သိုက်နန်းရှင်မလေးမြသင်းနွယ်နှင့်နဂါးသိုက်ကျိန်စာ အပိုင်း ( ၃ )
lotaya.mpt.com.mm
|
2020-09-15

" ဆရာကြီး .... ဟို ... ဟိုမှာ ... ဘာကောင်ကြီးလဲဗျ "

ဦးသာဇံလည်း ဇဝေဇဝါဖြင့် မြသင်းနွယ်ကို ကြောင်ကြည့်

နေသည်။ တခါမျှ ထိုကဲသို့သတ္တဝါဆန်းကိုမတွေ့မမြင်ဖူး

ချေ။ လူလိုလို၊ မြွေလိုလိုသဏ္ဍာန်သည် တဖြည်းဖြည်းချင်း စည်းဝိုင်းအနီးသို့တိုးကပ်လာခဲ့သည်။

" ဟေ့ ... ငါဆရာကိုအာခံလေရော့သလား .... ခုရပ်လိုက်

စမ်း ... "

ဦးသာဇံမှာ မာန်အပြည့်ဖြင့်အော်လိုက်သည်။ မြသင်းနွယ်

မှာတော့ ဂရုစိုက်ဟန်မရချေ။ ဆက်တိုးလာသည်။

" ငါအမိန့်ပေးနေတာ မနာခံရင် ဒီတောင်ဝှေးစာမိမဟဲ့ "

ဦးသာဇံက ထပ်မံပြောရင်း လက်ထဲမှ တောင်ဝှေးကို

မြှောက်လိုက်သည်။ မြသင်းနွယ်၏မျက်လုံးများကပိုမို

နီရဲစူးရှလာပြီး တောင်ဝှေးကိုကြည့်ကာ ဒေါသမာန်တ

ချောင်းချောင်းထွက်လာတော့သည်။

" မလောက်လေးမလောက်စားတွေ ... ငါ့ကိုထိမယ်ထင်

ကွသလား "

မြသင်းနွယ်၏အသံမှာပင်ကိုယ်သံပျောက်ကွယ်နေပြီး

အသံဩဩကြီးကစူးရှရှဟိန်းထွက်နေသည်။

" လူ .. လူ ... စကား ... ပြောတယ်ဆရာ "

ဦးသာဇံလည်း မျက်စိစုံမှိတ်ကာမန်းမှုတ်ပြီး တောင်ဝှေး

ကိုလက်မှလွှတ်လိုက်သည့်အခါ တောင်ဝှေးသည်လေထဲ

တွင် ဝဲလည်ကာနေသည်။ ထို့နောက် မျက်လုံးမဖွင့်ဘဲထပ်

မံမန်းမှုတ်ပြန်သည်။ ဤသည်တွင်တောင်ဝှေးကြီးသည်

လေထဲဝဲနေရာမှ မြသင်းနွယ်ရှိရာသို့တဟုန်ထိုးဝဲပျံလာ

ပြီး မြသင်းနွယ်ကို ရိုက်ချတော့၏။ မြသင်းနွယ်မှာ ထို

တောင်ဝှေးရိုက်သည်ကို လက်ဖြင့်ဆီးကာလိုက်သည်။

တောင်ဝှေးကရပ်မသွားချေ။ ဦးသာဇံနှုတ်မှမန်းမှုတ်လိုက်တိုင်း မြသင်းနွယ်ကို အချက်ပေါင်းများစွာရိုက်နေသည်။

မြသင်းနွယ်ကို ရိုက်နေမှန်းသိရှိပြီး၊ မြသင်းနွယ်ကလည်း

ရှောင်တိမ်းနိုင်မှန်းသိသည့်အခါ ဦးသာဇံက ခပ်မြန်မြန်မန်းမှုတ်ပြန်သည်။ ထိုအခါတောင်ဝှေးကြီးက ယခင်ထက်

ပိုမြန်မြန်ရိုက်တော့သည်။ မြသင်းနွယ်သည်လည်း တောင်

ဝှေးပျံဝဲနေရာသို့ စူးစိုက်လိုက်ကြည့်ရင်း သူမ၏မျက်လုံး

များကပိုမိုရဲတောက်လာနေ၏။

ထို့နောက် တောင်ဝှေးရွေးလျားရာကိုသိရှိသွားသည့်အခါ

ထိုနေရာသို့ပါးစပ်ဟလိုက်ရာအဆိပ်ေငွ့များထွက်လာပြီး

တောင်ဝှေးကိုထိုအငွေ့များကရစ်ပတ်ပစ်တော့သည်။အ

ဆိပ်ေငွများကကြိုးတစ်ချောင်းပမာမြဲလှသည်။တောင်

ဝှေးကြီးမှာ ထိုအငွေ့များဆီက မရုန်းနိုင်ပေ။ လေထဲဝဲ

ပျံရင်းမြေပေါ်သို့ကျဆင်းလာရချေပြီ။ တောင်ဝှေးမြေ

ပေါ်ကျပြီးငြိမ်သက်သွားသည်နှင့် ဦးသာဇံမှာ ထိတ်လန့်

ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

မြသင်းနွယ်ကစည်းဝိုင်းဆီသို့တန်းတန်းမတ်မတ်လျှောက်လာနေသည်။ သူမ၏ပုံသဏ္ဍာန်မှာ လူကဲ့သို့လမ်းလျှောက်

