အကူအညီလိုပေမယ့် အကူအညီမတောင်းချင်တဲ့လူတွေ ပြောလေ့ရှိကြတဲ့ အရိပ်အမြွက်စကားများ
lifestylemyanmar.com
|
2020-09-16



စိတ်မကျန်းမာတဲ့သူတွေဟာ အကူအညီတောင်းရတာကို မကြိုက်ကြပါဘူး။ စိတ်မကျန်းမာတဲ့သူတစ်ယောက်ဟာ သူတို့ရုန်းကန်နေရချိန်၊ အကူအညီလိုနေချိန်မှာ ဖွင့်မပြောတတ်ကြပေမယ့် အရိပ်အမြွက်တော့ပြောပါလိမ့်မယ်။

အမျိုးသားစိတ်ပညာကျန်းမရေးအဖွဲ့ကလုပ်တဲ့ သုတေသနအရ လူကြီး ငါးယောက်မှာ ၁ယောက်က စိတ်မကျန်းမာကြဘူးလို့ ဆိုပါတယ်။ သူတို့က သူတို့ရုန်းကန်နေရတာကို အရိပ်အမြွက်လောက်ပြောတဲ့အခါ အခြားသူတွေ ကောက်ယူမယ်လို့ မျှော်လင့်ရတဲ့ လျှို့ဝှက်စကားလုံးတွေကို အသုံးပြုပါလိမ့်မယ်။ အကူအညီလိုနေတယ်လို့ ပြောတာက သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ သူတို့အကူအညီတောင်းရင် သူတို့နားမှာရှိတဲ့သူတွေ ဘယ်လိုပြုမှုမလဲဆိုတာကို တွေးကြောက်နေနိုင်ပါတယ်။

ဒီစကားလုံးတွေ သိထားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ချစ်ရသူတွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို အရိပ်အမြွက်သိနိုင်လို့ပါ။ အချို့လူတွေက အကူအညီတောင်းရမှာကို အရမ်းဝန်လေးတတ်ကြပါတယ်။

၁။ ငါအိပ်လို့မရဘူး

တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ရုန်းကန်နေရချိန်မှာ ညဘက်အိပ်မပျော်နိုင်ကြပါဘူး၊ အတွေးတွေများပြီး နိုးနေတတ်ကြပါတယ်။ သူတို့အိပ်လို့ မရနိုင်တာက အိပ်ဖို့မကြိုးစားတာ မဟုတ်ပါဘူး၊ အတွေးတွေက အရမ်းကို လွှမ်းမိုးနေလို့ပါ။

ဒီစကားလုံးက သူတို့အကူအညီတောင်းခံတဲ့ ညွှန်ပြချက်ဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန်တွေမှာ ကူညီဖို့ တစ်ယောက်ယောက်ကို သူတို့လိုအပ်ပါတယ်။ သူတို့စကားပြောတာကို နားထောင်ပေးနိုင်မယ့်သူတစ်ယောက် လိုအပ်နိုင်ပါတယ်။




၂။ ငါတကယ်ပင်ပန်းနေပြီ

ငါအိပ်လို့မရဘူးဆိုတဲ့ စကားစုလိုပါပဲ၊ အကူအညီလိုသူတွေဟာ ငါတကယ်ပင်ပန်းနေပြီလို့လည်း ပြောနိုင်ပါတယ်။ ထိုသူက တကယ် ပင်ပန်းနေတာမဟုတ်နိုင်ပါဘူး။ အမှန်က သူတို့ရုန်းကန်နေရတာကို သတိပေးဖို့ နည်းလမ်းတစ်ခုသာ ဖြစ်နိုင်ပါတယ်။ လူမှုရေးဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှု မလုပ်ဘဲ အိမ်ထဲတွင်သာနေဖို့ ဆင်ခြေလည်း ဖြစ်နိုင်ပါတယ်။

အခြားသောအချိန်တွေမှာ သူတို့တကယ်ပင်ပန်းကောင်း ပင်ပန်းပါလိမ့်မယ်၊ သူတို့တစ်ညလုံး မအိပ်နိင်တော့တဲ့အခါ တနေ့လုံးညှိုးနွမ်းနေပါလိမ့်မယ်။ တစ်ယောက်ယောက် ပင်ပန်းနေတာကို သတိပြုမိပါက ဂရုစိုက်ပါ။ သူတို့ဖွင့်မပြောပေမယ့် ၊ မတောင်းဆိုပေမယ့် သူတို့လိုအပ်နေတာဖြစ်နိုင်တာကြောင့် သူတို့ကို ကြင်နာမှုပြပါ။




၃။ ငါ နင့်ဆီဖုန်းခေါ်လို့ရမလား?

