Extrovert လို့ဆိုလိုက်တာနဲ့ ဆိုရှယ်ကျတယ်၊ ပွင့်လင်းတယ်၊ စကားအင်မတန်ပြောနိုင်ပြီး အရာရာတိုင်းကို စိတ်အားထက်သန်ပါတယ်ဆိုတဲ့ လူမျိုးတွေကိုပဲ မြင်မိကြမှာပါ။ ဒါပေမယ့် ဒီလိုမျိုး Extrovert မှာတောင်မှ အမျိုးအစားတွေ ထပ်ခွဲထားတာကို အံ့အားသင့်ဖွယ် မြင်တွေ့ရပြီး ဒီနေ့မှာတော့ Extrovert ထဲက မတူညီတဲ့အမျိုးအစား (၄) မျိုးနဲ့ Extrovert လေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
၁။ အာရုံခံလေ့ရှိတဲ့ Extrovert လူမျိုး (Extroverted Sensors)
Extrovert (၄) မျိုးထဲက ပထမဆုံးအမျိုးအစားကတော့ အာရုံခံလေ့ရှိတဲ့ Extrovert ပါပဲ။ သူတို့တွေဟာ ပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ နားနဲ့ကြားရတဲ့စကားလုံးတွေထဲက အချက်အလက်တွေ အာရုံခံရတာကို နှစ်သက်ကြပါတယ်။ ပြီးရင်တော့ ဒီအကြောင်းအရာတွေ၊ အချက်အလက်တွေက မှန်ကန်မှုရှိ၊ မရှိဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့နှိုင်းယှဉ်ပြီး ဝေဖန်ပိုင်းခြားလေ့ရှိပါတယ်။
ဒါ့အပြင် သူတို့တွေက ကျောင်းတွေ၊ ရုံးတွေမှာ ပြုလုပ်လေ့ရှိတဲ့ လှုပ်ရှားမှုတွေ ဥပမာပြောရရင် အားကစားပွဲလိုမျိုးအရာတွေမှာ အားကြိုးမာန်တက်နဲ့ ပါဝင်လှုပ်ရှားလေ့ရှိပြီး အခြားသူတွေနဲ့ စကားပြောရင်း ခင်မင်မှုနှောင်ကြိုးတွေကို ပိုမိုခိုင်မြဲအောင် ချည်နှောင်တတ်သူတွေပါ။ လွယ်လွယ်လေးနဲ့ ပျင်းတတ်တာကြောင့်လည်း စွန့်စားမှုတွေ၊ စိန်ခေါ်မှုအသစ်တွေကို မျှော်လင့်တောင့်တတတ်ကြပြီး မရင်းနှီးသေးတဲ့သူတွေနဲ့ မိတ်ဖွဲ့ရတာကိုလည်း နှစ်သက်ကြပါတယ်။
၂။ ဝမ်းတွင်းထဲမှာပဲ Extrovert ဖြစ်နေတဲ့လူမျိုး။ (Extroverted Intuitors)
သူတို့ကတော့ ပတ်ဝန်းကျင်ကို အာရုံခံလေ့ရှိတဲ့ Extrovert တွေနဲ့ ပြောင်းပြန်လူတန်းစားလို့ဆိုရမှာပါ။ ကုန်ကုန်ပြောရရင် Extrovert မပီသတဲ့လူမျိုးလို့တောင်ဆိုရမှာဖြစ်ပြီး ကိုယ့်ရဲ့ဗီဇစိတ်တစ်ခုတည်းကိုပဲ တစိုက်မတ်မတ် အာရုံစိုက်တတ်ကြပါတယ်။ ဒါ့အပြင် ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း “တကယ်လို့များ” ဆိုတဲ့ အခြေအနေနဲ့ ဖြစ်နိုင်ခြေရှိ၊ မရှိဆိုတာကို သေချာတွက်ဆတတ်ကြသူတွေပါ။ ဒါပေမယ့် သူတို့လေးတွေက အခြားသူတွေနဲ့ ခင်ခင်မင်မင် စကားပြောရတာကိုနှစ်သက်ပြီး စကားနိုင်လုရတာလည်း အင်မတန်ဝါသနာပါကြပါတယ်။
၃။ ဖီးလ်လေ့ရှိတဲ့ Extrovert လူမျိုး။ (Extrovert Feelers)
သူတို့လေးတွေကတော့ လူမှုရေးပွဲတွေမှာ မခင်သေးတဲ့သူတွေနဲ့ အပေါင်းအသင်းဖွဲ့ရတာကို သဘောကျသလို တစ်ယောက်တည်းလည်း ကြိတ်ဖီးလ်နေတတ်တဲ့သူတွေပါ။ ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်နေအောင်ထားချင်ကြသလို သေးငယ်ပြီး နက်ရှိုင်းတဲ့စကားဝိုင်းတွေမှာလည်း လူဝင်ဆံ့တဲ့ Extrovert လူမျိုးတွေဖြစ်ပါတယ်။
၄။ တွေးတောနေတတ်တဲ့ Extrovert လူမျိုး။ (Extroverted Thinkers)
ဒါကိုတော့ Extroverted Thinker လို့ခေါ်ကြပြီး သူတို့က အောင်မြင်မှုရဖို့အတွက် အမြဲတမ်း တွေးတောကြံဆနေတတ်တဲ့လူမျိုးတွေပါ။ ဒါ့အပြင် ဆုံးဖြတ်ချက်ခိုင်မာတယ်၊ ရည်မှန်းချက်ကြီးမားပြီး အလုပ်ကြိုးစားရင်းနဲ့ အိပ်မက်ပန်းတိုင်တွေကို အရောက်သွားဖို့ပဲ တွေးနေကြပါတယ်။ ဒီလိုလူမျိုးတွေက သူတို့လိုချင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်မှပဲ ကျေနပ်နှစ်သိမ့်နိုင်တဲ့ လူစားတွေပါ။
LifestyleMyanmar ရဲ့ Extrovert လေးတွေရော ဘယ်လို Extrovert ထဲမှာပါဝင်လဲဆိုတာကို မှတ်ချက်ပေးသွားကြပါဦး။
#HM
#LifestyleMyanmar
Source: informassive