ကမ္ဘာတစ်ဝှမ်းရှိ လူအတော်များများက အိပ်စက်ခြင်းမှာ ပြဿနာရှိကြပါတယ်။ ညဘက်အိပ်မပျော်နိုင်တာကို ကျွန်မတို့ ဘယ်လိုမှ မနှစ်သက်ကြပါဘူး။ အိပ်ပျော်ဖို့ ခက်ခဲတာ၊ ခပ်ကြာကြာမအိပ်နိုင်တာ၊ အစောကြီးနိုးပြီး ပြန်အိပ်မရတော့တဲ့အခါ စိတ်ဒုက္ခဖြစ်ရပါတယ်။ ဒီလို အိပ်စက်ဖို့ ခက်ခဲတာက ကျန်းမာရေး၊ အလုပ်လုပ်နိုင်စွမ်းနှင့် လူနေမှု့ဘဝပေါ်မှာပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အိပ်စက်ခြင်းပုံမမှန်မှုအမျိုးမျိုးကို လူသန်းရဝကျော်ခံစားနေရတယ်လို့ ဆရာဝန်များက ဆိုကြပါတယ်။ အများအားဖြင့် လူတွေက အချိန်ဇယားတွေနဲ့ အလုပ်များနေကြတာကြောင့် အိပ်ပျော်ဖို့အတွက် လုံလောက်တဲ့အချိန်မရှိကြပါဘူး။ ဒါ့ကြောင့် ညဘက်မှာ မြန်မြန်ဆန်ဆန်နှင့် အိပ်ပျော်စေနိုင်ဖို့ ကူညီပေးလိမ့်မယ့် အသုံးဝင်သောအကြံပြုချက်များကို မျှဝေပေးလိုက်ပါတယ်။
၁။ အမှောင်
မှောက်မိုက်ခြင်းက အိပ်စက်ချိန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ဦးနှောက်တွေကို နားလည်ဖို့ ကူညီပေးပါတယ်။ အလင်းရောင်စူးစူးတွေက ကျွန်မတို့ကို အိပ်စက်ဖို့ ခက်ခဲစေပြီး ခဏခဏ နိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်တဲ့အခါ အခန်းမှောင်နေစေဖို့ ကြိုးစားပါ။ တကယ်လို့ ဒါကမဖြစ်နိုင်ဘူး ဒါမှမဟုတ် တစ်ခန်းလုံးမှောင်နေလို့ မအိပ်တတ်ဘူးဆိုရင် (sleep mask) (သို့) အဝတ်ပါးကို မျက်လုံးပေါ်အုပ်ပြီး အိပ်ပါ။ ကောင်းစွာအိပ်စက်ခြင်းအတွက် အမှောင်ဖျော့ဖျော့ကို ဖန်တီးဖို့ ကူညီပေးပါတယ်။
၂။ ဆူညံသံကို ရှောင်ကြဉ်ပါ
ဆူညံသံက ကောင်းစွာအိပ်စက်ခြင်းကို ရပ်တန့်နိုင်တဲ့ အခြားပြဿနာဖြစ်ပါတယ်။ ကိုယ့်အနီးအနားမှာ ဆူညံနေတာ၊ သီချင်းသံကြားနေရတာ၊ စကားပြောသံကြားနေရတဲ့အခါ ဘယ်လိုမှ အိပ်မပျော်နိုင်ပါဘူး။ ဒါက သင်ပင်ပန်းပြီး အနားယူချိန်တချို့ ရဖို့ ကြိုးစားနေတဲ့အခါ အလွန်စိတ်တိုစရာ ဖြစ်နိုင်ပါတယ်။ အပြင်က အသံတွေကို မကြားနိုင်တဲ့ sleep headphones တချို့ ဝယ်ယူနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကောင်းစွာအိပ်ပျော်စေဖို့ တရား၊ ဓမ္မတေးသီချင်း သို့မဟုတ် သဘာဝအသံတွေကို ဖွင့်ထားနိုင်ပါတယ်။
၃။ 4-7-8 ခန့်ထွက်လေဝင်လေမှတ်ခြင်း
ဒီနည်းလမ်းကို ဒေါက်တာအင်ဒရူးWeilက ရှာဖွေတွေ့ရှိပြီး စိတ်ငြိမ်သက်ပြီး အိပ်ပျော်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပထမဆုံး ၄စက္ကန့်အထိ ရေတွက်ခြင်းဖြင့် အသက်ရှုသွင်းပါ။ ၇စက္ကန့်ထိ ရေတွက်ခြင်းဖြင့် အသက်အောင့်ထားပြီး နောက်ဆုံးမှာ ၈စက္ကန့်အထိ ရေတွက်ခြင်းဖြင့် ဖြည်းဖြည်းချင်း အသက်ရှုထုတ်ပါ။ ဒီရိုးရှင်းတဲ့ နည်းလမ်းက သင့်ခန္ဓာကိုယ်ကို relax ဖြစ်စေပြီး သင့်ဦးနှောက်ကို တည်ငြိမ်စေပါတယ်။
၄။ ရနံ့ကုထုံးဖြင့် ကြိုးစားပါ
Essential Oils တွေက အိပ်မပျော်တဲ့ ကိစ္စတွေမှာ အသုံးပြုနိုင်တာြောင့် သဘာဝကုထုံးအဖြစ် ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက်အတွက် လာဗင်ဒါ၊ neroli ၊ လိမ္မော် Essential Oil တွေကို ရွေးချယ်ပါ။ သင့်ကို အလွယ်တကူ အိပ်ပျော်စေပါလိမ့်မယ်။ Essential Oils တွေက သင့်ဦးနှောက်ကို ခံစားမှုကောင်းတဲ့ endorphins ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး relax ဖြစ်စေပါတယ်။
၅။ သင့်ရဲ့အာရုံကိုသုံးပါ
visualization (အမြင်အထူးပြုလုပ်မှု)က အပန်းဖြေဖို့ အလွန်ထိရောက်သော နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်စိတ်ထဲမှာ စိတ်ချမ်းမြေ့ဖွယ် အကြောင်းအရာလေးတွေ တွေးကြည့်တဲ့အခါ သင့်အာရုံအားလုံးကို စုစည်းအသုံးပြုဖို့ ကြိုးစားပါ။
Lifestyle_Myanmar
LM_Nandar
Source-fabiosa