ရောင်စဉ်ခုနှစ်သွယ် အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2020-10-27

ဒေါ်သိမ့်သိမ့်ခိုင်နှင့် မင်းသက်နောင်ခိုင်တို့မှာ ထိတ်ထိတ်

လန့်လန့်ဖြစ်ကုန်ကြသည်။

" ဘာတွေလဲမသိတော့ဘူးမာမီ ... သားဒယ်ဒီ့ဆီဆက်

လိုက်တော့မယ် "

မင်းသက်နောင်ခိုင်က ဖုန်းခေါ်လိုက်သည်။

" ဟာ ဘာလဲ ... ဆက်သွယ်မှုဧရိယာပြင်ပတဲ့ "

ဒေါ်သိမ့်သိမ့်ခိုင်မှာ ပိုက်ဆံအိတ်ထဲရှိသူမ၏ဖုန်းကို

ထုတ်ယူလိုက်၏။

" Missed call တွေအများကြီးပါလား ... "

သူမသည်လည်းဖုန်းခေါ်ကြည့်လိုက်သည်။ သူမ၏ဖုန်း

သည်လည်း မင်းသက်နောင်ခိုင်ဖုန်းကဲ့သို့ပင်။ ခေါ်၍

မရတော့ချေ။

" မာမီ့ဖုန်းလည်းမရတော့ဘူး နေပါဦး အခုက မနက် ၄

နာရီေကျာ်နေပြီပဲ ဘာလို့အရမ်းမှောင်နေတာပါလိမ့် "

" မာမီ ဟိုမှာ ဟိုမှာ ဘာကြီးလဲ မသိဘူး "

မင်းသက်နောင်ခိုင်ညွှန်ပြရာသို့ အမြန်ကြည့်လိုက်၏။

လူအချို့သည် ကားလမ်းဟိုဖက်မှဒီဖက်သို့ ပြေးကာ

လွှားကာကူးလူးနေကြသည်ကိုမြင်တွေ့နေရသည်။

" ဒါ ဒါ လူတွေမဟုတ်ဘူးသား မရပ်နဲ့ ဆက်မောင်း "

" လူဆိုဘယ်လိုလုပ်မှာလဲ... ဝင်တိုက်မိရင်အမှုထပ်ပတ်

မှာ "

" မင်းသက်နောင်ခိုင် မာမီပြောနေတယ် မောင်းလို့ "

၎င်းတို့ပြောနေစဉ်မှာပင် ကားကလူတစ်ယောက်ကို

ဝင်တိုက်မိချေပြီ။

" မကြည့်နဲ့ ဆက်မောင်း "

ဒေါ်သိမ့်သိမ့်ခိုင်က ပြတ်သားစွာအမိန့်ပေးနေသည်။

" ဆင်းကြည့်ရင်ကောင်းမယ်ထင်တယ် မာမီ လူဆိုဒုက္ခ

ရောက်လိမ့်မယ် "

" လူမဟုတ်ဘူးလို့မာမီပြောရင်ယုံလိုက်သား မောင်းသာ

မောင်း ရောက်တော့မယ် "

မင်းသက်နောင်ခိုင်လည်း တစ်ခွန်းမှမပြောတော့ဘဲ

ဆက်မောင်းလိုက်လေတော့သည်။ လမ်းတလျှောက်လုံး

တဒုန်းဒုန်းဖြင့် တစ်ယောက်ပြီးတစ်ယောက်ဝင်တိုက်မိ

၏။ ထိုအခါမှ မင်းသက်နောင်ခိုင်သည်လည်း လက်ခံ

သွားသည်။

" တစ်လမ်းလုံးသရဲတွေချည်းလားမာမီ "

" ဟုတ်ပါတယ်ဆို ... အရင်ကဒါ သင်္ချိုင်းသွားတဲ့လမ်း

တစ်လမ်းလုံး သရဲတွေချည်းရှိတယ် ... "

" ဟာ သားတော့ဒီနေ့မှ နှလုံးမရပ်ရင် မရပ်တော့ဘူး

ဘဝမှာကြောက်စရာအကောင်းဆုံးနေ့ပဲ "

ထိုစဉ်မှာပင် ထက်ဝတီရှိန်၏အလောင်းကောင်ကြီး

သည် ထထိုင်ကာ ကားနောက်ခန်း၌ မတ်မတ်ကြီးထိုင်

နေ၏။

" နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ..."

ထိုစကားကိုသာ အထပ်ထပ်အခါခါ ရေရွတ်ပြနေသည်။

" တိတ်စမ်း ..."

" နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ..."

" နင့်ပါးစပ်မပိတ်ဘူးလား ဟမ် "

" မာမီ သားအရမ်းကြောက်နေပြီ ... ကားမောင်းလို့မရ

တော့ဘူး အီး ဟီး ဟီး "

" ဟီး ဟီး ဟီး ဟီး ဟီး "

မျက်လုံးသေကြီးဖြင့် ထိုင်ရယ်နေသောအလောင်း

ကောင်ကြီးမှာ တဖြည်းဖြည်းပို၍ကြောက်မက်ဖွယ်

ကောင်းလာ၏။

" နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ..."

