တကယ်မချစ်ပဲ တဏှာစိတ်နဲ့ တွဲနေတယ်ဆိုတာ သိသာစေတဲ့ အချက် (၆)ချက်
auntymay.com
|
2020-10-07

အခုခေတ်မှာ ယောက်ျားကောင်းက တဖြည်းဖြည်း ရှားပါလာပါပြီ။တစ်ချို့ ယောက်ျားကောင်းတွေ က မိန်းက လေး တစ်ယောက် ကို လက်ထပ် ဖို့ အထိ ရည်ရွယ်ပြီး တွဲ ကြပေ မယ့် တစ်ချို့ က တော့ အပျော်ကြံဖို့၊ ဒီထက် ပွင့်လင်းအောင် ပြောရရင်တော့ သင်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ဖို့ သက်သက် နဲ့ တွဲ နေတာပါ။ တကယ် တန်ဖိုး ထားပြီး ချစ်တာ မဟုတ်ပဲ အ ပျော်ကျောရရုံ ကြံချင် နေတဲ့ ယောက်ျားတွေ မှာ တွေ့ ရတတ်တဲ့ အမူ အကျင့် တွေကိုေ ဖာ်ပြ ပေးချင်ပါတယ်။

(၁)ရုပ်ပိုင်းဆိုင်ရာ ကိုပဲ ဦးစားပေးနေမယ်

Image:freepik.com/freepik

သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ကို ဂရုစိုက်ပေးတာမျိုး လုံး၀ မရှိပဲ တစ်ချိန် လုံး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုပဲ ဦးစားပေးနေတာ မျိုးပါ။သင် ပျော် နေလား၊ဝမ်းနည်းနေလား၊ အားပေးနှစ်သိမ့် ရ မလား .. ဒါတွေ ကို အ လေးမထား ဂရုမစိုက် သူ့ စိတ် တစ်ခု လုံးက သင့်ရဲ့ ရုပ်ပိုင်း ဆိုင်ရာ မှာ ပဲ အပြည့် အ၀ ရှိ နေတာ မျိုးပါ။သင့်က ဘယ်လို ပုံစံမျိုးနဲ့ လိုက်တယ်၊ဘယ်လို ဝတ်ရင် အရမ်းမိုက်တယ်၊ဒါ တွေ ကိုပဲ တချိန် လုံး လိုက် ပြော ၊သင့် ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်း လဲ သွားလဲ.. ဒါ တွေ ကိုပဲ တစ်ချိန် လုံး ပြော နေတာ၊တဏှာ မျက်လုံး တွေနဲ့ လိုက် ကြည့်နေတာပါ။သင်ဖျတ်ခနဲ ဖမ်းလိုက်တိုင်း သင့်ကို တဏှာ မျက်လုံး ကြီးတွေ နဲ့ပဲ ကြည့် နေတယ် ဆိုရင် တော့ သေချာ ပါတယ်။သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အဲ့တစ်ခု တည်းရှိတာပါ။

(၂)sex အ ကြောင်းပဲ တစ်ချိန်လုံး ပြောနေတာ

Image:freepik.com/freepik

အသိသာဆုံး အချက်ပါ။ဘယ်အကြောင်းပဲ ပြော ပြော နောက်ဆုံး က အဲ့ဒီနေရာ ကိုပဲ ဦးတည် နေတာ မျိုးပါ။သင်က ဘ၀ အ နာဂါတ် အ ရေး တွေ အ ကြောင်း ပြော နေလဲ သူက စကားလမ်းကြောင်းကို တခြားနေရာ ပဲ တစ်ချိန်လုံး ဦးတည် နေတာ မျိုးပါ။နှစ်ယောက် မျက်နှာ ချင်းဆိုင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ဖြစ်၊ဖုန်းဆက်ပြော၊Msg Box က ပဲ ပြော ပြော ဘယ်က ပြော ပြော တစ်ချိန် လုံး အီစီကလီ နဲ့ လိင် ကိစ္စ ထဲက မထွက် နေတာ မျိုးပါ။သင်တို့ နှစ်ယောက် ပြော နေတဲ့ စကား (၁၀) ခွန်း မှာ (၇)ခွန်း၊(၈)ခွန်း လောက် ဒီ အထဲက မ ထွက် တော့ရင် အဲ့လို ယောက်ျားမျိုးနဲ့ ဝေးဝေးက ရှောင်ပါ။

