ကံနိမ့်နေတဲ့အချိန် အိမ်မှာ မထားကောင်းတဲ့ ပစ္စည်းများ
auntymay.com
|
2020-10-05

ကိုယ့်ကိုယ်ကို ကံနိမ့်နေတယ်လို့ ခံစားရတဲ့ အခိုက်အတန့် မျိုး လူတိုင်း ကြုံဖူးကြမှာပါ။ဘာလုပ်လုပ် အဆင်မ ြေ ပနေတာ မျိုး တွေ၊ ပြဿနာ တွေ တစ်ခုပြီး တစ်ခု နဲ့ကြုံ နေရတာ မျိုးတွေ နဲ့ ကြုံ နေမယ်ဆိုရင် တော့ အ ကောင်းဆုံးက ကိုယ်လက်ခံ ယုံကြည်တဲ့ ဘာသာ တရားကို လုပ် ပေးပါ။ဒါ့အပြင် ကိုယ့်ရဲ့ နေအိမ်မှာ ဒီလို အရာတွေ ဖြစ်နေမယ်ဆိုရင် ပြင်လို့ ရရင် ပြုပြင်ပါ၊ပြင်လို့ မရရင် တော့ လွှင့် ပစ်ပေးပါ။

နာရီ ပျက်

Image:freepik.com/lifeforstock

နာရီပျက်တွေကို အိမ်မှာ မထားပါနဲ့။အရမ်းတွေ တန်ဖိုးကြီးနေတဲ့ ရှေးဟောင်းနာရီ မျိုးဆိုရင် တော့ လဲ ချွင်း ချက်ပါ။အဲ့လို မှ မဟုတ်ဘူး ဆိုရင် တော့ ရပ်နေတဲ့ နာရီ ဆိုရင် ဓါတ်ခဲ အသစ် လဲ ပေးပါ။နာရီ ရပ်နေတာ တွေ၊ပျက် နေတာ မျိုး တွေကို ကိုယ် ကံနိမ့် နေတဲ့ အချိန် မျိုးတွေ မှာ ဒီအတိုင်း မထားပါနဲ့။

ပန်းတွေခြောက် နေရင် လဲပစ်ပါ

Image:freepik.com/wirestock

ဘုရားပန်းပဲ ဖြစ်ဖြစ် နေအိမ် ဧည့်ခန်းမှာ အလှထိုးထားတဲ့ ပန်းတွေ ပဲ ဖြစ်ဖြစ် ခြောက်နေ ၊ညှိုးနွမ်း နေတာ မျိုးတွေ ကို မထား ကောင်းပါဘူး။နောက်တစ်ခုက စိုက်ထားတဲ့ ပန်းပင် တွေ သေ နေ ခြောက် နေတာ မျိုး ဆိုရင်လည်း လွှင့်ပစ်ပေးပါ။

ထီးဖွင့် ထားတာမျိုးတွေ ရှောင်ပါ

Image:freepik.com/upklyak

ထီးတွေ ကို လှန်းပြီး ရင် ပြန်ပိတ်ပါ။မိုးစိုနေလို့ လှန်းရင် လည်း သတိတရ နဲ့ ပြန် ပိတ် ပေးပါ။အထူးသဖြင့် တစ္ဆေကြီးပွဲ ကာလ မျိုးတွေ မှာ ဆိုရင် ဒီလို အရာ မျိုးကို ပိုပြီး ရှောင်ရပါတယ်။ ဝိဉာဉ် တွေ ကို သူတို့ အတွက် ခိုနားဖို့ ရှာနေတဲ့ အချိန် မို့ ထီး တွေ အထူးသဖြင့် အနီ ရောင်၊ အနက် ရောင် ထီးတွေ ကိုဖ ွင့် မထား ကောင်းပါဘူး။

မှန်ကွဲ တွေ မထားကောင်း

Image:freepik.com/artalex

ကွဲနေတဲ့ မှန် ကိုပဲ ဖြစ်ဖြစ်၊မှန်ကွဲစ တွေ ကိုပဲ ဖြစ်ဖြစ် ကံနိမ့်နေတဲ့ အချိန်မျိုးတွေ ဆိုရင် အိမ် ထဲမှာ မထား ကောင်းပါဘူး။ဒါက တော့ ငယ်ငယ်တည်းက လူကြီး မိဘ တွေ ပြော လို့ ခဏခဏ ကြားဖူးမှာပါ။မှန်ကွဲ တွေ ထားရင် လာဘ် တိတ်တာ၊ကံ နိမ့်တာ မျိုး တွေ ဖြစ် တတ်ပါတယ်။ပရိဘောဂ ပစ္စည်း အကျိုးအပဲ့ တွေကိုလည်း တက်နိုင် ရင် အိမ်ထဲမှာ မထားပါနဲ့။

နိမိတ် မကောင်းတဲ့ ပုံတွေ မထားပါနဲ့

Image:freepik.com/user12952888

တစ်ခါ တလေ ကျရင် တော့ ကိုယ့်ရဲ့ မျက်နှာ စာမှာပဲ ဖြစ်ဖြစ်၊ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ် ကြိုက်လို့ ၊သဘောကျ လို့ ထူးထူးဆန်းဆန်း အတိတ် နိမိတ် မ ကောင်းတဲ့ ပုံ မျိုးတွေ ကို ထားလေ့ရှိပါတယ်။ဥပမာ- အရိုးခေါင်းပုံတို့၊အနိဌာရုံ ပုံ မျိုးတွေ..ပါ။ဒီလို ပုံ မျိုးတွေ ကို တော့ တခြား အချိန်မှာ ချိတ် ထား ဆွဲထားရင် ကိစ္စ မရှိပေမယ့် ကိုယ်က ကံနိမ့်ပြီး ဘာ လုပ်လုပ် အဆင်မ ပြေ နေ တဲ့ အချိန် မျိုးဆိုရင် တော့ ခဏ လောက်ပဲ ဖြစ်ဖြစ် ဖြုတ် ထားပေးပါ။တက်နိုင်ရင်တော့ မထားတာ ကောင်းပါတယ်။

#AUNTYMAY




Some text some message..