" ဇမုခီဏာ ... "
တစ်ကိုယ်လုံးပူလောင်လွန်းသဖြင့်လူးလှိမ့်နေသောမြ
သင်းနွယ်ကို စိတ်မသက်သာစွာဖြင့် သုဒဘောဃ ကြည့်
နေရသည်။ နာရီဝက်ခန့်ချွေးဒီးဒီးကျအောင်လူးလှိမ့်ပြီး
သတိပြန်ရလာလေသည်။ သူမမျက်လုံးထဲတွင်ဝိုးတဝါး
မြင်နေရင်းမှ ရှင်းရှင်းလင်းလင်းတွေ့မြင်လာသည်။
သူမ၏ဘေး၌ နဂါးမတစ်ကောင်။ အလန့်တကြားထထိုင်
လိုက်၏။ ထိုနဂါးမကြီးကို တအံ့တဩကြည့်နေသည်။
" မယ်မယ် ... ဒါ ဒါ မြစက်ရည် မဟုတ်လား "
နဂါးမကြီးကပြန်မဖြေ။
" မယ်မယ် ... ဒါကိုဘယ်လိုယူလာသလဲ ... "
နဂါးမကြီးကတိတ်ဆိတ်နေတုန်းပင်။
" ပြောပါဦးမယ်မယ်... အလို ... ဒုက္ခပဲ... မင်းကြီးသိရင်
အပြစ်ပေးတော့မယ် ... ဘယ်လိုလုပ်ကြမလဲ "
" ကိုယ့်သွေးသားကိုတောင်ပစ်ပယ်ရက်တာ ဘာကြောင့်
စိုးထိတ်နေရမှာလဲသမီးတော်... မယ်မယ်အတွက်ပူပန်
မနနေဲ့... ဒီနားကိုလာ "
သုဒဘောဃမှာ မြသင်းနွယ်ကိုသူမထံတိုးကပ်ခိုင်းသည်။
ထို့နောက်ရင်ဘတ်ဒဏ်ရာပေါ်သို့ ပါးစပ်မှာအငွေ့များဖြင့်
မှုတ်ထုတ်လိုက်သည့်အခါ သွေးစများတိတ်သွားပြီး ပင်
ကိုယ်အသားပြန်ဖြစ်သွားခဲ့လေသည်။ နဂါးမကြီးက အ
ပြင်သို့လှမ်းကြည့်လိုက်ပြီး ပြောသည်။
" လင်းလာတော့မယ်... မြန်မြန်ပြန်ချေ "
ထိုသို့ပြောပြီး သူ၏ကိုယ်လုံးဖြင့်မြသင်းနွယ်ကိုပွေ့ကာ
လျှင်မြန်သောအဟုန်ဖြင့်ဂူတွင်းမှထွက်လာတော့သည်။
အရှိန်မှာလျှင်မြန်လွန်းလှသဖြင့်မြသင်းနွယ်ပင် ဆွံ့အငေး
ကြည့်နေမိသည်။ ထို့နောက်တည်းခိုရာအနီးရှိ လူပြတ်လပ်
သောချောင်တနေရာ၌ချပေးပြီးပြန်ပျောက်ကွယ်သွားခဲ့
သည်။
" မယ်မယ်ပေးတဲ့အသက်ပဲရှိပါတော့တယ် "
မြသင်းနွယ်မှာနဂါးမကြီးပျောက်ကွယ်သွားရာသို့ကြည့်
ကာပြောရင်း တည်းခိုခန်းသို့အပြေးပြန်လာခဲ့လိုက်လေ
သည်။ သူမရောက်သည်နှင့် ဧည့်ခန်းဆောင်မှနာရီက
မနက် ၄နာရီထိုးနေချေပြီ။ ဟိုတယ်ဝန်ထမ်းလေးကသူမ
ကိုနားမလည်စွာလှမ်းကြည့်နေ၏။ မြသင်းနွယ်လည်း
အခန်းထဲသို့လျှင်မြန်စွာဝင်သွားပြီး ပေနေသောအဝတ်
အစားများကိုလဲလှယ်ဝတ်ဆင်ကာ ခေတ္တလှဲလျောင်းနား
နေလိုက်သည်။ မနက် ၆နာရီထိုးသည်နှင့်တည်းခိုခန်းမှ
ထွက်လာပြီး အိမ်သို့ပြန်လာခဲ့တော့သည်။
ကိုတင်ထွန်းမှာထိုအဖြစ်အပိက်များကိုမသိရှိဘဲ ဧည့်ခန်း
ဆောင်ရှိဟိုတယ်ဝန်ထမ်းအား မေးမြန်းကြည့်သည့်အခါ