တတ်သောမြွေတစ်ကောင်နှင့်လွန်စွာတူလွန်းလှသည်။ သူ

မက စည်းဝိုင်းအပြင်ဖက်သို့တိုင်ရောက်ရှိနေချေပြီ။

" မခန့်လေးစားနဲ့ ဒီသတ္တဝါမ ... သွားဟယ် "

ဦးသာဇံလည်း အထုပ်ထဲမှ အစိမ်းရောင်မှုန့်ဖြင့်ပက်ပစ်

လိုက်၏။ အစိမ်းရောင်အမှုန့်များထိသွားသောနေရာသည်

ချက်ချင်းပင် လူသားအရေပြားသို့ပြောင်းသွားခဲ့သည်။

ပြောင်းသွားသည်နှင့်မြသင်းနွယ်လည်း ပူစပ်ပူလောင်ခံ

စားလိုက်ရပြီးအော်သံအနည်းငယ်ထွက်လာသည်။ထိုမှ

တဖန် အကြေးခွံအကွက်များပြန်ဖြစ်သွားပြန်သည်။

အကြေးခွံပြန်ဖြစ်သည့်အခါသူမ မနာကျင်တော့ပေ။

ထိုအချင်းအရာကြောင့် ဦးသာဇံမှာ တအံ့တဩဖြစ်သွား

ခဲ့ပြီး အစိမ်းရောင်အမှုန့်ဖြင့်ထပ်ပက်ကြည့်လိုက်သည်။

ထိမိသောနေရာက လူအရေပြားဖြစ်သွားသည်တွင်ဦးသာဇံလည်းအထုပ်ထဲနောက်ဆုံးကျန်သည့်အမှုန့်များကိုလက်

ပေါ်သွန်ချပြီး မြသင်းနွယ်၏မျက်နှာတည့်တည့်သို့ပက်

ပစ်လိုက်လေတော့သည်။

" ဟင် "

" ရွှီ.... "

မြသင်းနွယ်ထံမှ မြွေတစ်ကောင်၏အသံထွက်လာပြီး

သူမ၏မျက်နှာမှာ လျှပ်တပြက်မှာပင်မြသင်းနွယ်၏မူလရုပ်သွင်ပြင်သို့ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်သည်

စက္ကန့်ပိုင်းမျှသာ။ သို့သော် ဦးသာဇံမျက်လုံးထဲအလွတ်

ကျက်သွားချေပြီ။ ပြီးနောက် အကြေးခွံကွက်များချက်

ချင်းပြန်ပေါ်လာသဖြင့် ရုပ်သွင်ပြင်ပျောက်ကွယ်သွား

သည်။

" ဒီတသ်ခါ ငါ့အလှည့်ပဲ "

မြသင်းနွယ်ကပြောပြောဆိုဆိုဖြင့် စည်းတားထားသည့်

ဝါးခြမ်းများကို ချိုးပစ်လိုက်တော့သည်။ ဦးသာဇံ၏

တပည့်များကအော်ဟစ်ကာ ကြောက်အားလန့်အားဖြင့်

ခြေဦးတည့်ရာသို့ပြေးကုန်ကြ၏။ ဦးသာဇံမှာမူ မြသင်း

နွယ်ကို တအံ့တဩကြောင်ကြည့်နေလေသည်။

" ငါကလူပဲ ... ဒီစည်းကငါ့အတွက် အရာမဝင်ဘူး ...

အမိုက်သားတွေ ... သေကြစမ်း "

မြသင်းနွယ်က ဒေါသတကြီးပြောကာ ဦးသာဇံကို ဆွဲကိုင်

ပစ်ပြီးလေထဲမြှောက်ပစ်လိုက်သည်။ ထို့နောက် မြေပေါ်

သို့ကိုင်ပေါက်ချပစ်တော့သည်။ အရှိန်ဖြင့်ဆောင့်ကျသွား

သဖြင့် တော်တော်နှင့်မထနိုင်သော ဦးသာဇံမှာ တစ်ကိုယ်

လုံးအေးစက်တုန်ယင်လာသည်။ ကြောက်ရွံ့မှုကဆိုဖွယ်

ရာမရှိသလိုဖြစ်နေသော်လည်း မြသင်းနွယ်ကိုနှိမ်နှင်းနိုင်

မည့်နည်းလမ်းအား ကြံဆမိနေသေးသည်။ သူ၏မျက်လုံး

များက လက်တစ်ကမ်းအကွာ၌ ကျနေသော တောင်ဝှေး

ဆီသို့ဖြစ်၏။

ဦးသာဇံ၏နှုတ်မှ မန်းမှုတ်လိုက်သည့်အခါ တောင်ဝှေးက

လေထဲဝဲပျံလာပြန်သည်။ ထို့နောက် မြသင်းနွယ်၏ကျော

ပြင်မှ ရင်အုံတည့်တည့်ကိုထိုးစိုက်ချလိုက်လေတော့

သည်။

" အား "

