
ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ 2NE1 အဖွဲ့ဝင် DARA က YG Entertainment က ထုတ်ပြန်ထားတဲ့ ‘no dating rule’ စည်းကမ်းကို သူမတစ်ယောက်တည်းပဲ လိုက်နာခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ KBS television show တစ်ခုဖြစ်တဲ့ ‘Love Naggers Season 3’ အစီအစဉ်မှာ DARA က ဧည့်သည်အဖြစ် ပါဝင်လာခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။
View this post on Instagram
My beautiful girls ❤ #2NE1 . #Kpop #Korea #ParkBom #CL #Minzy #Dara
A post shared by
2NE1 (투애니원)
(@2ne1official) on
အစီအစဉ်မှာ host နဲ့ သူမက လက်ရှိ COVID-19 ကြောင့် ချစ်သူစုံတွဲတွေ အပြင်မှာမတွေ့ရပဲ ဒိတ်လုပ်ရတဲ့ အခြေအနေတွေကို ပြောခဲ့ကြတာပါ။ DARA က “ တကယ်တော့ ကျွန်မလည်း ခုလို COVID-19 မဖြစ်ခင် ဟိုးအရင်ကတည်းက အပြင်မှာ မတွေ့ရပဲ ဒိတ်တွေအများကြီး လုပ်ခဲ့ဖူးပါတယ်” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
View this post on Instagram
#Throwback ♥
A post shared by
2NE1 (투애니원)
(@2ne1official) on
“ကျွန်မ trainee ကာလတုန်းက တစ်ယောက်ယောက်နဲ့ ချိန်းတွေ့တဲ့အချိန် လူတွေတွေ့သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး အရမ်းကို စိတ်ပူမိခဲ့ပါတယ် ကျွန်မတို့ ပွဲဦးထွက်တဲ့ အချိန်မှာလည်း ကျွန်မတို့ကို (၅)နှစ်ဒိတ်မလုပ်ရဘူးဆိုပြီး အေဂျင်စီက စည်းကမ်းထုတ်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
View this post on Instagram
윤정언니가 런칭한 글리터 선물 받아서 써봤는데용~ 손으로 살살 펴발라주니까 너어무~ 이뻐용!!! 착 고정되면서 하루종일 착붙!!! 글리터덕후는 너무 행복합니다~ 완예완예!!! #무브모션 @hotchicksbyj
A post shared by
Sandara Park
(@daraxxi) on
သူမက ဆက်လက်ပြီး “ ဒါပေမယ့် အဖွဲ့ထဲမှာ ကျွန်မကလွဲပြီး ဘယ်သူကမှ ဒီစည်းကမ်းကို မလိုက်နာခဲ့ပါဘူး သူတို့တစ်ယောက်ယောက်နဲ့ ချိန်းတွေ့တဲ့အချိန်တိုင်း ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ ခွင့်မပြုနိုင်ခဲ့ပါဘူး ကျွန်မ မကြာသေးခင်ကပဲ သင့်တော်တဲ့ သူတစ်ယောက်နဲ့ ဒိတ်လုပ်ဖြစ်ခဲ့တာပါ ဒီအတွက်လည်း အဲဒီတုန်းက အချိန်တွေအတွက် အရင်က ex တွေကိုလည်း တောင်းပန်ချင်ပါတယ်” ဆိုပြီး အရင်က အကြောင်းလေးတွေကို ပြောပြခဲ့ပါတယ်။
View this post on Instagram
#광고 #ThePocketBag #Burberry 멋드러진 오늘의 오오티디~!!! 간절기패숀!!! 오랜만에 아무도 없는 나만의 힐링 스팟에서 30초 마스크 벗고 잠깐 새공기 흡입~!!! 후다닥 마스크 쓰고 다시 스케줄 고고싱~ 다들 건강 조심하세요~!!!
A post shared by
Sandara Park
(@daraxxi) on
နောက်ဆုံးအနေနဲ့ သူမက “ ရှင်တို့တွေလည်း ကျွန်မအတွက် တော်တော်လေး ခက်ခဲပင်ပန်းခဲ့ကြမှာပါ ရှင်တို့အတွက် နားလည်မှုမပေးနိုင်ခဲ့ဘူး ဒါကလည်း အရင်တုန်းက ကျွန်မဘာလုပ်ခဲ့တယ်ဆိုတာကို မသိခဲ့တဲ့အတွက်ကြောင့်ပါ အခုတော့ ကျွန်မနားလည်သွားပါပြီ အားလုံးကို တောင်းပန်ပါတယ်” ဆိုပြီး သူ့ရဲ့ အရင်က ချစ်သူတွေကိုလည်း တောင်းပန်ထားပါတယ်။
Khin