အခုချက်ချင်းစွန့်ပစ်လိုက်သင့်ပြီဖြစ်တဲ့ အဆိပ်အတောက်ဖြစ်စေသော မိန်းမသဘာဝ(Femininity)(၉) ချက်
lifestylemyanmar.com
|
2020-10-06



အချိန်တွေဟာ ပြောင်းလဲနေသလို ကမ္ဘာကြီးဟာလည်း တဖြည်းဖြည်းနှိုးထလာပြီး အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ တူညီသောအခွင့်အရေးရရှိသင့်တယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံလာနေကြပါပြီ။ အမျိုးသမီးတွေဟာ ဒုတိယလူသားတွေသာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေကိုလည်း ရပ်တန့်ဖို့အချိန်လည်း ရောက်နေပါပြီ။ သို့ပေမယ့် အမျိုးသမီးတွေဟာ အဆိပ်အတောက်တစ်ခုလိုမျိုးစွဲမြဲနေတဲ့ မိန်းမသဘာဝ (femininity) အသိမ်အဖျင်းတွေကို ဖျောက်ပစ်ဖို့လိုပါတယ်။

အဆိပ်အတောက်ဖြစ်စေတဲ့ ယောင်္ကျားသဘာဝ(masculinity) ဟာလည်း လူ့ဘောင်အဖွဲ့အစည်းရဲ့ တိုးတက်မှုကို ထိခိုက်စေသလို အဆိပ်အတောက်ဖြစ်စေတဲ့ မိန်းမသဘာဝ (femininity)ဟာလည်း လူ့ဘောင်အဖွဲ့အစည်းကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့ ရှောင်ရှားနိုင်ဖို့ အဆိပ်အတောက်ဖြစ်စေတဲ့ မိန်းမသဘာဝတွေကို မျှဝေပေးချင်ပါတယ်။




၁။ ကျွန်မက တစ်ခြားမိန်းမတွေနဲ့ မတူဘူး

အထူးသဖြင့် ဒီလိုစကားလုံးတွေ သုံးတတ်တဲ့အမျိုးသမီးတွေဟာ တစ်ခြားအမျိုးသမီးကို နှိမ်ချပြောဆိုခြင်း ကိုယ့်ကိုယ်ကိုယ်ဂုဏ်တင်ချင်တဲ့ အမျိုးသမီးတွေဖြစ်နေတတ်ပါတယ်။ တကယ်တော့ အမျိုးသမီးတိုင်းမှာ မတူကွဲပြားသော အရည်အချင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်တစ်ခြားအမျိုးသမီးတွေနဲ့ မတူဘူးကြေငြာခြင်းက ၎င်းအမျိုးသမီးတစ်ဦးတည်းကသာ အင်မတန်သာလွန်ထက်မြက်နေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးအချင်းချင်း ဖိနှိပ်ခြင်းဖြစ်သလို အဆိပ်အတောက်ဖြစ်စေတဲ့ Femininity ဝါဒတစ်ခုလည်းဖြစ်ပါတယ်။




၂။ သူမက အရမ်းအူတူတူ အတတနိုင်တာပဲ, မထင်ရဘူးနော် (လည်မလိုလိုနဲ့ အတယ်)

ဒီကနေ့ခေတ်မှာတောင်မှ အသိဉာဏ်မပြည့်စုံသောအမျိုးသားအများစုဟာ အမျိုးသမီးတွေကို ထုံထိုင်းနေသူ၊ အူတူတူ အတတနိုင်သူတွေအဖြစ် ယူမှတ်နေကြတုန်းပါပဲ။ ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်နေသရွေ့ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ အင်မတန်ခက်ခဲပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီးအချင်းချင်းပြန်လည် လှောင်ပြောင်ပြီး အမျိုးသားတွေရဲ့ ပါးစပ်ဖျားပေါ်က စာအုပ်ကောင်းတွေဖြစ်လာဖို့ပဲ ကြိုးစားနေတာက ပိုဆိုးပါတယ်။

အပြင်ပန်းကြည့်မယ်ဆိုရင် ကြည့်မယ်ဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေကို နှိမ်ချနေသလိုထင်ရပေမယ့် တကယ်ပုံကြီးချဲ့ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေမှာ အမျိုးသမီးတွေက အဓိကနေရာကပါဝင်နေပါတယ်။




၃။ ကလေးမရှိရင် နင့်ဘဝကြီးက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီးဖြစ်နေလိမ့်မယ်