မြသင်းနွယ်မှာ အသံနက်ကြီးဖြင့်အော်ဟစ်ပစ်သည့်အခါ

တလောကလုံးမှောင်မိုက်သွားသလိုဖြစ်ပေါ်လာပြီး လေ

ကြီး မိုးကြီးများ ချလာတော့သည်။ တဝေါဝေါတိုက်ခတ်

လာသည့် လေနှင့်အတူ မိုးပေါက်ကြီးများပါကျဆင်းလာ

သည်။ ဦးသာဇံက ရသည့်အခွင့်အရေးကိုအမိဖမ်းတော့

သည်။ ပါးစပ်မှထပ်မံမန်းမှုတ်ပြီး တောင်ဝှေးကိုပြန်ဆွဲ

ထုတ်ပစ်သည်။ ထို့နောက် စက်ဆုပ်ရွံ့ရှာဖွယ်အတိပြီး

သောအကြည့်ဖြင့် မြသင်းနွယ်ကိုတစ်ချက်ကြည့်ကာ

မသေမချင်းထိုးစိုက်ရန်ဟန်ပြင်စဉ်မှာပင် သူ၏နောက်

ကျောဖက်ဆီမှ အသံကြားလိုက်ရသဖြင့်လှည့်ကြည့်

လိုက်မိသည်။

ဧရာမမြွေကြီးတစ်ကောင်၊ မြွေဟူ၍လည်းတပ်အပ်ပြော

၍မရဘဲ ခေါင်းပေါ်တွင်အချွန်အတက်များထွက်နေသည်။

မြွေလိုလိုနှင့် နဂါးတစ်ကောင်၏ပုံသဏ္ဍာန်ကပို၍ဆင်တူ

သည်။ ထိုသတ္တဝါက စေတီပျက်ကြီးနောက်တွင် ပေါ်လာ

လေသည်။ ထိုအချိန်တွင် မြသင်းနွယ်က ဦးသာဇံ၏ မျက်

နှာပေါ်သို့ လက်ဖြင့်ကုတ်ခြစ်ပစ်လိုက်တော့သည်။ သို့

သော်သူမစိတ်သွားတိုင်းမပါ၊ ရရှိထားသောဒဏ်ရာကြောင့် အားအပြည့်မပါဘဲ အပေါ်ယံသာကုတ်ဖဲ့မိသည်။

သို့ပါသော်လည်း သူမ၏လက်မှအဆိပ်များကြောင့်

ဦးသာဇံ၏မျက်နှာက ချက်ချင်းညိုမည်းကာယောင်ကိုင်း

လာလေသည်။ ဦးသာဇံကိုစိတ်ရှိတိုင်းမလုပ်နိုင်ဘဲ ထို

နေရာမှ မြသင်းနွယ်လဲကျသွားတော့သည်။ သူမလဲသွား

သည်နှင့် စေတီပျက်ဘေးမှမြွေကြီးသည် တရှူးရှူးဖြင့်

အလျှင်အမြန်ရွေ့လျားလာခဲ့သည်။ ဦးသာဇံအလွန်ထိတ်

လန့်တုန်လှုပ်သွားပြီး တောင်ဝှေးယူကာ ထိုနေရာမှ တချိုးတည်းပြေးမိတော့သည်။မည်သည့်အသံကြားကြားနောက်

သို့လှည့်မကြည့်ချေ။

မြေပြင်ပေါ်လဲကျနေသောမြသင်းနွယ်မှာတဖြည်းဖြည်း

နှင့်အကြေးခွံကွက်များပျောက်ကွယ်လာပြီး လူသဏ္ဍာန်

ပြန်လည်ပေါ်လာခဲ့လေသည်။ ထို့နောက်သူမ သတိမရ

တော့ပေ။ သူမကို ထိုနဂါးကြီးက ရစ်ပတ်ကာခေါ်ဆောင်

သွားသည်ကိုလည်း သူမ မသိရှိလိုက်တော့။ ဦးသာဇံမှာ

ခြေဦးတည့်ရာပြေးလွှားရင်း လူနေအိမ်များဆီသို့ရောက်

လာတော့သည်။ ထို့နောက် ၎င်းတည်းခိုရာနေရာသို့ ထပ်

မံပြေးလေသည်။ တည်းခိုရာနေရာ၌ သူ၏တပည့်များ

က ရောက်နှင့်နေကြလေပြီ။

" ဆရာကြီး "