ပြန်သွားပြီဟုသိလိုက်သဖြင့် မိမိသည်လည်းအမြန်လိုက်
ပြန်မှဖြစ်မည်ဆိုပြီး ပြန်ရန်ပြင်လိုက်၏။ " ဦးလေးရဲ့သမီးလေးပါ " ဟုပြောကာမေးမြန်းစုံစမ်းခဲ့သဖြင့် ဟိုတယ်ဝန်
ထမ်းလေးမှလည်း မြသင်းနွယ်မှာည ၁၀ နာရီခန့်ကထွက်
သွားပြီး မနက် ၄ နာရီမှပြန်လာသည့်အကြောင်းပြောပြ
လိုက်တော့သည်။ ကိုတင်ထွန်းမှာလည်း မသိမရှိရလေ
ခြင်းဟု မိမိကိုယ်ကိုယ်ကျိန်ဆဲရင်း အိမ်သို့အမြန်လိုက်
ပြန်သွားလေသည်။
" သိန်းအောင် ... သိန်းအောင်ရေ "
ဉီးသာဇံအော်သံကြောင့်တပည့်များမှာ ပျာပျာသလဲပြေး
လာကြသည်။
" ဗျာ...ဆရာကြီး ... "
" ငါ့ မျက်လုံးတွေမမြင်ရတော့ဘူးဟ "
" ခင်ဗျာ "
" ဟာ ဒုက်ခပဲဆရာ ဘယျလိုလုပျကွမလဲ "
" ဆေးရုံပြန်သွားမလားဆရာကြီး "
" သွားလည်းမထူးဘူး ... ဒါအဆိပ်တွေ ... မနက်လင်းတာ
နဲ့ ငါ့အိမ်ပြန်မှဖြစ်မယ် ... အထုပ်ပိုးတွေပြင်ထားကြ "
" ဟုတ်ကဲ့ဆရာကြီး ..."
" ဆရာကြီး ... ဒဏ်ရာရနေတာ အိမ်ဘယ်လိုပြန်မှာလဲ "
" ဖြစ်တဲ့နည်းနဲ့ပြန်ရမှာပဲ...အိမ်မှာဖြေဆေးရှိတယ် ... အချိန်လင့်သွားရင် မျက်လုံးကန်းသွားလိမ့်မဟဲ့ "
ဦးသာဇံမှာ ပြောရင်းစိုးထိတ်နေသည်။ မျက်လုံးမမြင်
တော့ပါက မတွေးဝံ့ချေ။ မနက်မလင်းခင်မှာပင် သူ၏
အိမ်ရှိရာမြို့သို့အပြေးပြန်ခဲ့သည်။ နောက်တစ်နေ့အိမ်သို့
ရောက်သည်နှင့် သူ၏ဆရာပေးထားသောဆေးကျမ်း
စာအုပ်ကြီးအားလှန်လောကာ ဆေးနည်းရှာတော့၏။
ဆေးနည်းအတိုင်း မြေအင်တုံထဲသို့ မီးကျီခဲထည့်ကာ
ရှားပါးဆေးမြစ်များအပြည့်ထည့်လိုက်ပြီး ထွက်လာ
သည့်အငွေ့ကို မျက်နှာတစ်ပြင်လုံးဖုံးအောင် အငွေ့များ
ဖြင့်အဆိပ်ထုတ်လိုက်သည်။
စစချင်းတွင်မျက်နှာကြီးကပို၍ယောင်ကိုင်းလာသလိုရှိ
သည်။ သို့သော်လည်း ဆေးငွေ့များနှင့်ထိတွေ့ဖန်များ
သည့်အခါ အရောင်ကျလာလေသည်။ (၃)ရက်ခန့်ဆက်
လုပ်ပြီးသည့်အခါ အဆိပ်များကုန်သွား၏။ သို့သော်
ညာဖက်မျက်လုံးမှာ မမြင်ရတော့ချေ။ မျက်လုံးတစ်ဖက်
ကွယ်ခဲ့ရသည်။
" တောက်... ဒါဒင်းကြောင့် ... ဒင်းကိုလူ့ပြည်မှာအရှင်
မထားဘူး .... သိုက်ဆရာသာဇံအကြောင်းသိစေရမယ်
မြွေမရေ "
ဦးသာဇံမှာ ဆုံးရှုံးသွားသည့်မျက်လုံးအတွက် ဒေါသူပုန်
ထကာနေသည်။ အချိန်နှင့်အမျှကြိမ်းဝါးနေလျှက်ပင်။
" ငါ့တပည့်တို့ ဒီမြွေမက လူတစ်ပိုင်းဘဝနဲ့နေတာ...
