အဝတ်ဖြူတွေကို ချွတ်ဆေးမသုံးဘဲ ဖြူဖွေးသွားအောင် သဘာဝအလျောက်လျှော်နည်များ
auntymay.com
|
2020-10-26

အဝတ်တွေထဲမှာ အဖြူရောင်ရှိတဲ့ အဝတ်တွေဟာ ထိန်းသိမ်းရအခက်ဆုံးပါပဲ။ အမြဲတမ်း သူတို့တွေကို ဖြူဖြူလွှလွှလေးနဲ့ သစ်လွင်တောက်ပနေဖို့ နည်းမှန်လမ်းမှန်နဲ့ ထိန်းသိမ်းတတ်ပါမှ တော်ရကျမှာဖြစ်ပါတယ်။ အဖြူရောင်ဆိုလို့ အမြဲတမ်းချည်း ချွတ်ဆေးတွေနဲ့စိမ်ပြီး အင်္ကျီကိုဖွေးအောင်လုပ်ခြင်းဟာ ခဏတာအတွက်တော့ ကိစ္စမရှိပေမယ့်လို့ ကြာလာရင် အဲဒီအဝတ်တွေဟာ ချွတ်ဆေးဒဏ်ကြောင့် ဆွေးဆွေးလာမှာဖြစ်ပါတယ်။ ဆိုတော့ မိမိအိမ်က အဝတ်တွေကို အစွန်းချွတ်ဆေးမသုံးဘဲ သဘာဝနည်းလမ်းတွေနဲ့ အမြဲတမ်းဖြူဖွေးသန့်စင်နေအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


နေရောင်ခြည်ကိုအသုံးပြုပါ

အဝတ်တွေကိုလှမ်းတဲ့အခါ မနက်ခင်းနဲ့ ညနေခင်းနေရောင်ခြည်တွေမဟုတ်ဘဲ နေ့လည်နေ့ခင်း ကျဲကျဲတောက်ပူနေတဲ့နေရောင်ခြည်မျိုးဟာ အဝတ်တွေကို သူ့ရဲ့ခရမ်းလွန်ရောင်ခြည်နဲ့ ဖြူလာစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ကျီအမည်းကိုတော့ ဒီလိုနေရောင်ထဲလှမ်းလို့မရပါဘူး။


သံပုရာသီ၊ သံပုရိုသီးသုံးပါ

အင်္ကျီအဖြူမှာဖြစ်တတ်တဲ့ အဝါရောင်အစွန်းအထင်းတွေ၊ အကွက်တွေ၊ အဖြူကနေ ဝါကျင့်ကျင့်ဖြစ်သွားတာမျိုးတွေဆိုရင်တော့ သံပုရာသီး ဒါမှမဟုတ် သံပုရိုသီးဟာ အကူအညီပေးပါလိမ့်မယ်။ သံပုရာသီး သိုမဟုတ် သံပုရိုသီးအရည်နဲ့ ရေအနည်းငယ်တို့ကို ပွက်ပွက်ဆူအောင်တည်ပြီးတော့ အဝတ်တွေကို စိမ်ပြုတ်ထားပေးတာမျိုးနဲ့ အဝတ်လျှော်တဲ့အခါ သုံပုရာသီး သို့မဟုတ် သံပုရိုသီးအရည်ကို ထည့်လျှော်ပေးခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။


Freepik- freepik


ရှာလကာရည်

အဝတ်လျှော်တဲ့ရေထဲကို ရှာလကာရည်ထည့်လျှော်ပေးမယ်ဆိုရင် အဝတ်တွေကို ပျော့ပြောင်းလာစေပြီးတော့ အရင်လည်း ပိုတောက်လာစေပါတယ်။ အဖြူရောင်ဆိုရင်တော့ ပိုပြီး ဖွေးတက်လာစေမှာပေါ့။


မုန့်ဖုတ်ဆိုဒါ

အဝတ်လျှော်တဲ့အခါ မုန့်ဖုတ်ဆိုတာ ၁ စွန်းခန့်ကို ထည့်ပြီး လျှော်ပေးရင်ည်း သင့်ရဲ့အဖြူရောင်အဝတ်အစားတွေဟာ အသစ်အတိုင်းပဲ ဖြူဖွေးတောက်ပြောင်လာစေမှာဖြစ်ပါတယ်။


Freepik- iamtui7


ပန်းကန်ဆေးဆပ်ပြာသုံးခြင်း

အဝတ်လျှောဆပ်ပြာအပြင်ကိုမှ အဝတ်လျှော်တဲ့ရေထဲ ပန်းကန်ဆေးတဲ့ ဆပ်ပြာဆီကိုဖျော်ပြီး အဝတ်ဖြူတွေကို လျှော်ခြင်းဟာလည်း အဆင်ပြေစေမှာပါ။ ချေးတွေကိုပိုပြောင်စေပြီးတော့ ခဏအတွင်းပဲ တောက်ပြောင်သွားစေမှာပါ။


အကိုက်ခဲပျောက်ဆေး

Aspirin လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကို ချေပြီးတော့ အဝတ်လျှော်တဲ့ရေထဲ ထည့်ဖျော်သုံးပေးခြင်းဟာလည်း သင့်ရဲ့အဝတ်တွေကို ဖြူဖွေးလာစေမှာပါ။ ဈေးကွက်မှာရှိနေတဲ့ ခေါင်းကိုက်တိုင်း၊ ကိုယ်လက်အင်္ဂါတွေကိုက်ခဲတိုင်း သောက်လို့ရတဲ့ ဘယ်လိုအကိုက်အခဲပျောက်ဆေးကိုမဆို အသုံးပြုနိုင်ပါတယ်။ တစ်ခါသုံးရင် ၅ လုံးခန့်ထည့်ပါ။


Freepik- bristekjegor


penny




Some text some message..