စိတ်ဆိုးဒေါသထွက်ပြီး အိပ်ပျော်သွားတဲ့အခါမှာ ကြုံလာရနိုင်တဲ့ အချက်များ
myanmaplatform.com
|
2020-09-29



လူရယ်လို့ ဖြစ်လာရင်တော့ စိတ်ဆိုးဒေါသထွက်စရာဆိုတာကတော့ ကြုံရမှာပါပဲ။ စိတ်အခန့်မသင့်ရာကနေ ဒေါသဖြစ်လာတတ်ကြောင့်တော်ရုံတန်ရုံ ကိစ္စတွေလောက်မှာ စိတ်ကို အရမ်းကြီး တင်းမထားဖို့တော့ လိုအပ်ပါတယ်။ တစ်ယောက်ယောက်ကို စိတ်ဆိုးဒေါသထွက်ပြီး အိပ်ဖူးပါသလား.... စိတ်ဆိုးဒေါသထွက်ပြီး အိပ်ပျော်သွားတဲ့ အခါမှာ ဘယ်လိုတွေ ကြုံလာရနိုင်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဒေါသထွက်နေတာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။




ဒေါသထွက်ပြီး အိပ်ရာဝင်တဲ့ အခါမှာ ဘယ်သူမှ လွယ်လွယ်နှင့် အိပ်မပျော်ကြပါဘူး။ခန္ဓာကိုယ်က ဒေါသကြောင့် နိုးကြားနေမှာဖြစ်ပြီး အိပ်ပျော်သွားရင်တောင် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုရရှိနိုင်မှာမဟုတ်ပါဘူး

ကျန်းမာရေးကို ထိခိုက်နိုင်တယ်။




အားလုံးသိထားကြတဲ့ အတိုင်းပါပဲ။ဒေါသထွက်ခြင်းက ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ညဘက်မှာ ဒေါသဖြစ်တဲ့ အခါမှာ အိပ်စက်ခြင်းကို ပါထပ်ပြီး ထိခိုက်ပြန်ပါတယ်။ အိပ်စက်ခြင်း က လူသားတိုင်းရဲ့ ကျန်းမာရေး အတွက် တကယ်ကို အရေးပါတာပဲဖြစ်ပါတယ်။ အိပ်စက်ခြင်းကို ပျက်ပြားစေတဲ့ဒေါသထွက်ခြင်း ကကျန်းမာရေးကို ဘယ်လောက်တောင်ထိခိုက်နိုင်လည်းဆိုတာကို ခန့်မှန်းမိမယ်ထင်ပါတယ်။

ဒေါသထွက်ပြီး အိပ်လိုက်တာက ခံစားချက်ကိုပိုဆိုးစေပါတယ်။




တစ်ချို့ကတော့ ဒေါသထွက်ခြင်းကို ဖြေလျှော့နိုင်မယ် အထင်နှင့်ပဲ ဒေါသထွက်ပြီး အိပ်ရာဝင်လေ့ရှိပါတယ်။ဒါပေမယ့်လည်း ဒီအချက်က လွဲမှားနေတာပဲဖြစ်ပါတယ်။ အိပ်စက်နေစဉ် ကာလအတွင်းမှာ သင့်ရဲ့ ဦးနှောက်က အလုပ်လုပ်နေမှာဖြစ်တာကြောင့် သင့်ရဲ့ အတွေးများနှင့် ဒေါသထွက်ရတဲ့ အကြောင်းများကို ရေရှည်မှတ်ညဏ်အဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ရေရှည်မှာ ဒေါသထွက်စရာတွေကို မှတ်မိနေမယ်ဆိုရင်တော့ သငိ့အတွက် ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဆိုးဒေါသထွက်ခြင်းကို ဖြေလျှော့ပြီးမှ အိပ်ရာဝင်လိုက်တာ အကောင်းဆုံးပါပဲ။

စိတ်ဆိုးဒေါသထွက်ခြင်းကို လူတိုင်း ကြုံတွေ့ရနိုင်ပါတယ်။ဒါပေမယ့်လည်း ကိစ္စတိုင်းကို ဒေါသတွေလိုက်ထွက်နေမယ်ဆိုရင်တော့ သိတဲ့ အတိုင်း သင့်ရဲ့ ကျန်းမာရေးကိုပဲထိခိုက်နိုင်ပါတယ်။ ဒေါသကြီးခြင်းကို ဖြေလျှော့နိုင်ဖို့ နည်းလမ်းတွေကတော့ ပြသာနာကို အမြန်ဖြေရှင်းလိုက်တာမျိုး၊စိတ်ကို တည်ငြိမ်အောင် တရားထိုင်ခြင်းနှင့် ယောဂ ကျင့်ခြင်းတို့ကို လုပ်နိုင်ပါတယ်။ ဒေါသထွက်စရာ ကြုံတွေ့လာတဲ့ အခါမှာ လည်း အသက်ကို ပြင်းပြင်းရှုသွင်း လုပ်ခြင်းက ဒေါသကို ပြေစေနိုင်ပါတယ်။




Some text some message..