ဒီမြွေမဘယ်သူဆိုတာသိရင် အသေသတ်ပစ်လို့ရပြီ "
" သူ့ကိုဘယ်လိုရှာကြမလဲဆရာကြီး "
" လွယ်ပါတယ်ကွာ ... နည်းလမ်းဆိုတာရှာရင်တွေ့တာ
ချည်းပဲ... တွေ့ကြသေးတာပေါ့ကွာ "
ဦးသာဇံမှာ စက်ဆုပ်ဖွယ်အသံကြီးဖြင့်ပြောလိုက်လေတော့သည်။
" အဖေ "
မြသင်းနွယ်က လေသံခပ်တိုးတိုးဖြင့်ခေါ်ကာ ဦးသာဇံ
ဘေး၌ဝင်ထိုင်လိုက်သည်။
" အေး သမီး "
" ဟို ဟိုလေ အဖေ့ကိုမေးမယ်ဆိုပြီးမမေးဖြစ်လို့ "
" ဘာများလဲ "
" သမီးပြန်လာတဲ့နေ့က အဖေအိမ်မှာမရှိဘူး အိမ်တံခါး
တွေပိတ်ထားတာ ဘာဖြစ်လို့လဲအဖေ "
" အဲ ... အဲ့ဒါက ဟို သမီးခရီးသွားတော့ အဖေလည်း
တစ်ယောက်တည်းပျင်းတာနဲ့ ကိုညိမ်းဖေတို့အိမ်သွား
လည်ရင်းနဲ့ အဲ့အိမ်မှာပဲအိပ်ဖြစ်တာသမီးရေ "
" အော် ... အဖေကလည်း သူများအိမ်မှာမကောင်းပါ
ဘူး ... နောက်သွားမအိပ်နဲ့နော်အဖေ "
" အေးပါ သမီးရယ် ... ဒါနဲ့ ငါ့သမီးကိုမေးရဉီးမယ် ....
သမီးကရောဘယ်သွားတာတုန်း "
ကိုတင်ထွန်းအမေးကို မြသင်းနွယ်ပြန်မဖြေနိုင်ရှာပေ။
အမှန်တိုင်းပြောပြချင်သော်လည်း လူတစ်ပိုင်း မြွေတစ်
ပိုင်းဘဝကိုဖွင့်ဟမပြောချင်။
" နောက်တော့ပြောပြတာပေါ့အဖေ ... အခုသမီးပြန်
ရောက်နေပြီပဲ... အဖေစိတ်မပူနဲ့တော့နော် "
ကိုတင်ထွန်းကဘဝင်မကျ။ သိချင်သော်ငြား သမီးဖြစ်သူ
မွေးဖွားစဉ်ကတည်းကထူးဆန်းမှုများကြုံတွေ့ခဲ့ရသဖြင့်
ပေါ်ပေါ်ထင်ထင်မမေးဝံ့ချေ။ ခပ်ဆိတ်ဆိတ်သာနေပြီး
အရိပ်အခြည်ကြည့်ကာမိမိဘာသာစုံစမ်းမည်ဟုတေးထား
လိုက်လေသည်။ မြသင်းနွယ်မှာလည်း ဒဏ်ရာရထားသည်ကို မသိရှိလေအောင် ဟန်ကိုယ်ဖို့နေနေရသည်။
နဂါးမကြီးတိုက်လိုက်သည့်မြစက်ရောင်ဆေးမှာ နဂါးတို့
အတွက် ထိခိုက်မှုမရှိသော်လည်း လူသားတစ်ပိုင်း၊ မြွေ
တစ်ပိုင်းသူမက ညညဆိုတစ်ကိုယ်လုံးပူလောင်နေတတ်
သည်။
ညသန်းခေါင်ရောက်လေ ဆေးစွမ်းပြလေဖြစ်ပြီး၊ ထိုသို့
ပူလာလျှင်နေ၍မရတော့။ လူးလှိမ့်ကာနေရ၏။ နှုတ်မှ
လည်းအသံမထွက်ရဲသဖြင့် ကြိတ်မှိတ်ထားရသည်။
" သုဒဘောဃ .... မြစက်ရောင်ဆေး ဘယ်မှာလဲ "
ဒေါသတကြီးဖြင့်အော်ဟစ်ကာ နန်းဆောင်တွင်းသို့ဒုန်း
စိုင်းဝင်ချလာသောနဂါးမင်းအား နဂါးမကြီးသည် ခပ်
စိမ်းစိမ်းပြန်ကြည့်နေသည်။
" ဇမုခီဏာကိုတိုက်လိုက်ပြီ "
ခပ်အေးအေးပြန်ဖြေနေသော သုဒဘောဃအမည်ရနဂါးမ
ကို ဒေါသဟုန်းဟုန်းတောက်လောင်ေနသည့်နဂါးမင်းက