ဦးသာဇံမှာ စကားပြန်မပြောနိုင်ဘဲ မောဟိုက်နေသည်။

ထိုင်နားနေရင်း အသက်ကိုပြင်းပြင်းရှုသွင်းနေရ၏။

" ဒီသိုက်ကတော်တော်ကြမ်းတယ်ဗျာ ... အသက်တောင်

မနည်းလုလာရတယ် .. ကြောက်လွန်းလို့ပြေးမိတာခွင့်

လွှတ်ပါဆရာကြီး "

" ဆရာ ... ဘယ်လိုလုပ်ခဲ့လဲ ... ဟိုမြွေမရော ... လိုက်လာ

သေးလားမသိဘူး "

ဦးသာဇံမှာတစ်ယောက်တစ်ပေါက်မေးနေကြသောတပည့်

များကို လက်ကာပြလိုက်သဖြင့် အားလုံးငြိမ်သွားကြသည်။

" သူက မြွေတစ်ပိုင်း လူတစ်ပိုင်းကွ ... သမန်းမျိုးပေါ့...

အသွင်ပြောင်းနိုင်တယ် "

" ဗျာ "

" ဘယ်လိုကြီး ... သမန်းကျားတော့သိပါရဲ့ ... ဒီလိုသမန်း

မြွေမျိူတော့ခုမှကြားဖူးတယ် "

" အသေသတ်မလို့ပဲ ... နဂါးတစ်ကောင်ထွက်လာလို့

မသတ်ခဲ့ရဘူး "

" နဂါးကတကယ်ထွက်လာတာလား "

ဦးသာဇံက ခေါင်းညိမ့်ပြသည်။

" ကျွန်တော်တော့ကိုယ့်မျက်လုံးကိုယ်တောင်မယုံရဲဘူး

ဗျ ... ဘယ်လောက်တောင်ထူးဆန်းတဲ့ကိစ္စကြီးလဲ စဉ်းစား

ကြည့်ဦး "

ဦးသာဇံ၏တပည့်များက တစ်ယောက်တစ်ပေါက်ပြော

နေကြသည်။ ဦးသာဇံမှာမူ တစ်ကိုယ်လုံးနာကျင်နေပြီး

မျက်နှာကြီးက ရောင်ကိုင်းလာသဖြင့် သူ၏ပါးအုံကြီးမှာ

ဖောင်းတက်လာနေသည်။ တဖြည်းဖြည်းနှင့် မျက်လုံးပင်

မဖွင့်လာနိုင်တော့ချေ။

" ဆရာကြီး ... ဆေးရုံသွားမလား ... မျက်နှာကတော်

တော်ရောင်နေပြီ "

ဦးသာဇံလည်းသူ့ကိုယ်သူမဟန်တော့မှန်းရိပ်မိသဖြင့်

ဆေးရုံသွားရန်ဆုံးဖြတ်လိုက်သည်။ ဆေးရုံတွင် ဂျူတီကဆရာဝန်မှ မည်သို့မည်ပုံဖြစ်ကြောင်းမေးသည်တွင် ပြော

စရာစကားမရှိသဖြင့် တိရိစ္ဆာန်တစ်ကောင်ကောင်ကိုက်

သွားသည်ဟုသာညာပြောခဲ့သည်။ ဆရာဝန်က ထိုသို့

ဒဏ်ရာမျိုးမမြင်ဖူးသည့်အခါ ကုသရန်ခက်ခဲနေတော့

သည်။ အဆိပ်ပြင်းသတ္တဝါကိုက်သည်ဟုသတ်မှတ်ပြီး

ကုသပေးလာလေသည်။

သို့သော် ဦးသာဇံမှာပြန်ရောက်လေလျှင် ပို၍တိုးကာ ဆိုး

လာတော့၏။ တစစ်စစ်ကိုက်ခဲနေမှုကိုမခံစားနိုင်လာသည့်

အပြင် သူ၏ဘယ်ဖက်မျက်လုံးကကောင်းစွာမမြင်ရတော့

ချေ။

" တောက် "

ဦးသာဇံလည်း ဒဏ်ရာကကိုက်ခဲလေ မြသင်းနွယ်အပေါ်

ပို၍ဒေါသထွက်လေဖြစ်လာသည်။ ထို့ကြောင့် စိတ်တည်

ငြိမ်စေရန် ကျင့်စဉ်များကိုသာ ကျင့်ကြံနေတော့သည်။

" သမီးတော်လေး "

