသူတွေထက် အမြဲ ခြေတစ်လှမ်းသာနေတတ်ပါတယ်။ အောင်မြင်ဖို့ အခြေခံ လိုအပ်ချက်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း (Self-Confidence) က အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ သင်က ယုံကြည်မှုပိုတိုးလာဖို့ ဒီအချက်တွေကို ပြုလုပ်နိုင်ပါတယ်။
၁။ အကြောင်းအရာအသစ်တစ်ခုခုလုပ်ပါ။
၂။ ကိုယ်ဟန်မတ်ပြီး လမ်းလျှောက်ပါ။ ပြုံးပြုံးလေးထားပြီး စကားပြောတဲ့အချိန်တခြားသူတွေရဲ့ မျက်လုံးထဲကို ကြည့်ပြောပေးပါ။

၃။ တစ်နေ့မှာ ကိုယ်မလုပ်ရဲတဲ့အရာတစ်ခုကို လုပ်ကြည့်ပါ။ ဥပမာ- စက်ဘီးမစီးရဲရင် ဆန်းစီးကြည့်ပါ။
၄။ ကိုယ်မမျှော်လင့်ထားတဲ့အရာတစ်ခုကို မထင်ရင် မထင်သလို လုပ်ကြည့်ပါ။

၅။ ကိုယ့်ကို စိတ်သက်တောင့်သက်သာ မဖြစ်စေတဲ့အရာတစ်ခုကို လုပ်ပါ။
၆။ ကိုယ့်ကိုကိုယ် တော်တဲ့လူတစ်ယောက်လို့ ယုံကြည်ပေးပါ။

၇။ အကောင်းမြင်စိတ်ထားပါ။ ဥပမာ- ငါမလုပ်နိုင်ဘူးဆိုတာထက် ငါဖြေရှင်းနည်းတွေ့မှာပါလို့ ပြောခြင်းပါ။
၈။ စကားပြောရင် ဖြေးဖြေးလေးနဲ့ ပုံမှန်လေးပြောပါ။

၉။ ကိုယ့်ရည်မှန်းချက်သေးသေးလေးတွေကို ပြီးစီးအောင် ကြိုးစားပါ။ ဒီလိုအောင်မြင်မှုသေးသေးလေးတွေကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ပိုရရှိနိုင်ပါတယ်။
၁၀။ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တစ်ခုကို ပုံမှန်ပြင်ကြည့်ပါ။
၁၁။ ညဘက်မှာ ကိုယ်ကျေးဇူးတင်တဲ့အကြောင်းအရာ၊ အရာဝတ္ထု၊ လူတွေအကြောင်းကို ချရေးပါ။
၁၂။ သင့်အလုပ်စားပွဲနဲ့ သင်နေထိုင်ရာနေရာကို အမြဲသန့်ရှင်းအောင်ထားပါ။

၁၃။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
၁၄။ လမ်းကြောင်းအသစ် ဖောက်ကြည့်ပါ။ ဥပမာ- Career နောက်တစ်ခု စမ်းလုပ်ကြည့်တာမျိုးပါ။

၁၅။ တခြားသူတွေအပေါ် ကြင်နာပါ။
ဒီအချက်တွေကို စိတ်ထဲမှတ်ထားပြီး အမြဲလေ့ကျင့်ကြည့်ပါနော်။
Photo Source: Pinterest
By MyStyle Myanmar
The post
ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာဖို့ လက်တွေ့လုပ်နိုင်တဲ့ နည်းလမ်း (၁၅) ခု
appeared first on
MyStyle Myanmar
.