စူးစိုက်ကြည့်ပြီး အပြစ်ပေးရန်ပြုမည်အလုပ်။
" အရှင်နဂါးမင်းကြီး ... ဒီမှာနားပါ ... ကျွန်တော်မျိုးမ
ပြောတာနားထောင်ေပးပါဦး "
နဂါးမင်းမှာ ညွှန်ပြရာတွင်ဝင်ထိုင်လိုက်၏။
" မြစက်ရောင်ဆေးက နဂါးအနွယ်ဝင်သာသောက်သုံးသင့်
မှန်းသိပါတယ်... ဇမုခီဏာကလူသားတစ်ပိုင်းဖြစ်ပေမယ့်
နဂါးအနွယ်ပါမင်းကြီး "
" သုဒဘောဃ အသင်ဘာတွေလုပ်ဇာတ်ခင်းဦးမလို့လဲ
ဇမုခီဏာကိုသန္ဓေတည်ဖို့ပေးတဲ့အချိန်က သင့်သွေးကို
ထည့်ခဲ့တယ်မလား "
နဂါးမင်း၏စကားကြောင့် နဂါးမကြီးမှာ အံ့ဩသွားသည်။
" ငါမသိဘူးလို့ထင်ရော့လား သုဒဘောဃ ... အသင်လုပ်
နည်း မှားယွင်းေနတာသိသလား "
နဂါးမကြီးမှာ နားမလည်စွာကြည့်နေသည်။
" နဂါးမျိုးနွယ်ဖြစ်ဖို့ ငါ့ရဲ့သွေးတစ်စက်ပါမှဖြစ်နိုင်မယ်
သုဒဘောဃ ... အသင့်သွေးသာထည့်လိုက်တဲ့အတွက်
ဇမုခီဏာက အမျိုးမမှန်တဲ့ဘဝရောက်သွားရှာပြီ... လူ
သားစင်စစ်လည်းမဟုတ် ... နဂါးစင်စစ်လည်းမဟုတ်ဖြစ်ရပြီ..ငါအမိန့်ပေးတာ မျိုးရိုးနိမ့်ပါးတဲ့သာမာန်နဂါးငယ်အဖြစ်ထားရှိခိုင်းခဲ့တာ... အသင်က သေသေချာချာ နားမထောင်ခဲ့ဘူး "
" သာမာန်နဂါးငယ်အဖြစ်ထားရင် ဒီနဂါးပြည်ထဲအသင်
မင်းကြီးကဝင်ထွက်ခွင့်ပြုမှာမဟုတ်ဘူး ... လူသားအဖြစ်
မွေးဖွားပြီးသာသနာပြုပါမှ နဂါးပြည်ကိုပြန်လာလို့ရမယ့်
တစ်ခုတည်းသောအခွင့်အရေးဖြစ်တယ်... လူသားသဘာ
ဝအတိုင်းထားပြန်ရင်လည်း တချို့နဂါးများက ဇမုခီဏာကိုအနှောင့်အယှက်ပြုကြဦးမယ် ... ဒါကြောင့် ကျွန်တော်မျိုးရဲ့သွေးတစ်စက်ထည့်ပေးရခြင်းသာဖြစ်တယ် အရှင်မင်းကြီး "
သုဒဘောဃ ကိုစိတ်ပျက်စွာကြည့်နေသောနဂါးမင်းကြီး
မှာ အမျက်ထွက်လာပြန်သည်။
" အသင့်ကိုလမ်းညွှန်ခိုင်းခဲ့တာငါ့အမှားပဲ ... အသင်က
တာဝန်ကိုမကျေပွန်တဲ့အပြင်... မြစက်ရောင်ဆေးရည်ပါ
ခိုးယူခဲ့တယ် ... အသင့်အပြစ်အသင်သိပါရဲ့လော "
" ကျွန်တော်မျိုးမသည် နဂါးပြည်မှမိဖုရားတစ်ပါးဖြစ်တဲ့
အတွက် မြစက်ရောင်ဆေးကို အသုံးပြုခွင့်ရှိတယ်မင်း
ကြီး ... "
" ငါမသိဘဲနဲ့လား သုဒဘောဃ ... ပြောစမ်း "
နဂါးမကြီးမှာ မာန်ဟုန်ပြင်းပြင်းဖြင့် အမောက်များချက်
ချင်းထောင်လာသည်။
" အရှင်မင်းကြီး အခုလိုနဂါးမင်းဖြစ်ဖို့ ကျွန်တော်မျိုးမရဲ့ဖခင်က ထောက်ပံ့ပေးခဲ့တယ်ဆိုတာမမေ့ပါနဲ့ ... ကျွန်
တော်မျိုးမကို ထိရင် နဂါးနှစ်ပြည်စစ်ခင်းရပါလိမ့်မယ်..."