နဂါးမကြီးတဖြစ်လည်း မြသင်းနွယ်၏ယခင်ဘဝဟောင်း

မှမိခင်သည် ဒဏ်ရာများကိုကြည့်ပြီး စိတ်မသက်သာဖြစ်

နေသည်။ မြသင်းနွယ်သာ တစ်ခုခုဖြစ်ပါက ထိုနေရာ၌ပင်

သူမရင်ကျိုးပေတော့မည်။ကျောက်ဂူကြီးအတွင်းရှိမှောင်

မည်းနေသောအတွင်းဆုံးအပိုင်းတွင် နဂါးပြည်မှနဂါးမတစ်ကောင်နှင့် လူတစ်ပိုင်း၊မြွေတစ်ပိုင်း သမန်းမျိုးမြသင်းနွယ်တို့သာရှိနေသည်။ မြသင်းနွယ်က သတိမေ့မျောနေပြီး အသက်ငွေ့ငွေ့သာရှူရှိုက်နေတော့သဖြင့် အစိုး

ရိမ်ကြီး စိုးရိမ်မိနေတော့သည်။

" မိုက်လိုက်တဲ့ကလေးမ ... ဟင်း "

နဂါးမကြီးကသက်ပြင်းချရင်း ရုတ်တရက်အငွေ့များအ

ဖြစ်သို့ပြောင်းသွားကာ နဂါးပြည်သို့ထွက်လာတော့၏။

နဂါးပြည်သည် နတ်ဘုံနတ်နန်းတမျှခမ်းနားပြီး တိတ်ဆိတ်

လှသည်။ နဂါးမျိုးနွယ်များမှာ တိမ်တိုက်များကြားမွေ့

လျော်နေကြ၏။ နဂါးမကြီးလည်း ထိုနဂါးများကိုဖြတ်

ကျော်ကာ နန်းဆောင်ထဲသို့ဝင်လာလေတော့သည်။

" အရှင်မင်းကြီး.... သမီးတော်လေးရဲ့အသက်ကိုကယ်

တင်ပေးတော်မူပါဘုရား "

နဂါးမင်းက နဂါးမကိုတစ်ချက်မျှပင်မကြည့်ဘဲ လျစ်လျူ

ရှုနေသဖြင့် နဂါးမကြီးမှာ ရင်ထဲဗလောင်ဆူလာတော့

သည်။

" အရှင်မင်းကြီး ... သမီးတော်ကို အပြစ်ပေးထားပြီးပြီ

ပဲဘုရား .... အခုချိန်မှာသမီးတော်လေးက ပေးအပ်တဲ့

တာဝန်ကို လုပ်ဆောင်ရင်းအသက်အန္တရာယ်ဖြစ်ခဲ့ရတာ

အရှင်မင်းကြီး ခုလိုမျက်ကွယ်မပြုသင့်ပါဘုရား "

နဂါးမကြီးစကားကြောင့် နဂါးမင်းသည် ဒေါသထွက်လာ

ပြီး ဦးခေါင်းပေါ်မှအမောက်များထောင်ထွက်လာသည်။

" သယ် ... ငါ့ကိုအမိန့်ပေးနေတာလား ... သုဒဘောဃ...

သူလုပ်တဲ့ပြစ်ဒဏ်ကြောင့်အပြစ်ပေးခံရတာ ... သာမာန်

လူတွေနဲ့တွေ့ကို အစွမ်းထုတ်သုံးပါတော့လား ... သူညံ့လို့

ဖြစ်တဲ့အရာကို ငါမင်းကြီးကိုအပြစ်တင်ရဲတယ်လား "

နဂါးမကြီးမှာ နဂါးမင်းကြီး၏ မိဖုရားတစ်ပါးလည်းဖြစ်

၍ မင်းမျိုးမင်းနွယ်တို့၏မာန်၊ နဂါးတို့၏မာန်ကအပြည့်

ပေါ်ပေါက်နေသည်။ နဂါးမင်း၏လျစ်လျူရှူခြင်းအပေါ်

မကျေနပ်ချေ။

' အရှင်မင်းကြီး မကယ်လျှင် ကျွန်တော်မျိုးမ ရသည့်

နည်းနှင့်ကယ်မည် ' ဟူ၍ ခပ်ဆတ်ဆတ်ပြောခဲ့ပြီးလှည့်

ထွက်လာလေသည်။ နဂါးမကြီးသည် နန်းဆောင်ကြီးထဲ

မှထွက်ဟန်ပြုပြီး တိတ်တဆိတ်ပြန်ခိုးဝင်ခဲ့သည်။ နဂါး

မင်းကြီးမှာ နဂါးမငယ်များ ဖျော်ဖြေကသပြသည်ကို

ကြည့်ရှူနေသဖြင့် သုဒဘောဃနဂါးမကြီး ခိုးဝင်လာသည်

ကိုမသိလိုက်ချေ။

နဂါးမကလည်း နဂါးမင်းအိပ်စက်ရာအဆောင်ထဲသို့လှစ်

ခနဲ ဝင်ကာ နှစ်တစ်ထောင်မြစက်ရည် ပုလင်းလေးအားခိုး

ယူသွားတော့သည်။ ထိုနှစ်တစ်ထောင်မြစက်ရည်ဆိုသည်

က နဂါးပြည်၌ရှိသော ရှားပါးအပင်တစ်မျိုး၏ဝတ်ရည်

ဖြစ်သည်။ မြစိမ်းရောင်တောက်ပနေသည့်ပန်းပွင့်ကြီး

သည် နှစ်တစ်ထောင်မှ တစ်ကြိမ်သာပွင့်၏။ ထိုပန်းပွင့်

လာပြီဆိုပါက ပန်းပွင့်အလယ်မှဝတ်ဆံသည် အစိမ်းရောင်အရည်တစ်မျိုးကိုစွန့်ထုတ်တတ်သည်။ ထိုအရည်

