သင့်ကို ချစ်နေရက်နဲ့ ကောင်လေးတွေဟာ ဘာကြောင့် ဖွင့်မပြောတတ်ကြတာလဲ
auntymay.com
|
2020-10-08

တစ်ခါတစ်လေမှာ သင့်အနေနဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုအခြေအနေမျိုးကို ကြုံလာမှာပါ။ တစ်စုံတစ်ယောက်က သင့်ကို ချစ်နေတယ်ဆိုတာလည်း သိနေပြီ ဒါပေမဲ့ ထုတ်မပြောသေးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခြေအနေမျိုးလိုပေါ့။ သင့်စိတ်ထဲမှာလည်း ဘာကြောင့်ရယ်မှန်း အဖြေရှာမရဖြစ်နေမယ်ဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်လိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်။


(၁) သင့်ဖက်ကစိတ်ထားကို မသေချာသေးလို့

ယောက်ျားလေးတွေက တစ်ဖက်က မိန်းကလေးကိုလည်း ဖွင့်မပြောခင်မှာ တစ်ဖက်က မိန်းကလေးရဲ့ အခြေအနေကိုလည်း အကဲခတ်တတ်ကြပါတယ်။ သေချာပြီဆိုမှ ခြေလှမ်းစတတ်ကြတာမလို့ သင့်ဖက်က စိတ်ထားကို သူတို့က သေချာမသိတာ ဒါမှမဟုတ် အကဲခတ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ဖက်ကလည်း သူ့ကို စိတ်ထဲတက်ရှိပြီး ချစ်နေမိပြီဆိုတာကို ပြလိုက်ပါ။


Freepik- ArthurHidden


(၂) နာကျင်မှုတွေရှိနေသေးလို့

အတိတ်က ဖြစ်ခဲ့တဲ့နာကျင်မှုတွေကို ခံစားနေရဆဲမလို့လည်း သင့်ကိုချစ်ပေမယ့် မပြောသေးတာလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်နဲ့ချစ်ရတာ လိပ်ပြာမလုံမှာဆိုးတဲ့အတွက် အနည်ထိုင်မယ့်အချိန်ကို စောင့်မျှော်နေတာပါ။ ဒါကြောင့်မလို့ သူ့ကို အချိန်ပေးလိုက်ပါ။


(၃) သူကိုယ်တိုင် မသေချာသေးလို့

သင့်ကို ချစ်မချစ် သူကိုယ်တိုင် မသိသေးတဲ့အတွက်ကြောင့် အချိန်ယူစဉ်းစားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျရင် စိတ်ဝင်စားတာ၊ ကြိုက်တာ၊ ချစ်တာတွေဟာ မကွဲပြားတတ်ကြဘူးမလား။ ဒီလိုအခြေအနေမျိုးမှာတော့ သင့်ဖက်က ဘာမှမတတ်နိုင်ပါဘူး။


Freepik- ArthurHidden


(၄) ချစ်ပေမယ့်တစ်ယောက်တည်းနေချင်လို့

ချစ်တာကချစ်တယ် ဒါပေမဲ့ ချစ်သူရည်းစားနဲ့ relationship ဆိုတဲ့ တာဝန်ကြီးကိုတော့ တာဝန်လည်းမယူချင်ဘူး လွတ်လည်းလွတ်လပ်ချင်တယ်ဆိုတဲ့ ကောင်လေးတွေလည်းရှိနေပါတယ်။ ဒါကြောင့်လည်း သင့်ကို တမင်ကို ဖွင့်မပြောတာပါ။ ချစ်တာက ချစ်တယ်၊ ဒါပေမဲ့ တာဝန်မယူနိုင်တာပေါ့။


(၅) သင့်ကိုဆုံရှုံးမှာကြောက်လို့

ဒါကတော့ အရင်တုန်းက အထိနာခဲ့ဖူးတဲ့ ကောင်လေးတွေအသိဆုံးပါပဲ။ နင့်နင့်သည်းသည်း ချစ်မိပြီဆိုရင် ဆုံးရှုံးတတ်ကြလွန်းတဲ့အတွက် သင့်ကိုလည်း ဆုံးရှုံးမှာကြောက်လို့ သူတို့နဲ့ ခပ်ဝေးဝေးမှာ ထားတတ်ကြတာပါ။


Freepik- ArthurHidden


penny




Some text some message..