ခက်ထန်သောစကားများနှင့်တစ်ခါမျှမပြောဖူးသော သုဒ
ဘောဃစကားကြောင့် နဂါးမင်းမှာလွန်စွာအံ့အားသင့်သွားလေသည်။
" အသင်ကစစ်ခင်းချင်တယ်လား "
နဂါးမင်းမှာယတိပြတ်ဆုံးဖြတ်ထားသကဲ့သို့ တည်ငြိမ်စွာ
ပြောလိုက်သည်။
" အရှင်မင်းကြီးဆန္ဒရှိရင် ခုချက်ချင်းစစ်ခင်းနိုင်တယ် "
သုဒဘောဃမှာ သားသမီးဇောဖြင့်မည်သည်မှ မမြင်
တော့ကြောင်း နဂါးမင်းသိလိုက်သည်။ သုဒဘောဃက
အခြားနဂါးပြည်မှ သမီးတော်တစ်ဦးဖြစ်ပြီး မာန်မာနကြီး
သည်။ နဂါးပြည်ငယ်လေးမှ သာမာန်မင်းသားတစ်ပါးကို
လက်ဆက်ရမည်လောဟု ဖခင်ဖြစ်သူနဂါးမင်းကြီးက အမျက်ထွက်သော်လည်း စိတ်လျော့ကာသဘောတူပေး
ခဲ့သည်။
နဂါးမင်းသားကို မင်းကြီးဖြစ်လာစေရန် ကူညီပေးခဲ့ဖူး
သည်။ ထိုအရာများကြောင့် သုဒဘောဃကို လွန်လွန်ကျူး
ကျူးမပြောရဲ။ ယခုမူ စကားအချေအတင်ဖြစ်ကာစစ်ခင်း
ရတော့မည့်အနေအထားရောက်ရှိနေချေပြီ။
" ဇမုခီဏာဟာ ပြစ်မှုကြီးကိုကျူးလွန်ခဲ့တယ်... နဂါးတို့ရဲ့
ရန်သူတော် ဂဠုန်ကိုကာကွယ်ပြီးလွှတ်ပေးတယ်... ဒါ
ကြောင့်ငါအပြစ်ပေးရတာ သုဒဘောဃ ... ဒီကိစ္စကို
အသင်ရဲ့ဖခမည်းတော်ထံလျှောက်တင်မယ် "
" ဖခမည်းတော်က အသင်နဂါးမင်းလိုမဟုတ်ဘူး...
သူ့သွေးသားဖြစ်တဲ့ မြေးတော်ကိုပစ်ပယ်ထားမယ်များ
ထင်လေရော့သလား ... "
" သယ် ... ရိုင်းစိုင်းလိုက်လေ သုဒဘောဃ ... ငါအခုပင်
နဂါးမင်းထံသွားမယ်... ငါ့လုပ်ဆောင်ချက်ကိုသဘော
မတူလို့စစ်ခင်းချင်တယ်ဆိုလည်း ခင်းကြရုံပဲ "
ပြောပြောဆိုဆိုဖြင့် နဂါးမင်းကြီးမှာ ရှူးရှူးရှဲရှဲဖြင့်ထွက်
သွားလေသည်။ သုဒဘောဃနဂါးမကြီးမှာတော့မထီမဲ့မြင်
ပြုကာကျန်ရစ်ခဲ့သည်။ သို့သော်သူမစိတ်ထဲတွင် နဂါးပြည်စစ်ခင်းမည့်အရေးထက် ဇမုခီဏာအဆင်ပြေမည်လားဟူ၍သာတွေးမိနေသည်။
" ဥုံ ..... "
ဦးသာဇံမှာ စည်းဝိုင်းကြီးကိုမီးဖြင့်ဝိုင်းပြီး ဂါထာမန္တာန်
များကိုရွတ်ဆိုနေ၏။ သူ၏မျက်နှာသည် ကြောက်မက်
ဖွယ်ခက်ထန်နေပြီး ယတိပြတ်ဆုံးဖြတ်ထားဟန်တူသည်။
ဂါထာဆုံးသည်နှင့် တရှူးရှူးအသံကြီးက ခြံထဲဝင်လာ
တော့သည်။ အလွန်နက်မှောင်ပြီး မျက်လုံးဝါကြီးနှင့်မြွေ
ကြီးတစ်ကောင်သည် မီးစည်းဝိုင်းအပြင်ဖက်တွင် စည်း
ဝိုင်းအတိုင်း ဝေ့ဝိုက်ကာ တရွေ့ရွေ့သွားနေ၏။ ၎င်းမြွေ
ကြီးသည် စည်းဝိုင်းအားသုံးပတ်လှည့်ပြီး ငြိမ်သက်သွား
တော့သည်။
" သမန်းမြွေမကြီးရှိရာ ငါ့ကိုလမ်းညွှန်ပေးစမ်း ... အသင့်
အတွက် အပိုင်စားဖို့နယ်နိမိတ်တစ်ခုငါပေးမယ် ... မြွေမ
ရှိရာသာ တည့်တည့်မတ်မတ်ညွှန်ချေ "
မြွေနက်ကြီးက နားလည်ဟန်ဖြင့် ပါးပြင်းထောင်လာသည်။ ထို့နောက် တရှူးရှူးမြည်သံပေးကာ ပြန်လည်
ထွက်ခွာသွားလေတော့သည်။
