
မိန်းကလေးတွေကတော့ နားလည်ရ သိပ်ကို ခက်တဲ့သူတွေလို့ ကောင်လေးတွေ ပြောတာ သိပ်များပါတယ်။ ဒါပေမယ့်လည်း ပုံမှန် မိန်းကလေးတွေကိုတော့ မိန်းကလေးသဘာဝလို့ နားလည်ပေးတတ်ကြပါတယ်။ ကောင်လေးတွေ ပြောတတ်တဲ့ ထူးထူးခြားခြား နားလည်ရခက်တယ်ဆိုတဲ့ မိန်းကလေးတွေကတော့ ဒီလိုမျိုး ဖြစ်ပါတယ်။
မိန်းကလေးတွေကို စိတ်သိပ်မကောက်ဘူး
ပုံမှန် မိန်းကလေးတွေကတော့ မိန်းကလေးသဘာဝကို ပီပီသသ မြင်ရစေပါတယ်။ စိတ်ကောက်တယ်၊ စိတ်ဆိုးပြတယ်၊ ချွဲနွဲ့တယ် စသဖြင့် ရှိကြပေမယ့်လည်း နားလည်ရခက်တယ်ဆိုတဲ့ ကောင်မလေးတွေကတော့ စိတ်ကောက်တာမျိုးလည်း သိပ်မရှိပါဘူး။ သူတို့မျက်နှာမှာ အလိုမကျရင် စိတ်ဆိုးနေသလား၊ စိတ်ကောက်နေသလား မသိရသလို ထူးခြားတဲ့ တုန့်ပြန်မှုလည်း မတွေ့ရပါဘူး။ ကိုယ့်ကို တစ်မျိုးလေးပဲ ခံစားမိစေရုံသက်သက်ပါပဲ။

Photo by Nesrin Danan from Pexels
သူတို့ သဘောအတိုင်းပဲ လုပ်တတ်တယ်
ဒီကောင်မလေးတွေက ဘာပဲလုပ်လုပ် သူတို့ သဘောအတိုင်း လုပ်ဖို့ပဲ အာရုံစိုက်တတ်ပါတယ်။ တဇောက်ကန်း လုပ်ကို လုပ်ရမှ ဆိုတဲ့ ပုံစံတော့လည်း မဟုတ်ပြန်ပါဘူး။ သူတို့တွေက အရက်သောက်မယ်ဆိုရင် သောက်လိုက်တယ်၊ ဆေးလိပ်သောက်မယ်ဆိုရင် သောက်လိုက်တယ်၊ ညနက်နက်မှ အလုပ်တွေ ထလုပ်တာမျိုးတွေလည်း လုပ်တတ်သလို သူများအမြင်မှာ ထူးခြားနေမလားလို့ လုံးဝ မတွေးဘဲ ဆန္ဒရှိသလို လုပ်နေတတ်ကြပါတယ်။

Photo by Konstantin Mishchenko from Pexels
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး
သူတို့ကတော့ ပတ်ဝန်းကျင်ဆိုတာ ပြောစရာရှိရင် ပြောမှာပဲ၊ ပြောချင်တဲ့သူကတော့ ပြောနေမှာပဲလို့ တွေးကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့က ပတ်ဝန်းကျင်ကို မသိတာ မဟုတ်ဘဲ စိတ်ထဲ မထားတဲ့သူမျိုးပါ။ ပတ်ဝန်းကျင်အကြောင်းကို သိပေမယ့်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ပဲလို့ တွေးတတ်ကြပါတယ်။ ဒီအချက်က ကောင်လေးတွေအတွက် ထူးဆန်းတယ်လို့ မြင်နေတဲ့ အချက်လည်း ဖြစ်သွားပါတယ်။

Photo by Min An from Pexels
ရိုးရှင်းတယ်
သူတို့ပုံစံက နားလည်ရခက်တယ်လို့ သတ်မှတ်ခံရပေမယ့် အချက်အလက်နဲ့ ပြန်ကြည့်လိုက်ရင် သိပ်ကို ရိုးရှင်းပါတယ်။ သူတို့က လုပ်ချင်တဲ့အရာတွေမှာ အာရုံစိုက်မှု ရှိတယ်၊ ဘာတွေ ဖြစ်လာမလဲ သိပေမယ့် ပြစ်တင်မှုတွေကို သိပ်ဂရုမစိုက်ဘူး၊ သူတို့ဘဝက သူတို့သဘောပဲ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ယုံကြည်မှု ရှိနေတာကို မြင်ရပေမယ့် ပုံမှန်နဲ့ ကွဲထွက်နေတာကြောင့် ကောင်လေးတွေက နားလည်ရခက်သွားပဲ ဖြစ်ပါတယ်။

Photo by Min An from Pexels
နားလည်ရခက်တယ်
ကောင်မလေးတွေက ကောင်လေးတွေထက် ပိုပြီး ခံစားချက်အတိုင်း ပြောဆိုတတ်ကြပါတယ်။ သူတို့ ဘာဖြစ်နေလဲဆိုတာကို အတိုင်းသား သိနိုင်ပါတယ်။ နားလည်ရခက်တယ်ဆိုတဲ့ မိန်းကလေးတွေကတော့ သူတို့ ဘာဖြစ်နေသလဲဆိုတာကို တခါတလေ ခံစားရပေမယ့် သူတို့ရဲ့ ပြုမူပုံနဲ့ မျက်နှာအမူအရာတွေကြောင့် ဝေခွဲမရဖြစ်ပြီး ကိုယ့်ဘက်က မသေချာ ဖြစ်သွာစေတတ်တာမျိုးမို့ ကောင်လေးတွေက နားလည်ရခက်တယ်လို့ ပြောကြတာမျိုး ဖြစ်ပါတယ်။
Kham