
လူတိုင်းမှာ ခံယူချက်ကိုယ်စီရှိပြီး လူတစ်ယောက်ရဲ့ ခံယူချက်နဲ့ တစ်ယောက်ရဲ့ ခံယူချက်က မတူညီနိုင်ပါဘူး။ ဒီလိုပဲ တစ်ချို့မိန်းကလေးတွေက သူတို့ဘဝအတွက် အားကိုးဖော်ဆိုတာ လိုအပ်သလို တစ်ချို့တွေကျပြန်တော့လည်း ဘဝမှာ တစ်စုံတစ်ယောက်အပေါ် မမှီခိုရလည်း ဘဝကို ကောင်းကောင်းကြီး ရှင်သန်နိုင်တယ်လို့ မှတ်ယူထားကြသူတွေပါ။ ဒီအချက်တွေကတော့ ဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းနိုင်ခြေရှိတဲ့ သူတွေမှာသာ တွေ့ရတတ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အလုပ်က အရာရာ ဖြစ်နေတတ်တယ်

shutterstock/G-Stock Studio
ကိုယ့်အတွက် အလုပ်ကလွဲရင် ကျန်တာတွေက သိပ်စိတ်ဝင်စားစရာ မကောင်းတဲ့ သူမျိုးဖြစ်နေတတ်ပါတယ်။ ကိြုယ်ဖစ်ချင်တဲ့ အရာတွေအတွက်၊ ကိုယ်လိုချင်တဲ့ နေရာတစ်ခုကို ရောက်ဖို့ကိုပဲ အာရုံစိုက်နေတတ်ပြီး တစ်စုံတစ်ယောက်ကို ချစ်ဖို့တောင် အချိန်မပေးနိုင်ဖြစ်နေတတ်တာမျိုးပါ။ အချစ်ဆိုတာထက် ပိုမိုကောင်းမွန်တဲ့ ဘဝအတွက်ကိုပဲ ကြိုးစားနေရတာမို့ အချစ်အတွက် အချိန်မရှိတာ ဖြစ်ပါတယ်။
ထက်မြက်တယ်၊ အမှီအခိုကင်းတယ်

shutterstock/ Friends Stock
မိန်းကလေးတစ်ယောက်ဟာ ထက်မြက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်လေလေ သူတို့ဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော်ဆိုတာ ရှားပါးလာလေပါပဲ။ ထက်မြက်တဲ့ မိန်းကလေးတွေဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာတဲ့အခါ လွယ်လွယ်မချစ်တတ်ကြတော့သလို သေချာလည်း ရွေးချယ်တတ်လာကြပါပြီ။ နောက်ပြီး သူတို့က ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံဖော်ရတာ ကြိုက်တတ်ကြတဲ့ သူတွေမို့ တစ်ခြားသူ ဝင်ရောက်စွက်ဖက်တာမျိုးကို မကြိုက်တတ်ကြပါဘူး။ ဒီအချက်ကပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးတွေက တစ်ယောက်တည်း ဖြစ်နေကြတာပါ။
တစ်ယောက်တည်းနေရတဲ့ အရသာကို ကြိုက်တယ်

shutterstock/ HTeam
တစ်ယောက်တည်း နေရတဲ့ အရသာက တကယ့်ကို အေးချမ်းပြီး နေချင်စရာကောင်းတယ်ဆိုတာကိုတော့ တစ်ယောက်တည်းနေကြည့်ဖူးတဲ့ သူတွေသာ သိနိုင်ပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ တိတ်ဆိတ်နေတတ်ပြီး စိတ်ကူးနယ်ချဲ့လို့ကောင်းစေပါတယ်။ တစ်ယောက်တည်း အနေကြာသွားတဲ့ သူတွေကတော့ သူတို့ဘေးမှာ တစ်စုံတစ်ယောက် ရှိမနေလည်း သူတို့အတွက် အဆင်ပြေပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်တတ်တယ်

shutterstock/ HTeam
ကိုယ့်ကိုယ်ကို ကာကွယ်တတ်တဲ့ မိန်းကလေးတွေဆိုတာ လွယ်လွယ် မချစ်တတ်ကြပဲ သေချာလေ့လာပြီးမှ ချစ်ဖို့ဆုံးဖြတ်တတ်ကြတဲ့ သူတွေပါ။ သူတို့တွေကို လေးလေးစားစား ဆက်ဆံတတ်တာကို သဘောကျတတ်ကြသလို လွယ်လွယ် လာချည်းကပ်တဲ့ သူတိုင်းကို သူတို့က ပြန်ငြင်းဆိုတုံ့ပြန်တတ်ကြတာပါ။ ဒီအချက်ကြောင့်ပဲ တော်ရုံလူဆို သူတို့နား မကပ်ဝံ့ကြပါဘူး။
Khin