" သိန်းအောင်ရေ ... အထုပ်ပြင်ပြီးပလားဟေ့ ... "
" အဆင်သင့်ပါဆရာကြီး "
" ကဲ တို့စထွက်ကြမယ်ဟေ့ ... မြွေမကိုသတ်ပြီး အောင်ပွဲ
ခံရမယ်ကွ... ဟား ဟား ဟား "
ဦးသာဇံမှာ ဝမ်းခေါင်သံကြီးဖြင့် ရယ်မောရင်း ဆရာတပည့်များသည် မြွေနက်ကြီးနောက်လိုက်သွားကြလေ
သည်။
" အား ... ကယျကွပါ "
ကိုတင်ထွန်းမှာ အိပ်မက်ဆိုးများမှ အတက်းရုန်းကန်ရင်း
အိပ်မက်ထဲအော်ဟစ်သံက အပြင်သို့ထွက်လာသည်။ ကို
တင်ထွန်းအော်သံကြောင့် မြသင်းနွယ်လည်း အခန်းထဲမှ
ကပျာကယာထထွက်လာခဲ့သည်။
" အဖေ ... ဘာဖြစ်လို့လဲ အဖေ "
ဖခင်ကိုစိုးရိမ်တကြီးမေးရင်း အခန်းထံပြေးဝင်သွား၏။
ကိုတင်ထွန်းမှာတော့ တကိုယ်လုံးချွေးစေးများပျံကာ စိုး
ထိတ်နေသည့်ဟန်အထင်းသားပေါ်နေသည်။
" မြသင်းနွယ် ... သမီးလေး... "
" ဟုတ်အဖေ ... သမီးရှိတယ် ... အဖေရေအေးအေးလေး
သောက်မလား "
ကိုတင်ထွန်းက ခေါင်းရမ်းပြပြီး မြသင်းနွယ်၏လက်ကို
ဆွဲကိုင်ထားသည်။
" အဖေအိပ်မက်မကောင်းဘူးသမီး ... သမီးလေး အသွား
အလာ ဂရုစိုက်ပါကွယ် "
" အဖေရယ် ... သမီးကဘယ်မှမသွားဘူး ... အိမ်မှာပဲရှိ
တယ် ... သမီးကိုလည်းဘယ်သူမှ အနိုင်မကျင့်ရဲဘူး စိတ်
ချပါအဖေရဲ့ ... စိတ်မပူနဲ့ ... အိပ်မက်ဆိုတာ လျှောက်
မက်တတ်တာပဲ "
" မဟုတ်သေးဘူးသမီး ... အပြင်မှာတကယ်ဖြစ်နေတဲ့
အတိုင်းမက်တာကွဲ့ ... "
" ဘာမက်လို့ဒီလောက်စိုးရိမ်နေရတာလဲ အဖေရယ် "
ကိုတင်ထွန်းမှာ ပြောသင့်မပြောသင့် အလွန်ချင့်ချိန်မနေ
တော့ဘဲ တုံးတိကြီးပြောချလိုက်တော့သည်။
" ငါ့သမီးလေးက မြွေတစ်ကောင်ပြောင်းသွားပြီး နှစ်ပိုင်း
ပြတ်ထွက်သွားတယ် "
မြသင်းနွယ်က အံ့ဩစွာဖြင့် ဖခင်ကိုငေးကြည့်နေမိရင်းမှ
ပျက်ယွင်းသွားသည့်မျက်နှာအားအမြန်ပြင်လိုက်သည်။
" အိုး အဖေကလဲ ဘယ်လိုရယ်စရာကောင်းတဲ့အိပ်မက်
ကြီးပါလိမ့် "
" သမီးက နဂါးသိုကျကလာတာ အဖသေိတယျ ... နဂါး
သိုက်မဟုတ်ပါဘူးအဖေရဲ့ ဘာတွေလျှောက်ပြောနေတာ
တုန်း "
" ဒါဆိုဘယ်ကလာသလဲ ... သမီးသိတယ်မလား .. ဟင် "
မြသင်းနွယ်လည်း လေသံခပ်တိုးတိုးဖြင့် ပြန်ဖြေလိုက်
သည်။
" နဂါးပြည်ပါအဖေရယ် ... ဒါအတိတ်ဘဝကပါ ... အဖေ
ဘာမှမစိုးရိမ်နဲ့ အတိတ်ဘဝကအမေဟာ သမီးကိုစောင့်
ရှောက်ပေးနေပါတယ် "
ကိုတင်ထွန်းမှာသက်ပြင်းရှည်ကြီးချလိုက်လေသည်။ မြ
သင်းနွယ်ထွက်သွားရာကျောပြင်ကိုသာငေးကြည့်ရင်း
ကျန်ရစ်ခဲ့သည်။
" အေးလှရေ ... ငါဘယ်လိုလုပ်ရပါ့မလဲ ... ငါတို့သမီးလေးတစ်ခုခုဖြစ်မှာ ကြောက်လိုက်တာ ... ငါ့ကိုလာကြည့်
ပါဦးအေးလှရာ "
တစ်ကိုယ်တည်းပြောရင်း မျက်ရည်များစီးကျလာနေ
သည်။ သူ၏အိပ်မက်ဆိုးကို မျက်လုံးထဲပြန်လည်မြင်