တစ်ခါတစ်ရံမှာ သူတို့ကို ဘာတွေက စိတ်အနှောက်အယှက် ဖြစ်စေတယ်ဆိုတဲ့အကြောင်း မပြောရင်တောင် အကူအညီလိုသူတွေဟာ စကားပြောဖို့ ဖုန်းခေါ်ပါလိမ့်မယ်။ သူတို့ဟာ တစ်ယောက်ယောက်ရဲ့ အသံကိုကြားဖို့ လိုအပ်ပြီး တစ်ယောက်ယောက်က သူတို့အတွက် ရှိနေပေးတယ်ဆိုတာ သိဖို့လိုအပ်တယ်။ ဒါက သူတို့ရဲ့ရုန်းကန်မှုတွေကနေ စိတ်ကို ဖယ်ရှားပေးပါတယ်။ သူတို့ဖုန်းခေါ်တဲ့အခါ ဖုန်းပြန်ဖြေခြင်းဖြင့် သူတို့တစ်ယောက်တည်း မဟုတ်ကြောင်း ပြသပါ။ လူတစ်ယောက်ဟာ သူတို့ဘဝမှာ တစ်စုံတစ်ယောက်ရှိနေဖို့ လိုအပ်ပါတယ်။




၄။ နောက်ကျရင် ငါဖြေရှင်းရလိမ့်မယ်

တစ်ခုခုကို ချက်ချင်းဖြေရှင်းသင့်ရင်တောင် အကူအညီလိုသူတစ်ယောက်ဟာ ဖြေရှင်းမယ့်အစား အရှုံးပေးပါလိမ့်မယ်။ သူတို့ အဲဒါနဲ့ပတ်သတ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတယ်၊ စိုးရိမ်ပူပန်နေတယ် (သို့) စိတ်ဓါတ်ကျနေတယ်လို့ ဆိုလိုပါတယ်။ ဒီစကားလုံးကို သူတို့ပြောလာတဲ့အခါ သင်ကူညီနိုင်ရင် သူတို့ကြိုက်ပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ အဲဒီအချက်ကို သူတို့မစဉ်းစားနိုင်တော့တဲ့အခါ နောက်မှ တစ်ခုခုနဲ့ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ ပြောတတ်ကြပါတယ်။ စိတ်ကို အနုတ်လက္ခဏာအတွေးတွေနဲ့ ကြိုတင်သိမ်းဆည်းထားပါက သူတို့အတွေးတွေကို တည့်မက်စွာထားဖို့ ရုန်းကန်ရပါလိမ့်မယ်။ ဒီအတွေးအခေါ်က သူတို့လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အရာကို စွန့်လွှတ်ဖို့ ဦးတည်နိုင်ပါတယ်။




၅။ ငါခံစားမှု မကောင်းဘူး

တစ်ခုခု မှားနေတယ်လို့ ပြောပြီး အဲဒီအကြောင်း သင်မေးတဲ့အခါ ဒါက သင်ရလိုက်တဲ့ တုံ့ပြန်မှု ဖြစ်နိုင်ပါတယ်။ သူနေမကောင်းလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ စိတ်ဓါတ်ကျနေတယ်၊ စိုးရိမ်နေတယ် (သို့) အခြားမကောင်းတဲ့ ခံစားချက်တွေဖြစ်နေတယ်လို့ ဆိုလိုနိုင်ပါတယ်။ အကူအညီတောင်းတာထက် သူတို့ ကောင်းတာ မခံစားရဘူးလို့ ပြောတာက ပိုလွယ်ပါတယ်။

၆။ ငါခေါင်းကိုက်နေတယ်

ခံစားမှုမကောင်းဘူးဆိုတဲ့ စကားလုံး သုံးပုံသုံးနည်းနဲ့ အတူတူပါပဲ။ ဒါက တစ်ခုခုမှားနေကြောင်း သင်ကို ကြားစေချင်တဲ့ပုံပါပဲ။ ဒါကို ဆင်ခြေတစ်ခုအဖြစ် မကြာခဏ သုံးလေ့ရှိသူကို သင်သိရင် ဒါက သူတို့အကူအညီ ရယူဖို့ တောင်းဆိုတဲ့ နည်းလမ်းဖြစ်နိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က ယေဘုယျအားဖြင့် ဒီလိုမပြောရင် သူတို့ခံစားနေရတဲ့ ခေါင်းကိုက်ခြင်းဖြစ်နိုင်ပါတယ်။ ငါခေါင်းကိုက်နေတယ်လို့ မကြာခဏ ကြားရရင်တော့ ဒါက သင်္ကေတတစ်ခုဖြစ်နိုင်ပါတယ်။




