
ကိုယ့်တစ်ဘဝလုံးစာ လက်တွဲသွားရမယ့် သူဟာ ကိုယ့်အပေါ် ကောင်းမွန်တဲ့ သူ၊ ကိုယ့်ကို အလေးထားတဲ့ သူမျိုးသာ ဖြစ်ချင်တတ်ကြတာ ဆန္ဒပါ။ အရင်ဆုံး ဘဝလက်တွဲဖော်ကို မရွေးချယ်ခင်မှာ ချစ်သူရည်းစားအဖြစ်နဲ့ လက်တွဲကြည့်တယ်ဆိုတာက အဲဒီလူရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား စတာတွေကို လေ့လာကြည့်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီလိုအချက်တွေ ရှိနေတဲ့ သူမျိုးကိုတော့ ကိုယ့်အတွက် လက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူးနော်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တတ်တဲ့ သူ

shutterstock/Halfpoint
ချစ်စကြင်နာစမှာတော့ အရမ်းကို ရိုမက်တစ်ဆန်တာတွေ၊ အချစ်တွေနဲ့ ဂရုစိုက်ပြတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အချိုးတွေပြောင်းလာတတ်တဲ့ သူမျိုးပါ။ တစ်ခါတစ်လေ စကားများ ရန်ဖြစ်တဲ့အခါ သင့်ကို အော်ငေါက်တာတွေပါ ရှိလာတတ်သလို သင့်ကို အလေးမထားတာ၊ ဂရုမစိုက်တာ၊ သူ ချစ်ပြချင်တဲ့အခါ ချစ်ပြပြီး ပစ်ထားချင်တဲ့ အခါ ပစ်ထားတတ်တာဟာ ကိုယ့်အတွက်တော့ အရမ်းကို စိတ်ထိခိုက်စေရမှာပါ။ ဒီလိုလူမျိုးကို လုံးဝ ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်သလို ဒီ relationship မျိုးကို ချက်ချင်း အဆုံးသတ်လိုက်သင့်ပါတယ်။
သင့်ကို တကယ်မချစ်တဲ့ သူ

shutterstock/ Motortion Films
ပါးစပ်ကတော့ မင်းကို ဘယ်လောက်ချစ်တာပါ ဘယ်လိုချစ်တာပါနဲ့ နောက်ကွယ်လည်း ရောက်ရော တစ်ခြားကောင်မလေးတိုင်းနဲ့ အီစီကလီ ဇာတ်လမ်းတွေ ဖန်တီးတတ်တဲ့ သူမျိုးပေ့ါ။ ဒီလို လူမျိုးတွေက ယုံကြည်မှုကို အကြိမ်ကြိမ် ရိုက်ချိုးတတ်တဲ့ သူတွေဖြစ်သလို သစ္စာတရားဆိုတာကိုလည်း နားမလည်ပါဘူး။ တစ်ခါခြံခုန်ဖူးတဲ့ သူက အကြိမ်ကြိမ် ထပ်ခုန်နေအုံးမှာပါပဲ။ သူတို့ရဲ့ စကားကို ယုံပြီး ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မိရင်တော့ သင်ကိုယ်တိုင်ရဲ့ အမှားပဲ ဖြစ်သွားပါလိမ့်မယ်။
သင့်ကို နားမလည်တဲ့ သူ

shutterstock/ Narith Thongphasuk
ယောကျာ်းလေး အများစုက မိန်းကလေးတွေရဲ့ စိတ်ကို နားလည်ရခက်တတ်ကြပါတယ်တဲ့ ဒါဟာ တစ်စိတ်တစ်ပိုင်း မှန်ကန်ကြောင်း မှန်ကန်နိုင်ပေမယ့် တကယ်အလေးအနက်ထား ချစ်မိရင်တော့ အဲဒီလူက ဘာစကားမှ မပြောရင်တောင် သူ့ရဲ့ ခံစားချက်တွေကို နားလည်လာနိုင်ပါတယ်နော်။ တစ်ချို့လူတွေကတော့ ကိုယ်ကလွဲရင် တစ်ခြားလူရဲ့ ဆန္ဒတွေ၊ ဖြစ်ချင်တာတွေကို နားမလည်တတ်ကြတာက နုံ့အတာလားဆိုတာပြောရခက်ပါတယ်။ ဒီလို ကိုယ့်ရဲ့ အပြုအမူ၊ ကိုယ့်ရဲ့ စိတ်ကို နားလည်ဖို့ ခက်တဲ့ သူမျိုးကိုလည်း ကိုယ်နဲ့အတူ တစ်ဘဝလုံး အတူ လက်တွဲသွားဖို့ မဖြစ်နိုင်ပါဘူးနော်။
အမှားတွေကို လက်မခံတတ်တဲ့ သူ

shutterstock/Have a nice day Photo
တစ်ချို့လူတွေကတော့ ငါပဲ မှန်တယ်ဆိုတဲ့ တစ်ဖက်ပိတ်သမားတွေပါ။ ကိုယ့်အမှားကိုတော့ ဘယ်တော့မှ မမြင်တတ်ပေမယ့် သူများအမှားကို လိုက်ထောက်ပြဖို့ပဲ စဉ်းစားနေတတ်တဲ့ သူမျိုးပေါ့။ ဒီလိုလူတွေကိုလည်း လုံးဝ ကိုယ့်ဘဝ လက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူးနော်။ ဘာလုပ်လုပ် ငါမှန်တယ်ဆိုတဲ့ အတ္တတွေနဲ့ ဘယ်တော့မှ အသိတရား မရတဲ့ သူမျိုးတွေဖြစ်လို့ အရမ်းကို အမြင်ကတ်စရာ ကောင်းလွန်းတဲ့ သူတို့တွေက သင့်ကို စိတ်ဆင်းရဲ ပင်ပန်းစေမှာ အမှန်ပါ။
Khin