ယောင်မိနေ၏။
" မဖြစ်ဘူး ... ဒါနိမိတ်ပဲ ... "
ကိုတင်ထွန်းလည်းထိုသို့တွေးမိပြီး အိမ်နောက်ဖက်သို့
တိတ်တဆိတ်ထွက်လာတော့သည်။
" အစ်မတော်နဂါးမယ်တော်ခင်ဗျာ ... သမီးလေးတစုံတခု
ဖြစ်တော့မယ်လို့ ကျွန်တော်ခံစားမိနေတယ်... သမီးလေး
ကို ကယ်တင်ပေးပါဦး "
ကိုတင်ထွန်း၏ခပ်တိုးတိုးရေရွတ်သံက နဂါးပြည်မှ သုဒ
ဘောဃ နဂါးမမှာကြားသိပြီး ရင်ထဲထိတ်ခနဲဖြစ်သွားခဲ့
လေပြီ။ သူ၏နတ်မျက်စိဖြင့် ကြည့်ရှုလိုက်သည့်အခါ
အနက်ရောင်မြွေကြီးအားတွေ့မြင်လိုက်ရတော့သည်။
" အလို .. ဒါ .. ဒါ ''
သုဒဘောဃမှာ အာမေဋိတ်ပြုရင်း နဂါးပြည်မှ အလျှင်အမြန်ဆင်းလာခဲ့လေသည်။ သူမအချိန်မှီပါမည်လားဟုစိုး
တထိတ်ထိတ်ဖြစ်ပေါ်လာသည်။ စင်စစ်ထိုမြွေနက်ကြီး
မှာ နဂါးပြည်မှ နဂါးတစ်ကောင်သာဖြစ်ကြောင်းသူမသိ
ရှိသွားသောကြောင့်ပင်။ ရန်သူတော်ဂဠုန်အားကယ်တင်
ခဲ့သဖြင့် အငြိုးတေးထားသွားသောနဂါးမှာ မြသင်းနွယ်
နဂါးပြည်သို့ ပြန်လမ်းမရှိစေရန် လုပ်ဆောင်နေချေပြီ။
ကိုတင်ထွန်းနှင့်မြသင်းနွယ်မှာတော့ ယင်းအဖြစ်ကိုမသိ
ရှာ။ မိုးမလင်းသေးသဖြင့် ပြန်လည်အိပ်စက်နေကြသည်။
၎င်းတို့ခြံရှေ့တွင် မြွေနက်ကြီးကစိမ်းစိမ်းကြီးစိုက်ကြည့်
နေသည်ကိုသိရှိပါက မည်မျှထိတ်လန့်မည်မသိ။
" ဒီအိမျပဲကှ "
ဦးသာဇံမှာလေသံခပ်တိုးတိုးဖြင့်ဆိုသည်။
" မြွေမ အပြင်ထွက်လာအောင် ဘယ်လိုလုပ်မလဲဆရာ
ကြီး ... ရွာကလူတွေသိကုန်ရင်ခက်မယ် "
" ဟင်း ဟင်း ပိုကောင်းတာပေါ့ကွာ "
ဦးသာဇံက ပြောပြောဆိုဆိုဖြင့် ကိုတင်ထွန်းတို့အိမ်ရှေ့
တွင် နေရာထိုင်ခင်းပြင်ဆင်စေတော့သည်။
" မျိုးမစစ်တဲ့ သမန်းမြွေမ မှန်းသိသွားကြရင် ရွာကလည်း
လက်ခံမှာမဟုတ်တော့ဘူး ... ငါ့လက်ထဲသက်ဆင်းရမှာ
ပဲဟေ့ ... ဟား ဟား ဟား "
ဦးသာဇံက မီးတုတ်ကြီးများထွန်းစေသည်။ ၎င်းတို့၏
အသံများနှင့် မီးရောင်များကြောင့် ရွာခံလူများ နိုးလာကြ
တော့သည်။
" ဘယ်သူတွေလဲဟေ့ "
" ဘယျကလဲ ... ဘာလာလုပျကွတာလဲ "
ရွာသားများမှာ မျက်နှာစိမ်းဦးသာဇံတို့အဖွဲ့အား တုတ်
များကိုင်ထားရင်း မေးမြန်းကြသည်။
" မောင်ရင်တို့ စိတ်အေးအေးထားကြပါ ... ဒီရွာမှ လူ
ယောင်ဆောင်ထားတဲ့ မြွေမတစ်ကောင်ရှိလို့ လာကူညီ
ပေးတာကွဲ့ ... မြွေမက အချိန်ကြာရင် တစ်ရွာလုံးကို သတ်လိမ့်မယ် ... "
ဦးသာဇံစကားကြောင့် ရွာသားများလည်းလှုပ်လှုပ်ရှားရှား
ဖြစ်ကုန်ကြသည်။
" ဘာတွေလျှောက်ပြောနေတာလဲ... ခင်ဗျားတို့ ရွာမှာ
အနုကြမ်းစီး ဓါးပြတိုက်ဖို့ရောက်လာတာမဟုတ်လား "
" အလို ... ဘယ်လိုရိုင်းစိုင်းတဲ့စကားပါလိမ့် ... ငါက
ဆရာကွ ... ဒီလိုအလုပ်မျိုး လုပ်စားတာမဟုတ်ဘူး...
မြွေမက အန္တရာယ်ကြီးလို့ လာကယ်တင်တာ ကျေးဇူးရှင်
ကို စော်ကားတာလား "
" နင်တို့ပြောတဲ့ မြွေမ မပြောနဲ့ အကြီးဆုံးမြွေတောင်
ကျုပ်လက်ကောက်ဝတ်လောက်ပဲရှိတယ် ...ဘယ်က
မြွေမ ရှိမလဲဟဲ့ "
ရွာခံမိန်းမကြီးတစ်ယောက်လည်း ဒေါသတကြီးဖြင့်ဝင်
ပြောလေသည်။
" စောင့်ကြည့်လိုက် ... မြွေမဆိုတာ လက်တွေ့ပြမယ် "
ဦးသာဇံကအသံကျယ်ကျယ်ဖြင့်ပြန်အော်ပြောကာ စည်း
ဝိုင်းချလိုက်တော့သည်။
အိပ်နေရာမှ ဆတ်ခနဲလန့်နိုးလာသောမြသင်းနွယ်မှာ ရုတ်
တရက်မျက်လုံးများနီရဲတောက်လာသည်။
" တောက် ... အမှတ်မရှိတဲ့ ငမိုက်သားတွေ ... ဒီနေ့တော့
သူသေကိုယ်သေပဲ တွေ့ကြသေးတာပေါ့ "
မြသင်းနွယ်မှာ ဒေါသကြောင့် အရေပြားက ပြောင်းချင်
လာနေပြီ။
" သမီး ... သမီးလေး ... "
ကိုတင်ထွန်းက ထိတ်လန့်တကြားပြေးလာ၏။
" မြသင်းနွယ် ... ငါ့သမီးလေး ... အခုနေတုန်း မြန်မြန်ပြေး
တော့ ... ဒီလူတွေကိုအဖေထိန်းထားမယ် "
" အဖေ ... ဘာကိုကြောက်နေတာလဲ ... သူတို့ကဘာလုပ်
နိုင်မှာလဲအဖေရဲ့ ... သမီးကိုယုံစမ်းပါ "
ကိုတင်ထွန်းက လက်ဖိားခြေဖျားများပင်အေးစက်လာ
နေသည်။ မြသင်းနွယ်မှာတော့ မမှုသကဲ့သို့ ပုံပင်။
" အဖေနိမိတ်တွေမကောင်းတာ ကြာပြီသမီး ... ပြဿနာ
မဖြစ်ချင်ပါနဲ့ ... ခုနေမြန်မြန်သွားပုန်းပါသမီးရယ် ...
အဖေတောင်းပန်ပါတယ် "
ရင်ထဲဆို့နစ်သံနှင်ပြောနေသော ဖခင်ကို စိတ်မကောင်း
စွာဖြင့်ကြည့်မိနေ၏။
" ဒါပုန်းရှောင်လို့ရမယ့်အရာမဟုတ်ဘူးအဖေ ... သူတို့
ဒီအထိတောင်လိုက်လာပြီးပြီ ... သမီးထွက်တွေ့မှပြီး
မှာ "
" မြသင်းနွယ် အဖေ့စကားနားမထောင်ဘူးလား ... သွား
တော့လို့ပြောနေတာမကြားဘူးလား ဟမ် "
တခါမျှပင် မအော်ငေါက်ဖူးသောဖခင်ထံမှ ရင့်သီးဟန်ရ
သည့်စကားကြားရသဖြင့် မြသင်းနွယ်မှာ ဝမ်းနည်းမိသွား
တော့သည်။
" အဖေ ... သမီးပြောတာသေချာနားထောင် ... သူတို့ကို
ခေါ်လာတာ ဘယ်သူထင်လဲ "
" ဘယျသူလဲ "
" အတိတ်ဘဝက သမီးကိုအငြိုးထားတဲ့ ကုမ္မာရဆိုတဲ့
နဂါးပဲ ... သူကသမီးဘယ်မှာနေနေ ခြေရာခံနိုင်တယ်...
ထွက်ပြေးလည်းလိုက်နေမှာပဲ ... သူက သေစေချင်တာ
အဖေ ... ဒီညတော့ ကုမ္မာရပါ အပြတ်ရှင်းရမှာပဲ ... အဖေ
အိမ်ထဲမှာပဲနေ ... အပြင်မထွက်လာနဲ့... လုံးဝမထွက်မိစေ
နဲ့နော်အဖေ "
မြသင်းနွယ်က အပြင်မထွက်ရန်အထပ်ထပ်မှာပြီး အိမ်
တံခါးကိုဖွင့်လိုက်လေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်