က တစ်စက်သာထွက်သည်။

ထွက်လာသောဝတ်မှုံရည်ကို သိမ်းဆည်းထားရခြင်းပင်။

နှစ်တစ်ထောင်မြစက်ရည် ၏အစွမ်းသတ်တိမှာ အသက်

ဆက်ပေးသော နဂါးပြည်၏ဆေးတစ်မျိုးဖြစ်သည်။ ထို

အရာကိုနဂါးမင်းမျိုးမင်းနွယ်ကသာ ယူဆောင်ခွင့်ရှိလေ

သည်။ သုဒဘောဃနဂါးမလည်း မြသင်းနွယ်ရှိရာသို့

အမြန်ပြန်ပြီး ထိုဆေးရည်တစ်စက်ကို ပါးစပ်ထဲသို့ထည့်

သွင်းပေးလိုက်လေတော့၏။ ဆေးရည်သည်နဂါးတို့၏

ဆေးဖြစ်သည်ကြောင့် လူသားတစ်ပိုင်း၊ မြွေတစ်ပိုင်းဖြစ်

နေသောမြသင်းနွယ်မှာ ဆေး၏အပူဒဏ်ကိုအလူးအလဲ

ခံနေရတော့သည်။

နဂါးမကြီးမှာမြသင်းနွယ်ကိုကြည့်ရင်း အတိတ်မှအဖြစ်

အပျက်များအား မြင်ယောင်မိနေသည်။ သူမ၌ ဇမုခီဏာ

အမည်ရသည့် နဂါးမင်းသမီးလေးတစ်ပါးမွေးဖွားခဲ့သည်။

ဇမုခီဏာသည် နဂါးတို့၏လက္ခဏာဖြစ်သည့် မာန်မာန

ကြီးခြင်းများမရှိချေ။ သူမကိုကြည့်လိုက်လျှင် အလွန်တ

ရာမှ နူးညံ့ပျော့ပျောင်းနေသည်။ သိမ်ေမွ့သည်။ နဂါးမင်း

ကြီးက ထိုသို့အပြုအမူအား မနှစ်သက်ချေ။ ၎င်းဖြစ်စေ

ချင်သည်က နဂါးမင်းမျိုးမင်းနွယ်တို့၏ပုံစံအတိုင်း မာန်

ထောင်လွှားကာ ရဲရင့်စေချင်သည်။ ဇမုခီဏာကထိုသို့မဟုတ်ခဲ့။

တစ်နေ့တွင် နဂါးပြည်ကြီးသို့ ဂဠုန်တစ်ေကာင်ဝင်ရောက်

လာတော့သည်။ ထိုဂဠုန်သည် နဂါးငယ်များကိုရန်ပြုခဲ့

သည်။ ရန်သူဂဠုန်သတင်းကြောင့်နဂါးပြည်တစ်ခုလုံးအုံး

အုံးကြွကြွပွက်လောရိုက်ကုန်ကြ၏။ ဂဠုန်သည် ကိုယ်

ထည် အဆမတန်ကြီးမားပြီး အင်အားအလွန်ကြီးသည်။

သာမာန်နဂါးငယ်လေးများမှာ ကြောက်လန့်ပြီးလွတ်ရာ

ပြေးကုန်ကြတော့သည်။ ထိုဂဠုန်အားနှိမ်နှင်းရန် နဂါးစစ်သူကြီးများကိုစေလွှတ်သည့်အခါ အင်အားများလှ

သောနဂါးများကြောင့် တစ်ကောင်တည်းဖြစ်နေသော

ဂဠုန်ကြီးသည် ပြင်းထန်သောဒဏ်ရာရပြီး ပြေးရတော့

သည်။

သို့သော် နဂါးပြည်ကြီးထဲမှပြန်မထွက်နိုင်ရှာဘဲ လမ်း

ပျောက်နေသဖြင့် အခက်ကြီးခက်နေတော့၏။ ဒဏ်ရာ

များဖြင့် ဒုက္ခရောက်နေသည့်ဂဠုန်မှာ ပုန်းလျှိုးကွယ်လျှိုး

ဖြင့်နေနေရသည်။ နဂါးမင်းအမိန့်ဖြင့် နဂါးပြည်တစ်ပြည်လုံး ဂဠုန်ကြီးအားအသည်းအသန်လိုက်ရှာကြစဉ် ဂဠုန်

