ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ခင်ပိုးပန်းချီကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူရဲ့မေမေမွေးနေ့အတွက် ချစ်စရာကောင်းလောက်အောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။ “ပျော်ရွှင်ကျန်းမာချမ်းသာတဲ့ မွေးနေ့ပါ။ သမီးတို့ဘဝအတွက် ကောင်းသောအမေနဲ့သက်ရှိထင်ရှားရှိနေတဲ့အမေ ရထားတာ တန်ဖိုးဖြတ်လို့မရတဲ့ အရာပါပဲ။ ငယ်ငယ်တည်းကနေ အခုအချိန်ထိသမီးဒီလို ကြိုးစားလို့ရအောင် သမီးနေရာလေး တစ်ခုရအောင် ပုခုံးထမ်းတင်ပေးခဲ့တဲ့တစ်ဦးတည်းသောအမေ့ကို ကျေးဇူးတင်ပါတယ်။ သမီးလိမ္မာအောင်ပျိုးထောင်ပေးခဲ့တဲ့ အတွက်လဲ ဝမ်းသာပါတယ်။
တစ်ခါတစ်လေ လိုချင်တာရှိလို့ပူဆာတဲ့အခါ မရရင် စိတ်ဆိုးစိတ်ကောက်တော့ ရှိခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီ့လိုချင်တဲ့အရာဟာ အမေ့လောက် တန်ဖိုးမရှိတာကြောင့် အမေ့ကိုရထားတာကပဲ သမီးတို့အတွက် ဘုရားပေးတဲ့ ကောင်းသောဆုလက်ဆောင်ပါ။ မိဘနဲ့သားသမီးကြားစကားများတာလေးတွေရှိပေမယ့် အတည်မယူပါနဲ့ အမေ သမီးလဲတစ်ခါတစ်လေ ကျရင် ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ်ကိုတိုင် တောင်မသိလို့ပါ။ အမေ့လက်ထဲပိုက်ဆံရှိနေရင်တောင် အမေ့အတွက်ဘာမျှမဝယ်ဘဲ သမီးတို့အတွက်ပဲ စဉ်းစားတဲ့အတွက် မမျှတဘူးတောင်ထင်မိပါတယ်။ အမေလဲ သုံးပါနော်။ သမီးတီတီတာတာတွေတော့ မချွဲတက်ဘူး စိတ်ထဲရှိတာတောင် ထုတ်မပြောဖြစ်တဲ့အတွက်လည်း အမေ့ကိုအားနာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့အမေတိုင်းက တန်ဖိုးကြီးမားကြတာပဲလေ။ သမီးတို့အတွက်ကတော့ အမေကပိုကိုပိုပါတယ်။
နောင်ဘဝလူဖြစ်မဖြစ် မသေချာပေမဲ့ ဖြစ်ခဲ့ရင်တောင် အမေ့လိုမိဘမျိုး ရဖို့မသေချာဘူးဆိုတာ သမီးသိတယ်။ နောင်ဘဝဆိုတာ ဘာမှန်းမသိသေးတဲ့အတွက် ဒီဘဝမှာတင်အပြည့်ချစ်ပြီး ကျေးဇူးဆပ်နိုင်အောင်ကြိုးစားပါမယ်။ မိဘလောက်တော့ သားသမီးတွေ အချစ်ကမများပေမဲ့ လုံတော့လုံလောက်ပါတယ်။” ဆိုပြီး မွေးနေ့ဆုတောင်းနဲ့အတူ မေမေ့ကို ကျေးဇူးတင်ကြောင်းပါ ဖော်ပြထားခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ ခင်ပိုးပန်းချီရဲ့ မေမေ့အတွက်ရေးထားတဲ့ စာလေးကို ဖတ်ရတဲ့သူတွေတောင် ဒီလောက်ကြည်နူးမိနေရင် ခင်ပိုးပန်းချီရဲ့မေမေကတော့ ဘယ်လောက်တောင်များ ကျေနပ်ပီတိဖြစ်နေလိမ့်မလဲနော်။
Chilli – CeleZone
Source – Khin Poe Panchi