မိဘဖြစ်ရခြင်းက လူတစ်ယောက်ရဲ့ ဘဝကို တကယ်တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေကို မကြိုက်ဘူး ဒါမှမဟုတ် ကလေးမွေးဖို့ အစီအစဉ်မရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒီအကြောင်းအရာအပေါ်မှာ အပြစ်ရှိတယ်လို့ ခံစားနေရတယ်ဆိုရင် ဒါဟာ လုံးဝမတရားပါဘူး။ အကြောင်းရင်းကတော့ အမျိုးသမီးတွေမှာ ကိုယ်ပိုင်အခွင့်အရေးရှိသင့်တာကြောင့်ပါ။

ကလေးတွေကို ပိုင်ဆိုင်ရခြင်းက အင်မတန်လှပသောအရာဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ဒါဟာ အမျိုးသမီးတွေရဲ့ ဘဝအတွက် အရာအားလုံးမဟုတ်သလို ဘဝရဲ့ အဆုံးသတ်လည်းမဟုတ်ပါဘူး။




၄။ မိန်းမတွေ ထက်မြက်လွန်းရင် ယောင်္ကျားတွေ ကြောက်ရွံ့ကြတယ်

ဒီအဆိုကို ထောက်ခံသော အမျိုးသမီးတွေဟာ အသိဉာဏ်မရှိသော နှုံအသောအမျိုးသားတွေရဲ့ ခြိမ်းခြောက်မှုကို ခံထားရသော အမျိုးသမီးတွေဖြစ်နိုင်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျတယ်ဆိုတဲ့ သိမ်နုတ်နုတ်အတွေးအခေါ်တွေလည်း ရှိနေသေးတာကြောင့်ပါ။ စစ်မှန်သော အမျိုးသားတွေဟာ ကိုယ့်ရဲ့ ပါတနာကို လက်တွဲခေါ် ပံ့ပိုးပေးလေ့ရှိပြီး ဦးနှောက်ရှိသော (သို့) Strong ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ တစ်ဖက်မှာလည်း သူတို့အမျိုးသမီးအတွက် ဂုဏ်ယူတတ်ကြပါသေးတယ်။




၅။ မိန်းကလေးမှန်ရင် အချိုးအဆစ်ပြေပြစ်လှပနေသင့်တယ်

မိန်းမတိုင်း မတူကွဲပြားသော ကိုယ်ခန္ဓာအချိုးအစားရှိကြပြီး မိန်းမတိုင်းဟာလည်း သူမတူအောင် ထူးခြားလှပနေကြပါတယ်။ လူတွေဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ရှေးအယူအဆတွေနဲ့ တိုင်းထွာကြရင်း မိန်းမဆန်/မဆန် ဆုံးဖြတ်ကြပါတယ်။ တစ်ဆက်တည်း ပိုကောင်းအောင်လုပ်ဖို့ လှောင်ပြောင်တိုက်တွန်းကြပါသေးတယ်။

သို့ပေမယ့် အဝလွန်နေတဲ့ အမျိုးသမီးတွေကို ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စော်ကားရှုံ့ချနေသလို ခန္ဓာကိုယ်ပါးလွှာသောအမျိုးသမီးတွေအပေါ်မှာ အပြစ်တင်ကဲ့ရဲ့ကြပြန်ပါတယ်။ တကယ်တော့ လူတွေမျာ သတ်မှတ်ထားတဲ့ အင်မတန်လှပသော တသမတ်တည်းခန္ဓာကိုယ်အချိုးအစားဆိုတာ ရှိမနေပါဘူး။ Body Shaming ဆိုတာ ခန္ဓာကိုယ်အချိုးအစားအပေါ် မူတည်ခြင်းမရှိဘဲ သူတို့ရဲ့ ကဲ့ရဲ့ချင်နေတဲ့ စိတ်ဓာတ်တွေအပေါ်မှာသာ မူတည်ဆိုတာ သိထားပါ။




၆။ သူမက အိမ်ထောင်ရှင်မတစ်ယောက်မျှသာပါပဲ (ဒီ့ထက် ဘာမှမပိုဘူး)

တကယ်တော့ အိမ်အပြင်ထွက်ပြီး ငွေထွက်ရှာတတ်တဲ့ အမျိုးသမီးဟာလည်း အရေးကြီးသူတစ်ယောက်ဖြစ်သလို ဒါဟာလည်း အိမ်ကို စောင့်ရှောက်ခြင်းတစ်မျိုးပါပဲ။ Your Life, Your Choice ပါပဲ။ တစ်ခြားလူတွေရဲ့ ဝိုင်းဝန်းပြီး မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် အိမ်ထောင်ရှင်မဖြစ်စရာမလိုသလို မဖြစ်စရာလည်း အကြောင်းမရှိပါဘူး။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ရခြင်းက အလုပ်ခွင်က Professional တစ်ယောက်ဖြစ်ရခြင်းထက် တစ်ခါတရံမှာ ပိုပြီးခက်ခဲတယ်ဆိုတာ လူတိုင်းသိကြပါတယ်။