က ဇမုခီဏာနှင့်ဆုံဆည်းမိတော့သည်။ ဒဏ်ရာပြင်းထန်

သဖြင့် မိမိကိုယ်ကိုယ်ပင် မနိုင်တော့သော ဂဠုန်ကိုကြည့်

ကာ သနားစိတ်ဝင်သွားလေသည်။

ဂဠုန်ကြီးအား သူမ၏နန်းဆောင်ထဲသို့တိတ်တဆိတ်ခေါ်

ဆောင်ပြီး ဒဏ်ရာများကိုကုသပေးခဲ့သည်။ ထင်မှတ်မ

ထားသောအဖြစ်အပျက်ကြောင့် ထိုဂဠုန်မှာ တအံ့တဩ

ဖြစ်သွားမိရ၏။ ဒဏ်ရာသက်သာလာသည့် ဂဠုန်က

" ဇမုခီဏာ ... ကျွန်ုပ်မှာ သင်ပေးသောအသက်ပင်ရှိပါ

တော့တယ် ... ဒီကျေးဇူးကို တစ်ချိန်ကြရင်ပြန်ဆပ်မှာပါ

... အသင်က ကျွန်ုပ်ရဲ့အသက်သခင်ဖြစ်သွားပြီဇမုခီဏာ"

ဂဠုန်ကြီးမှာ ဇမုခီဏာအားနှုတ်ဆက်စကားပြောကာ

သူမပြသပေးသည့် လမ်းမှ ဂဠုန်ပြည်သို့တဟုန်ထိုးပျံ

သန်းသွားတော့သည်။ ထိုကိစ္စအားေတွ့မြင်သွားသည့်နဂါးမတစ်ကောင်သည် နန်းတော်ကြီးသို့ ပြေးကာလျှောက်

တင်တော့သည်။ ဒေါသအမျက်ချောင်းချောင်းထွက်နေ

သော နဂါးမင်းသည် ဇမုခီဏာကို ကြောက်မက်ဖွယ်စူး

စိုက်ကြည့်နေသည်။

" ငါ့ရဲ့သိက္ခာ ဂုဏ်ပုဒ်တွေကို ပျက်ပြားအောင်ပြုမူ

လိုကျတာပါလား ဇမုခီဏာ "

သူမသည် မည်သည်မျှပြန်မပြောနိုင်ဘဲ ဆိတ်ငြိမ်လျှက်

သာနေနေသည်။

" ပြစ်ဒဏ်ချမှတ်မယ် ... "

မင်းကြီး၏အသံက နဂါးပြည်တစ်ပြည်လုံးဟိန်းထွက်နေ

သကဲ့သို့ရှိ၏။ သုဒဘောဃနဂါးမမှာ ငိုကြွေးရင်း တောင်း

ပန်သော်လည်းအချည်းနှီးသာပင်။

" ငါ၏သွေးသားဖြစ်လင့်ကစား နဂါးမျိုးကိုသစ္စာဖောက်

သည့ျ ဤနဂါးမငယျကို "

" အရှင်မင်းကြီး ... သမီးတော်လေးကို နဂါးမငယ်လို့

မပြောပါနဲ့လားဘုရား "

နဂါးမကြီးမှာ သည်းထန်စွာငိုကျွေးရင်း ပြောနေသည်။

" တိတ်စမ်း သုဒဘောဃ ... အသင်ဆုံးမမှုညံ့ဖျင်းလို့

ခုလိုဖြစ်ခဲ့ရတာ ... အသင်ပါအပြစ်ပေးခံချင်သလား "

" မယ်မယ်ဘုရား ... သမီးတော်အပြစ် သမီးတော်ခံပါ့

မယ် ... မယ်မယ်ဘုရားဘေးထွက်နေပါဘုရား "

ဇမုခီဏာမှာ မိခင်ဖြစ်သူပါပြစ်ဒဏ်ပေးခံရမည်စိုးသ

ဖြင့် တားဆီးလိုက်သည်။

" ဒီနဂါးမငယ်သည် နဂါးမျိုးနွယ်အား သစ္စာဖောက်သော

ကြောင့် နဂါးအဖြစ်မှရုတ်သိမ်းစေ ... "

ထိုအမိန့်စကားကြောင့် နဂါးမကြီးသည် မျက်လုံးများပင်

ပြာဝေသွားတော့သည်။

" ပြန်ကြည့်ပေးပါဦး မင်းကြီးဘုရား ... တခြားပြစ်ဒဏ်

ပေးတော်မူပါ ... သမီးတော်လေးကိုယခုပြစ်ဒဏ်ပေး

မည်ဆိုလျှင် အကျွန်မျိုးမကိုပါပေးလိုက်ပါဘုရား "