" ပါးစပ်မပိတ်သေးဘူးလား "

မင်းသက်နောင်ခိုင်ပင် ဒေါ်သိမ့်သိမ့်ခိုင်၏ဒေါသတကြီး

ဖြစ်နေသောကြောက်မက်ဖွယ် ပုံစံအား ထိတ်လန့်သွား

တော့သည်။

" နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ...

နင်တို့အလှည့်ရောက်ပြီ .... နင်တို့အလှည့်ရောက်ပြီ..."

ဒေါ်သိမ့်သိမ့်ခိုင်လည်း ဆက်သည်းမခံတော့ပဲ ကား

နောက်ခန်းရှိ ထက်ဝတီရှိန်အလောင်းကောင်ကြီးဆီသို့

လွှားခနဲ ခုန်ကျော်သွားလေ၏။

" ဟီ ဟီ ဟီ ဟီ ဟီ "

အလောင်းကြီးမှာ ပြီတီတီမခိုးမခန့်ရယ်နေသည်။

ဒေါ်သိမ့်သိမ့်ခိုင်လည်း ထက်ဝတီရှိန်အလောင်းကောင်

ကြီးအား အားရပါးရဝင်ရိုက်နှက်ပစ်လေ၏။ လက်ဖြင့်

ရိုက်နှက်နေရင်းအားမရလာသဖြင့် ထုရိုက်နိုင်မည့်ပစ္စည်း

တစ်ခုခုကိုလိုက်လံရှာဖွေကြည့်သည်။

ကားဘေး၌ထည့်ထားသောရေသန့်ဗူးကြီးကိုဆွဲယူကာ

အလောင်း၏ခေါင်းကိုရိုက်သည်။ အလောင်းကောင်

ကြီးမှာ တစ်ချက်မှမဖြုံချေ။ ဒေါ်သိမ့်သိမ့်ခိုင်မှာ လက်အံ

ပင်သေလာချေပြီ။

" မာမီ တော်ပါတော့ မလုပ်နဲ့တော့ ဒေါသလျော့ပါမာမီ

ရာ "

ဒေါ်သိမ့်သိမ့်ခိုင်က မည်သည့်စကားမှနားမဝင်တော့။

အောက်တွင်ပြုတ်ကျနေသည့်ကားရေမွှေးဗူးကိုကောက်

ယူကာ အလောင်း၏ခေါင်းကိုထုနှက်ပြန်သည်။

" သေတာတောင် ကောင်းကောင်းမသေချင်ဦး ... ငါ့ကို

ဒုက္ခပေးချင်ဦး ... အောက်တန်းစားမကြီး ... သရဲဖြစ်ဖြစ်

သဘက်ဖြစ်ဖြစ် နင့်ကိုကြောက်မယ်မထင်နဲ့ "

" ဘုံး ဘုံး "

ဒေါသတကြီးအော်ပြောရင်း ဆက်တိုက်ထုနှက်ပစ်သည်။

ထိုစဉ်မှာပင် ကားနောက်ဖုံးကြီးသည်ပွင့်လိုက်ပိတ်လိုက်

လှုပ်လာ၏။

" မာမီ ဟိုမှာပွင့်လာပြီ... အလောင်းထွက်ကျရင်ပြဿ

နာ "

ဒေါ်သိမ့်သိမ့်ခိုင်လည်း ကားနောက်ဖုံးဖက်သို့လှမ်းကြည့်

ရင်း

" ဟဲ့အကောင်ကျော်စိုးလင်း ... ငါကျွေးလို့မွေးလို့ လူ

တစ်လုံးသူတစ်လုံးဖြစ်လာတာ... ငါ့ကိုဒုက္ခလာမပေး

စမ်းနဲ့ ... ငါ့ကိုဆက်ဒုက္ခပေးမယ်အာခံမယ်ဆိုရင် နင့်

မိန်းမနဲ့နင့်သားပါငါသတ်ပစ်မယ် "

ဒေါ်သိမ့်သိမ့်ခိုင်၏စကားအဆုံးတွင် ကားနောက်ဖုံးကြီး

မှာ ဝုန်းခနဲပိတ်သွားလေသည်။ ထိုအခါ ဒေါ်သိမ့်သိမ့်

ခိုင်လည်း ထက်ဝတီရှိန်၏အလောင်းဖက်ပြန်လှည့်ကာ

" ညည်းလည်းအတူတူပဲ... ငါ့ကိုထပ်ခြောက်ရင် ညည်း

အဖေကိုပါသတ်ပြမယ် ... "

ကြောက်မက်ဖွယ်အော်ပြောပြီး ထက်ဝတီရှိန်အလောင်း

၏ ပါးပြင်ကို ဖြန်းခနဲ ရိုက်ပစ်လိုက်လေသည်။ ထိုစဉ်မှာ

ပင်အလောင်းကြီး၏ဗိုက်သည်တဖြည်းဖြည်းