
စကားလုံးတွေက ဓားတွေထက် ပိုထက်ပြီး လူတောင်သတ်နိုင်တယ်လို့ ပြောတတ်ကြပါတယ်။ ဒါဟာ တကယ့်ကို အမှန်တရား တစ်ခုဖြစ်ပြီး စကားတစ်ခွန်းကြောင့်လည်း လူတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။ အထူးသဖြင့် ချစ်သူအချင်းချင်းကြားမှာ ဒီလိုစကားတွေကို ဘယ်တော့မှ မပြောသင့်ပါဘူး။ ဒါက ဆက်ဆံရေးကို ဆိုးဝါးစွာ ထိခိုက်စေရုံမက မလိုအပ်ပဲ နာကျင်စရာတွေ များစေလို့ပါပဲ။
ကဲ့ရဲ့ရှုတ်ချတာ

shutterstock/Look Studio
ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ကဲ့ရဲ့ရှုတ်ချတတ်တဲ့ အပြုအမူတွေက တကယ်တမ်းမှာ အချစ်လို့ခေါ်ဖို့တောင် ခက်ခဲလွန်းပါတယ်။ ကိုယ်ချစ်လို့ လက်တွဲထားတဲ့ သူတစ်ယောက်ကို စနောက်ပြီးတော့တောင် ကဲ့ရဲ့တာမျိုး မလုပ်သင့်ပါဘူး။ ဒါက တစ်ဖက်လူကို စိတ်ဒဏ်ရာရစေသလို ကိုယ့်လုပ်လိုက်တဲ့ အပြုအမူဟာ ဘယ်လောက်တောင် အမြင်ကတ်စရာကောင်းလဲဆိုတာကို ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်ပါ။
အားနည်းချက်ကို ပြောတာ

shutterstock/Look Studio
ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် သူတစ်ပါး အားနည်းချက်ကို ဖိပြောတတ်တာက လူကြီးလူကောင်း မဆန်ပါဘူးနော်။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြပါတယ် ဒါကိုမှ သူများအားနည်းချက်ကို အရေးတယူလုပ်ပြီး ခဏခဏ ပြောတတ်တဲ့ အကျင့်က ဆက်ဆံရေးတစ်ခုကို ပျက်ပြားသွားစေတတ်ပါတယ်။ ဘယ်သူကမှ ကိုယ့်အားနည်းချက်ကို လိုက်ပြောနေတာမျိုးကို ကြိုက်မယ်မထင်ပါဘူးနော်။
သူများတွေဆီမှာ မကောင်းကြောင်းတွေ ပြောတာ

shutterstock/Look Studio
ဆက်ဆံရေးတစ်ခု ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ၊ ဘယ်လောက်ပဲ ပြသနာတွေ ရှိနေပါစေ ကာယကံရှင် နှစ်ယောက် တိုင်ပင်ဆွေးနွေးပြောဆိုတာက အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ပါတယ်။ ကိုယ့်ချစ်သူ မကောင်းကြောင်းတွေကို သူများတွေဆီမှာ လိုက်ပြောတတ်တာမျိုးက တကယ့်မမိုက်ပါဘူးနော်။ ဒါက ကိုယ့်ချစ်သူမကောင်းတာကို သူများတွေသိအောင် လုပ်နေသလိုဖြစ်ပြီး ချစ်သူကလည်း ကိုယ့်ကိုယ် စိတ်ပျက်သွားစေမှာပါ။ ကိုယ့်ပြသနာကို လူတိုင်းကို ပြောမိတဲ့အခါ သင့်ကို ကြည့်မရတဲ့ သူတွေက သင့်နောက်ကွယ်ရောက်ရင် လှောင်ရယ်နေကြပါလိမ့်မယ်။
လူတွေရှေ့မှာ ဒေါသတကြီး ပြောဆိုတာ

shutterstock/Look Studio
ဘယ်လောက်ပဲ ဒေါသတွေဖြစ်နေပါစေ ကိုယ့်ချစ်သူကို လူရှေ့သူရှေ့ အော်ဟစ်ပြောဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ဒေါသကြောင့် အော်လိုက်မိတဲ့ စကားတစ်ခွန်းက သူ့ရဲ့ အရှက်သိက္ခာတွေ၊ ဘေးလူတွေရဲ့ ဝေဖန်တဲ့အမြင်တွေနဲ့ သက်ဆိုင်နေပါတယ်။ ချစ်သူကို လူရှေ့မှာ အော်ဟစ်ပေါက်ကွဲတတ်တဲ့ အကျင့်က တကယ့်ကို အကျဉ်းတန် ရုပ်ဆိုးလွန်းသလို တစ်ဖက်လူအတွက်လည်း အရှက်တကွဲ စိတ်ဒဏ်ရာ ရစေတတ်ပါတယ်။
Khin