ဘာပဲစားစား ဘယ်လောက်စားစား ဝမလာတဲ့ ပျိုမေတွေ ဖတ်ဖို့………
auntymay.com
|
2020-10-19

တစ်ချို့တွေကတော့ လေရှူလိုက်ရင်တောင် ဝ တယ်လို့ ဆိုနေကြပေမယ့် ဝ မလာလို့ စိတ်ညစ်နေရတဲ့ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။ ဝ ချင်လို့ အစားတွေ စားနေပေမယ့်လည်း ဝိတ်က တက်မလာဘဲ တစ်ခါတစ်လေ ဝိတ်တောင် ထပ်ကျသွားတာကို ရင်ဆိုင်နေရတဲ့သူတွေကတော့ စားသလောက် မဝတဲ့ ပိန်သွယ်သွယ် ကောင်မလေးတွေပါပဲ။ ပိန်နေလို့ စိတ်ညစ်နေမယ့်အစား ဒီအချက်လေးတွေကို ပြန်လှည့်ကြည့်ပေးသင့်ပါတယ်နော်။


ဘာဝတ်ဝတ် အဆင်ပြေတယ်

ပိန်တဲ့သူတွေကို ကြည့်မကောင်းဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ပိန်ပိန် ဝဝ ဖက်ရှင်အမြင်ရှိရင် အဆင်ပြေပါတယ်။ ကိုယ့် ခန္ဓာနဲ့ လိုက်ဖက်မယ့် ပုံစံကို ဝတ်လို့ ရပါတယ်။ ဝတဲ့သူတွေထက် စာရင် ပိန်တဲ့သူတွေက ရွေးချယ်စရာ ပိုများလို့ ကိုယ့် size အင်္ကျီတွေလည်း ဝတ်လို့ ရသလို ကိုယ့်ထက် size ကြီးတဲ့ အဝတ်တွေကိုလည်း အပွပုံစံအဖြစ် ပြောင်းလဲ ဝတ်ဆင်နိုင်ပါသေးတယ်။


Photo by Ike louie Natividad from Pexels


အင်္ကျီတွေ အလဟသ မဖြစ်ဘူး

ဝိတ်တက်တာက ကောင်းတော့ ကောင်းပါတယ်။ မကောင်းတာက ဝယ်ထားတဲ့ အင်္ကျီတွေကို ဝတ်လို့ မရ ဖြစ်တာကတော့ မကောင်းပါဘူး။ ဒါကြောင့် ပိန်နေလို့ စိတ်ညစ်နေမယ့်အစား ဝိတ်မတက်လာတော့ အဝတ်တွေ ထပ်ပြီး ဝယ်စရာ မလိုဘူးဆိုတဲ့ အတွေးရယ်၊ ဝယ်ထားတဲ့ အဝတ်တွေ အသုံးမဝင် မဖြစ်ဘူးဆိုတဲ့ အတွေးရယ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကျေးဇူးတင်လိုက်သင့်ပါတယ်နော်။


Photo by Andrea Piacquadio from Pexels


ဝိတ်အတွက် ပူပန်စရာ မရှိဘူး

ဝိတ်အတွက် ပိန်တဲ့သူက ပိန်တဲ့ အလျောက် ဝတဲ့သူကလည်း ဝတဲ့သူ အလျောက် ပူပန်မှု ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် ပိန်လို့ စိတ်မညစ်နေသင့်ပါဘူး။ ဝတာက အခက်အခဲ ရှိနေတာမျိုးတွေ ရှိလို့ အနည်းဆုံး ဝတဲ့အခါ ကြုံရတဲ့ အခက်အခဲမျိုး ကိုယ် မကြုံရဘူးဆိုတဲ့ စိတ်နဲ့ စိတ်သက်သာရာ ရအောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဝိတ်မကျလို့ဆိုပြီးလည်း ပူပန်စရာ မရှိတာ တစ်မျိုးကောင်းပါသေးတယ်။


Photo by Min An from Pexels


ကျန်းမာရေးတော့ ဂရုစိုက်ပါ

ပိန်တာက ကောင်းတယ်ဆိုပေမယ့် အရမ်း ပိန်လွန်းတာကတော့ မကောင်းပါဘူး။ အနည်းဆုံး ပေါင် ၉၀ အထက်တော့ ရှိသင့်ပါတယ်။ ပိန်တဲ့အခါ ကျန်းမာရေး အပိုင်းမှာလည်း အားနည်းနိုင်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အားနည်းနေတတ်ပါတယ်။ ဒီအတွက် ကျန်းမာရေးနဲ့ ကိုက်ညီအောင် အစားလည်း စား၊ ဝိတ်မကျအောင်လည်း နေသင့်ပါတယ်နော်။


Photo by Paweł L. from Pexels


စားချင်တိုင်း မစားသင့်ပါဘူး

တစ်ချို့ ပိန်တဲ့သူတွေက ဘာစားစား မဝဘူးဆိုတဲ့ စိတ်နဲ့ အစားစုံ စားတတ်ကြပါတယ်။ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အဆီပါဝင်မှု များတဲ့ စားစရာတွေကိုလည်း မျက်တောင် တစ်ချက် မခတ်ပဲ စားတတ်ကြပါတယ်။ တကယ်တော့ ဝမလာတာမို့ မစိုးရိမ်ဘူးဆိုရင်တောင် တခြားသော ရောဂါတွေ ဖြစ်လာနိုင်လို့ အစားအသောက် ဆင်ခြင်သင့်ပါတယ်။ ဝသည် ဖြစ်စေ၊ ပိန်သည် ဖြစ်စေ၊ အစားအသောက်တွေကနေ တဆင့် ရောဂါတွေလည်း ဖြစ်စေပါသေးတယ်။

Kham




Some text some message..