နဂါးမကြီးသည် သမီးဖြစ်သူအတွက်မခံစားနိုင်ဘဲ ဖြစ်

နေတော့သည်။ နဂါးမင်းလည်း သုဒဘောဃ အကြောင်း

ကိုသိသည်။ ထိုနဂါးမမှာ အလွန်ထက်သောနဂါးမတစ်

ကောင်ပင်။ ယခုကဲ့သို့ နဂါးအဖြစ်မှရုတ်သိမ်းစေခြင်း

သည် သတ်မိန့်နှင့်တူတူပင်ဖြစ်သဖြင့် သုဒဘောဃက

လက်ခံလိမ့်မည်မဟုတ်ချေ။ ထိုအခါတစ်မျိုးစဉ်းစားရ

ပြန်သည်။

" သုဒဘောဃ သင်၏သမီးသည် အလွန်အပြစ်ကြီးသော

အမှုကိုပြုခဲ့သည်ဖြစ်၍ သက်ညှာစရာမရှိ၊ သို့သော် နဂါး

ပြည်ပေါ်သို့သင်၏ကျေးဇူးရှိခဲ့ဖူးသောမျက်နှာကိုထောက်

ထားစေခြင်းငှာ ပြစ်ဒဏ်အားလျော့ပေးချေမည် ... နဂါး

မငယ်အား နဂါးအဖြစ်လက်ခံနိုင်စရာမရှိတော့ သို့သော်

မျိုးနွယ်အနိမ့်တွင်ဖြစ်တည်ခွင့်ပြုချေမည်...သူမ၏

အပြစ်ကိုသိရှိပြီး ပြစ်ဒဏ်ကျေသည်အထိပေးဆပ်စေ"

ထို့နောက် ဇမုခီဏာကို နဂါးအဆောင်အယောင်များအား

လုံးသိမ်းပြီး နဂါးပြည်မှကျဆင်းစေတော့သည်။ ဇမုခီဏာ

သည် အငွေ့များအဖြစ်ပြောင်းသွားကာ အစိမ်းရောင်

အငွေ့အလုံးလေးဖြစ်သွား၏။

" ကဲ သုဒဘောဃ သူ့ပြစ်ဒဏ်ကိုခံဖို့ အသင်လမ်းညွှန်

ပေးလိုက်ချေ "

သုဒဘောဃ နဂါးမကြီးမှာ ထိုအငွေ့အစိမ်းလေးအား

တယုတယထုပ်ပိုးယူလာခဲ့လေတော့သည်။ ထို့နောက်

သူမအတွက်အသင့်လျှော်ဆုံးနှင့် နဂါးပြည်သို့ပြန်လာ

နိုင်မည့်နည်းအားရှာဖွေကြည့်သည့်အခါ လူအဖြစ်သာ

သနာပြုလျှင် ပြန်လာနိုင်သည်ကို တွေ့သွားတော့သည်။

လူသားစင်စစ်ဘဝဖြင့်ထားပါကလည်း နဂါးပြည်အား

သစ္စာဖောက်သူဟုဆိုကာ အခြားနဂါးများက လူ့ဘဝထဲ

ထိလိုက်ကာအနှောင့်အယှက်ပြုကြမည်ကိုစိုးမိ၏။

ထို့ကြောင့်သုဒဘောဃသည် ဆုံးဖြတ်ချက်ကိုခိုင်မာစွာ

ချလိုက်သည်။ ဇမုခီဏာအား လူ့ပြည့်လူ့ရွာသို့ပို့ဆောင်

မည်ဟူ၍ဖြစ်၏။ လူနေထူထပ်သည့်နေရာသို့ထားလျှင်

သူမလာရန်ခက်ခဲလှသဖြင့် လူသူနည်းပါးသော အရပ်

ဒေသအားရွေးချယ်လိုက်သည်။ ထိုအခါ လေးအိမ်တန်း

ရွာရှိ သာမာန်လယ်သမားကိုတင်ထွန်း၏ဇနီး အေးလှ

သည် ကိုတွေ့သွားတော့သည်။

" ဒီလင်မယားက နဂါးမျိုးနွယ်နဲ့ပဠာန်းဆက်ရှိရှာတာပဲ"

ထို့ကြောင့် အေးလှကိုရွေးချယ်ပြီး ဇမုခီဏာ၏ ဝိဉာဉ်

အစိမ်းရောင်အငွေ့ထဲနဂါးသွေးတစ်စက်ဖောက်ရောကာ

ကိုယ်ဝန်ဆောင်စေလိုက်တော့လေသည်။ လူအမည်ကို

အစိမ်းရောင်ကိုယ်စားပြုသည့် မြသွေးရောင်အဖြစ်လည်း

ကောင်း၊ ဂုဏ်သတင်းသင်းပျံ့စေရန်အတွက်လည်း

ကောင်း၊ နဂါးမျိုးနွယ်ဟူ၍လည်းကောင်း အဓိပ္ပာယ်သက်

ရောက်သည့် မြသင်းနွယ် ဟူ၍ခေါ်ဆိုခိုင်းခဲ့ခြင်းပင်ဖြစ်

လေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..