၇။ သူမက အရမ်းမိန်းမဆန်တာပဲ

ရာစုနှစ်ပေါင်းများစွာကတည်းက အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သာလွန်ကြတယ်လို့ ကျွန်မတို့ကို ယုံကြည်စေခဲ့ပါတယ်။ အမျိုးသားတွေကသာ အမျိုးသမီးတွေထက် ပိုပြီးစွမ်းရည်တွေရှိကြတယ်၊ ပိုပြီးအားကောင်းကြတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ ပိုပြီးအားနည်းတဲ့ ဣတ္တိယမျိုးတွေပဲ။ အမျိုးသမီးတစ်ဦးကို ယောင်္ကျားလေးတစ်ယောက်နဲ့ နှိုင်းယှဉ်ခြင်းဟာ ချီးမွမ်းခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးကို အမျိုးသမီးတစ်ဦးနဲ့ နှိုင်းယှဉ်ခြင်းဟာ စော်ကားမှုဖြစ်ပါတယ်။

သဘာဝအားဖြင့် အမျိုးသမီးတွေရဲ့ သဘာဝဟာ အင်မတန်ရှက်ရွံ့တတ်ကြပြီး ဒါကိုလည်း ‘အရမ်းမိန်းမဆန်လွန်းတယ်’လို့ ဆိုတတ်ကြပြန်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ အမျိုးသားသဘာဝကို ပံ့ပိုးတဲ့အနေနဲ့ ယောင်္ကျားဆန်ပြတဲ့အခါ သူရဲကောင်းဖြစ်သွားပြီး အမျိုးသမီးတစ်ယောက်ဟာ ဘာကြောင့် မိန်းမဆန်လွန်းရင် မကောင်းဘူးဖြစ်သွားရတာလဲ?




၈။ မင်း Period ကာလမှာ ပိုပြီး Strong ဖြစ်နေဖို့ လိုအပ်တယ်

ရာသီလာခြင်းဟာ ခက်ခဲသောအခြေအနေတွေမှာ ကိုင်တွယ်ရခက်ခဲပြီး အလွန်အမင်းနာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ နာကျင်မှုတွေကို ခံနိုင်ရည်ရှိသူတွေနှင့် နှိုင်းယှဉ်ပြီး တစ်ဦးနှင့် တစ်ဦးယှဉ်ပြိုင်ခြင်းက အင်မတန်မှားယွင်းပါတယ်။ တစ်ချို့အမျိုးသမီးတွေအနေနဲ့ ဒီလိုကာလကို ပုံမှန်အနေနဲ့ အေးအေးဆေးဆေးဖြတ်သန်းနိုင်သော်လည်း တစ်ခြားအမျိုးသမီးတွေအတွက်တော့ အိပ်ရာထဲမှာနေရရင်တောင် အလွန်တရာမှ ခက်ခဲစွာဖြတ်သန်းကြရပါတယ်။

ဒုတိယအမျိုးအစားအမျိုးသမီးတွေကို ‘ငါတို့လည်း ရာသီလာတာပါပဲ၊ နင်တစ်ယောက်တည်းမှ မဟုတ်ဘူး၊ ဖြစ်ပျက်နေလိုက်တာ’ လို့ ကဲ့ရဲ့ရှုတ်ချနေမယ့်အစား ၎င်းတို့ကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကူညီပေးပါ။ ရာသီလာခြင်းဟာ အမျိုးသမီးတွေ အတူတကွပေါင်းစပ်ကူညီပေးနိုင်တဲ့ အကြီးမားဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။




၉။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးရင့်ကျက်သလို ပိုပြီးတာဝန်ယူနိုင်ပါတယ်

အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ လုံလုံလောက်လောက်စွမ်းဆောင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ပိုရင့်ကျက်တယ်၊ အမြဲတမ်းလူကြီးဖြစ်သင့်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်စသဖြင့် သွယ်ဝိုက်ဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်တော့ ယောင်္ကျား၊ မိန်းမဆိုတာထက် တစ်ဦးနဲ့ တစ်ဦး ပိုမိုကောင်းမွန်လာစေဖို့သာ ထောက်ပံ့ကူညီသင့်ပါတယ်။ ခွဲခြားနေခြင်းမှာ မျှတမှုမရှိပါ။

Lifestyle_Myanmar
Nyein_Thu


Ref-theminjournals




Some text some message..