
မပြောခင် စဉ်းစားပါ
လူတစ်ဦးတစ်ယောက်ခြင်းဆီမှာ အကြောင်းပြချက်တွေ၊ ခံစားချက်တွေ အမျိုးမျိုးရှိနေနိုငိပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း၊ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူတစ်ခုဟာဆိုရင် တစ်ခြားသူတွေကို ထိခိုက်မှုမရှိအောင် အများကြီး ဂရုထားရမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ပိုဆိုးတာပေါ့။ လူတိုင်းဟာ စိတ်ထွက်ပေါက်မဲ့နေတယ်။ စိုးရိမ်မှုတွေ မြင့်တက်နေတယ်။ မွန်းကြပ်မှုတွေနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြရတယ်။
ဒီ့အတွက် တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုဖော်ပြပေးမယ့် အချက်အလက်လေးတွေကို ဂရုပြုပြီး ခံစားချက်တွေကို ဖွင့်မပြောပေမယ့် တစ်ဦးရဲ့စိတ်ကိုတစ်ဦး နားလည်နိုင်ကြပါစေ။ လူတစ်ယောက်ဟာ သာမန်ထက်ပိုပြီး အိပ်စက်နေတယ်ဆိုတာ သူတကယ်ခံစားပြီး ငိုကြွေးနေရလို့ပါ။ လူတစ်ယောက်ဟာ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် ရယ်မောစရာအဖြစ် အသွင်ပြောင်းနေခြင်းဟာ အဖော်မဲ့နေတဲ့ အထီးကျန်ခြင်းကို ရင်ဆိုင်ကြုံတွေ့နေရလို့ပါ။ လူတစ်ယောက်ဟာ အလျင်စလို စိတ်ဆိုးဒေါသကြီးနေခြင်းဟာ ချစ်ခြင်းမေတ္တာတွေ ခမ်းခြောက်နေလို့ပါ လူတစ်ယောက်ဟာ ငိုသံတွေမထွက်ဘဲ ကြိတ်ပြီးခံစားနေခြင်းဟာ အင်အားတွေ ချိနဲ့နေလို့ပါ လူတစ်ယောက်ဟာ စကားနည်းပြီး မြန်မြန်ပြောနေခြင်းဟာ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းနေရလို့ပါ။ လူတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့နည်းတွေနဲ့ အစားအသောက်တွေ စားနေခြင်းဟာ စိတ်ဖိစီးမှုတွေ လွန်ကဲနေလို့ပါ။ လူတစ်ယောက်ဟာ အသေးအဖွဲကိစ္စလေးတွေကို ခံစားချက်ကြီးစွာ ငိုကြွေးနေခြင်းဟာ အပြစ်ကင်းစင်ပြီး စိတ်ဓာတ်ပျော့ပြောင်းနေလို့ပါ။
မပြောခင် စဉ်းစားပါ
လူတစ်ဦးတစ်ယောက်ခြင်းဆီမှာ အကြောင်းပြချက်တွေ၊ ခံစားချက်တွေ အမျိုးမျိုးရှိနေနိုငိပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း၊ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူတစ်ခုဟာဆိုရင် တစ်ခြားသူတွေကို ထိခိုက်မှုမရှိအောင် အများကြီး ဂရုထားရမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ပိုဆိုးတာပေါ့။ လူတိုင်းဟာ စိတ်ထွက်ပေါက်မဲ့နေတယ်။ စိုးရိမ်မှုတွေ မြင့်တက်နေတယ်။ မွန်းကြပ်မှုတွေနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြရတယ်။
ဒီအတွက် တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုဖော်ပြပေးမယ့် အချက်အလက်လေးတွေကို ဂရုပြုပြီး ခံစားချက်တွေကို ဖွင့်မပြောပေမယ့် တစ်ဦးရဲ့စိတ်ကိုတစ်ဦး နားလည်နိုင်ကြပါစေ။ လူတစ်ယောက်ဟာ သာမန်ထက်ပိုပြီး အိပ်စက်နေတယ်ဆိုတာ သူတကယ်ခံစားပြီး ငိုကြွေးနေရလို့ပါ။ လူတစ်ယောက်ဟာ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် ရယ်မောစရာအဖြစ် အသွင်ပြောင်းနေခြင်းဟာ အဖော်မဲ့နေတဲ့ အထီးကျန်ခြင်းကို ရင်ဆိုင်ကြုံတွေ့နေရလို့ပါ။ လူတစ်ယောက်ဟာ အလျင်စလို စိတ်ဆိုးဒေါသကြီးနေခြင်းဟာ ချစ်ခြင်းမေတ္တာတွေ ခမ်းခြောက်နေလို့ပါ လူတစ်ယောက်ဟာ ငိုသံတွေမထွက်ဘဲ ကြိတ်ပြီးခံစားနေခြင်းဟာ အင်အားတွေ ချိနဲ့နေလို့ပါ လူတစ်ယောက်ဟာ စကားနည်းပြီး မြန်မြန်ပြောနေခြင်းဟာ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းနေရလို့ပါ။ လူတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့နည်းတွေနဲ့ အစားအသောက်တွေ စားနေခြင်းဟာ စိတ်ဖိစီးမှုတွေ လွန်ကဲနေလို့ပါ။ လူတစ်ယောက်ဟာ အသေးအဖွဲကိစ္စလေးတွေကို ခံစားချက်ကြီးစွာ ငိုကြွေးနေခြင်းဟာ အပြစ်ကင်းစင်ပြီး စိတ်ဓာတ်ပျော့ပြောင်းနေလို့ပါ။
Credit : Ko Ye (Barlarlar)