၇။ ငါလဲလျောင်းဖို့ လိုအပ်တယ်

တစ်ခါတစ်ရံ လူတွေဟာ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတွေကြောင့် အလွန်အမင်း စိတ်ဖိစီးခံရပြီး လဲလျောင်းနေဖို့ လိုအပ်ပါတယ်။ တခြားအရာတွေ လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ထင်ရပြီး လုံခြုံစိတ်ချစွာ လဲလျောင်းနေချင်ကြပါတယ်။ ဒီအရာတွေ ဖြစ်ပျက်လာတဲ့အခါ သင်ဘာမှမလုပ်ပေးနိုင်ရင်တောင် အကူအညီတစ်ချို့ကို သုံးပေးနိုင်ပါတယ်။




သူတို့နဲ့ အချိန်ဖြုန်းပေးတာမျိုးပါ၊ ဒါမှသာ သူတို့တစ်ယောက်တည်းမဟုတ်ကြောင်း သိသွားပါလိမ့်မယ်။ တစ်ခါတစ်ရံ ကိုယ့်နားမှာ ဂရုစိုက်ပေးသူတစ်ယောက် ရှိနေခြင်းက ခံစားချက်တွေကို သက်သာရာရစေနိုင်ပါတယ်။

၈။ ငါအိုကေပါတယ်

တစ်စုံတစ်ယောက်က ဒါကိုပြောလာတဲ့အခါ ယေဘုယျအားဖြင့် သူတို့ မအိုကေဘူးလို့ ဆိုလိုပါတယ်။ ဒီစကားစုက တစ်ခုခုမှားယွင်းနေပြီး သူတို့အမှန်မပြောချင်တဲ့အခါ ပေးတဲ့အဖြေဖြစ်ပါတယ်။




၉။ ငါအခုချိန်မှာ စဉ်းစားလို့မရဘူး

အတွေးတွေနဲ့ စိတ်ခံစားမှုတွေက သူတို့ရဲ့ ဦးနှောက်ကို လွှမ်းမိုးသွားတဲ့အခါ သူတို့ အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ ထိုတာဝန်က နေ့စဉ်နေ့တိုင်းလုပ်နိုင်တဲ့အရာဖြစ်နိုင်ပြီး အကူအညီလိုတဲ့အခါ ရုန်းကန်ကြရပါလိမ့်မယ်။ ဒီတုံ့ပြန်မှုက သူတို့ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့တာကြောင့် ဖြစ်ပါတယ်။ သတို့မှာ တခြားအရာတွေပြောပေးနိုင်မယ့် သူတစ်ယောက်လိုပါတယ်။ အကောင်းဆုံးကတော့ သူတို့ဘယ်လိုခံစားနေတယ်ဆိုတာကို ပြောဖို့ ဖြစ်ပါတယ်။ သူတို့ကို စကားပြောဆိုဖို့ အတင်းအကျပ်မတောင်းဆိုသင့်သော်လည်း ပြောဖို့ အားပေးပါ။ ဂရုစိုက်နားထောင်ပါ။

တစ်ယောက်ယောက် အကူအညီတောင်းတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?

များသောအားဖြင့် အကူအညီလိုအပ်သူဟာ သူတို့ပြဿနာတွေကို ဖြေရှင်းပေးမယ့်သူကို မလိုချင်ပါဘူး။ သူတို့ အာမခံချက်ရှာကြတာ မဟုတ်ပါဘူး၊ အဲ့ဒီအစား သူတို့ကို အကူအညီဖြစ်စေတာက
သူတို့ပြောတာကို နားထောင်ပေးခြင်း
စာနာစိတ်ဖြင့် နားထောင်တတ်သူတစ်ယောက်
သူတို့ရဲ့ စိတ်ခံစားချက်တွေကို အတည်ပြုပေးမယ့်သူတစ်ယောက်
အစားအစာ ချက်ကျွေးမယ့်သူ
သူတို့နားမှာ တိတ်တဆိတ်ထိုင်ပေးမယ့်သူ
ပွေ့ဖက်ပေးမယ့်သူ
စိတ်ရှည်ပေးမယ့်သူ
ဂရုဏာနဲ့ထောက်ခံမယ့်သူ
ကြင်နာမှုပြမယ့်သူ

Lifestyle_Myanmar
LM_Nandar


Source-powerofpositivity.



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။




Some text some message..