နှစ်ယောက်တွဲပုံမတင်လို့ အချစ်လျော့နေပြီလို့ပြောတဲ့ခင်ပွန်းကို ကြည်နူးစရာပုံရိပ်လေးတွေနဲ့ ချော့လိုက်တဲ့ မြတ်ရတနာကျော်
celezone.net
|
2020-10-25



အတူနေတာပိုကြာလေလေ အချစ်တွေပိုတိုးလေလေဆိုတာကို အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက သက်သေပြလိုက်ပါပြီ။ ချစ်စရာသမီးလေးစကားလက်ကိုပိုင်ဆိုင်ထားပြီးနောက် ပိုပြီးပျော်စရာကောင်းလာတဲ့ မိသားစုဘဝလေးမှာ သုံးယောက်သား အေးချမ်းနေခဲ့ပါတယ်။ လက်ရှိ Stay Home ကာလမှာလည်း Live လွှင့်ပြီးဈေးတွေရောင်းနေတဲ့ချစ်ဇနီးလေးရဲ့ပုံစံကို အမြတ်တနိုးနဲ့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါသေးတယ်။




ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုပျော်ရွှင်ဖို့အရေးကိုပဲ ဦးစားပေးတတ်တဲ့ အာဘွိုင်းလိုခင်ပွန်းကောင်းကိုပိုင်ဆိုင် ရတာ မြတ်အတွက်တော့ တကယ့်ကိုကျေနပ်စရာပါပဲ။ သူမရဲ့လူမှုကွန်ရက်မှာ အမြဲလိုလို ချစ်သမီးလေးနဲ့ သူမရဲ့အလှပုံလေးတွေ တင်တာများပြီး ခင်ပွန်းနဲ့ပုံသိပ်မတင်တာမို့ အာဘွိုင်းက အချစ်တွေပေါ့နေတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။




ဒီနေ့မှာတော့မြတ်က သူမရဲ့ချစ်ခင်ပွန်းကျေနပ်သွားအောင် နှစ်ယောက်သားခရီးသွားခဲ့တုန်းက ကြည်နူးစရာပုံလေးတွေကို ” Couple Photo မတင်ဘူး သူပဲတင်နေရတယ် အချစ်လျော့လာပြီ ဆိုပြီး သူများကို လိုက်လိုက်ရွတ်နေလို့ ” ဆိုပြီးတင်ထားခဲ့ပါတယ်။ ဒီပုံလေးတွေမြင်ရင်တော့ ကိုအာဘွိုင်းကြီးတစ်ယောက် ကျေနပ်ပီတိဂွမ်းဆီထိနေမှာ အသေအချာပါပဲ။



Happy – Cele Zone
Photo – Myat Yadanar Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

နှစ်ယောက်တွဲပုံမတင်လို့ အချစ်လျော့နေပြီလို့ပြောတဲ့ခင်ပွန်းကို ကြည်နူးစရာပုံရိပ်လေးတွေနဲ့ ချော့လိုက်တဲ့ မြတ်ရတနာကျော်

အတူနေတာပိုကြာလေလေ အချစ်တွေပိုတိုးလေလေဆိုတာကို အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက သက်သေပြလိုက်ပါပြီ။ ချစ်စရာသမီးလေးစကားလက်ကိုပိုင်ဆိုင်ထားပြီးနောက် ပိုပြီးပျော်စရာကောင်းလာတဲ့ မိသားစုဘဝလေးမှာ သုံးယောက်သား အေးချမ်းနေခဲ့ပါတယ်။ လက်ရှိ Stay Home ကာလမှာလည်း Live လွှင့်ပြီးဈေးတွေရောင်းနေတဲ့ ချစ်ဇနီးလေးရဲ့ပုံစံကို အမြတ်တနိုးနဲ့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါသေးတယ်။

ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုပျော်ရွှင်ဖို့အရေးကိုပဲ ဦးစားပေးတတ်တဲ့ အာဘွိုင်းလိုခင်ပွန်းကောင်းကို ပိုင်ဆိုင်ရတာ မြတ်အတွက်တော့ တကယ့်ကိုကျေနပ်စရာပါပဲ။ သူမရဲ့လူမှုကွန်ရက်မှာ အမြဲလိုလို ချစ်သမီးလေးနဲ့ သူမရဲ့အလှပုံလေး တွေတင်တာများပြီး ခင်ပွန်းနဲ့ပုံသိပ်မတင်တာမို့ အာဘွိုင်းက အချစ်တွေပေါ့နေတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့မြတ်က သူမရဲ့ချစ်ခင်ပွန်းကျေနပ်သွားအောင် နှစ်ယောက်သားခရီးသွားခဲ့တုန်းက ကြည်နူးစရာပုံလေး တွေကို ” Couple Photo မတင်ဘူး သူပဲတင်နေရတယ် အချစ်လျော့လာပြီ ဆိုပြီး သူများကို လိုက်လိုက်ရွတ်နေလို့ ” ဆိုပြီး တင်ထားခဲ့ပါတယ်။ ဒီပုံလေးတွေမြင်ရင်တော့ ကိုအာဘွိုင်းကြီးတစ်ယောက် ကျေနပ်ပီတိဂွမ်းဆီထိနေမှာ အသေအချာပါပဲ။


Happy – Cele Zone
Photo – Myat Yadanar Kyaw




Some text some message..