အလှူအတန်းတွေအမြဲတမ်းလုပ်ပေးနေတဲ့စမိုင်းလ်တစ်ယောက် သူမရဲ့ရုံးဝန်ထမ်းတွေအတွက် လည်း သီတင်းကျွတ်အမှတ်တရ လက်ဆောင်အဖြစ် Samsung ဖုန်းတစ်လုံးစီလက်ဆောင်ပေးခဲ့ ပါတယ်။ အလှူအတန်းဆိုလက်မနှေးတတ်တာကြောင့် သူမတို့ရဲ့စီးပွားတွေဟာလည်း ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ ညာဖက်ကတစ်လှည်းဝင်ဆိုသလိုဖြစ်နေခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အတွက် တစ်ရက်ကိုတစ်သိန်းစီ (၂၂) ရက်တိတိ လှူဒါန်းခဲ့တဲ့အပြင် မွေးနေ့အမှတ်တရအဖြစ်လည်း ဆုမဲတွေနဲ့ ဖုန်းတွေမဲဖောက်ပေးခဲ့ပါသေးတယ်။ မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို ကျေပြွန်တဲ့ ဇနီးကောင်း မိခင်ကောင်းပီသအောင်နေတာကြောင့် ခင်ပွန်းဖြစ်သူကလည်း အလုပ်ကိုစိတ်ဖြောင့်ဖြောင့်လုပ်နိုင်ပြီး သူမတို့ရဲ့စီးပွားရေးဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်။
ဒီနေ့မှာလည်း အားလုံးကိုပေးမယ့်လက်ဆောင်ဖုန်းလေးတွေကို ” ကျမရဲ့ရုံးကလူတွေ ပင်ပန်းနေကြပြီဆိုတော့ သီတင်းကျွတ် လက်ဆောင်လေးတွေပေးရမယ်။ ချော့တစ်ခါ ခြောက်တလှည့်နဲ့ ခရီးဆက်နေရတဲ့ ကျမရဲ့အဖွဲ့သားများအတွက် ” ဆိုပြီး ပါကင်လှလှလေး ထုတ်ထားခဲ့ပါသေးတယ်။ ဒီလိုစိတ်သဘောထားကောင်းတဲ့အလုပ်ရှင်ကြောင့် ဝန်ထမ်းတွေက အလုပ်မှာပိုပျော်လာ မှာပါ။
Happy – Cele Zone
Photo – Smile
(ဇော်ဂျီဖြင့်ဖတ်ရန်)
ရုံးကဝန်ထမ်းတွေအတွက် Samsung Galaxy A01 ဖုန်းတစ်လုံးစီ လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ်
အလှူအတန်းတွေအမြဲတမ်းလုပ်ပေးနေတဲ့စမိုင်းလ်တစ်ယောက် သူမရဲ့ရုံးဝန်ထမ်းတွေအတွက် လည်း သီတင်းကျွတ်အ မှတ်တရလက်ဆောင်အဖြစ် Samsung ဖုန်းတစ်လုံးစီလက်ဆောင်ပေးခဲ့ ပါတယ်။ အလှူအတန်းဆိုလက်မနှေးတတ်တာကြောင့် သူမတို့ရဲ့စီးပွားတွေဟာလည်း ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ ညာဖက်ကတစ်လှည်းဝင်ဆိုသလိုဖြစ်နေခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အတွက် တစ်ရက်ကိုတစ်သိန်းစီ (၂၂) ရက်တိတိ လှူဒါန်းခဲ့တဲ့အပြင် မွေးနေ့အမှတ်တရအဖြစ်လည်း ဆုမဲတွေနဲ့ ဖုန်းတွေမဲဖောက်ပေးခဲ့ပါသေးတယ်။ မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို ကျေပြွန်တဲ့ ဇနီးကောင်း မိခင်ကောင်းပီသအောင်နေတာကြောင့် ခင်ပွန်းဖြစ်သူကလည်း အလုပ်ကိုစိတ်ဖြောင့်ဖြောင့်လုပ်နိုင်ပြီး သူမတို့ရဲ့စီးပွားရေးဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်။
ဒီနေ့မှာလည်း အားလုံးကိုပေးမယ့်လက်ဆောင်ဖုန်းလေးတွေကို ” ကျမရဲ့ရုံးကလူတွေ ပင်ပန်းနေကြပြီဆိုတော့ သီတင်းကျွတ်လက်ဆောင်လေးတွေပေးရမယ်။ ချော့တစ်ခါ ခြောက်တလှည့်နဲ့ ခရီးဆက်နေရတဲ့ ကျမရဲ့အဖွဲ့သားများ အတွက် ” ဆိုပြီး ပါကင်လှလှလေး ထုတ်ထားခဲ့ပါသေးတယ်။ ဒီလိုစိတ်သဘောထားကောင်းတဲ့အလုပ်ရှင်ကြောင့် ဝန်ထမ်းတွေက အလုပ်မှာပိုပျော်လာမှာပါ။
Happy – Cele Zone
Photo – Smile