(၃)လစ်ရင် လစ်သလို အသားယူတာ

Image:.freepik.com

ဘယ်ချစ်သူ စုံတွဲ မှ တစ်ချိန် လုံး ပူးကပ်ပြီးမ နေကြပါဘူး။လူရှေ့ သူရှေ့ တောင် မ ရှောင်ပဲ ကြိုက်မှန်း မသိ ၊မကြိုက် မှန်း မသိ အတင်းတွေ ပူး ကပ် ထိုင် နေတာ၊တစ်ချိန် လုံး ပွတ်သီးပွတ်သပ် တွေ ပဲ လုပ် နေတာ မျိုးက တဏှာ ကြီး လွန်းတဲ့ ယောက်ျားတွေ မှာ တွေ့ရတဲ့ စရိုက် လက္ခဏာ တွေ ပါ။လူ ရှေ့လဲ မ ရှောင်၊လူကွယ်ရာ လဲ လစ်ရင်လစ် သလို အသားယူ နေတာ တွေ များနေရင် တော့ အဲ့ဒီ ယောက်ျားက သင့်ကို တကယ် ချစ်တာ မဟုတ်ပဲ အမြတ် ထုတ် အသားယူ ဖို့ သက်သက် တွဲေ နတာပါ။

(၄)မလိုက်လျောရင် စိတ်တို၊အပြစ်ရှာတာ

Image:freepik.com/dmytrenko-fsk

အပေါ်မှာ ပြော ခဲ့သလို မျိုး အရာ တွေကို သူ့ဘက် အတင်းလုပ် နေတာကို သင်က ရှောင် ဖယ်တဲ့ အခါ မျိုးတွေ မှာ သင့်ကို ဒေါသ ထွက်တာ ၊ မဲတာ မျိုးတွေ လုပ် ပြီး တုံ့ ပြန်တာပါ။တစ်ချိန်လုံး ပွတ်သီးပွတ်သပ်နဲ့ အနားအတင်းလိုက် ကပ် နေတာ မျိုးတွေကို သင်က မကြိုက် ကြောင်း ပြော ပြီး ငြင်း ပယ်လိုက်တဲ့ အခါ သူ့ဘက် က နေ ဘယ်လို ပြန် တုံ့ပြန်တတ်လဲ..? သူ့ဘက်က အသာ တကြည် နောက် ဆုတ် ပေးတာ မျိုး မဟုတ်ပဲ ဒီလို ကိစ္စ နဲ့ ပတ်သက်ပြီး စိတ်ဆိုး ဒေါသ ထွက်တာ၊ အပြစ်မရှိ အပြစ် ရှာ မဲ နေတာ ဆိုရင် တော့ အဲ့ဒီယောက်ျားက သင့်ကို တကယ်ချစ်တာ မဟုတ်ပါဘူး။

(၅) နွေးထွေးမှု ကင်းမဲ့ နေတာ

Image:shutterstock/Antonio Guillem

ဒါက တော့ အရမ်းကို သိသာပါတယ်။သူနဲ့ တွဲ နေရ ပေမယ့် သူက သင့်ကို ချစ်တယ်လို့ မခံစားရတာ မျိုးပါ။တွဲသာ နေရ ပေမယ့် တစ်ယောက် တည်း အထီး ကျန်လာ ရတာ မျိုးတွေပါ။အချစ်နဲ့ တည်ဆောက် ထားတဲ့ Relationship ဆိုရင် နားလည်မှု၊နွေးထွေးမှုတွေ နဲ့ ပြည့် နေ ပေမယ့် သင်တို့ ကြားက ဆက်ဆံ ရေးက အဲ့ဒါ တွေ ပျောက်ဆုံး နေတာမျိုးပါ။ချစ်သူ တစ်ယောက်လို ဂရုစိုက် ကြင်နာ မှု မျိုး တော့ သူ့ဘက်က လုံး၀ မ ပေးပဲ သင်နဲ့ ဆက် တွဲ၊ဆက် ပတ် သက် နေတာ မျိုး ပါ။

(၆)အချိုးတွေ ပြောင်းသွားတာ

Image:freepik.com/drobotdean

ဒါက တော့ အသိသာဆုံး အချက်ပါ။သင့်ဘက်က သူ့ရဲ့ တောင်းဆိုမှု ကို လိုက် လျော ပြီးရင် သူ့ဘက်က လုံး၀ အချိုး ပြောင်းသွားတာ မျိုးပါ။သူ့ ဆန္ဒ ရှိတဲ့ တစ်ချိန် လောက်ပဲ သင့် အနားရောက်လာ ပြီး တခြား အချိန် တွေ မှာ ဆိုရင် ကြက် ပျောက် ငှက် ပျောက် ကွယ် ပျောက် နေတယ် ဆိုရင် တော့ အဲ့ဒီ ယောက်ျားက သင့်ကို လိင်အမြတ်ထုတ်ချင် ရုံ သက်သက် လာ ပတ်သက် နေတာပါ။

#AUNTYMAY




Some text some message..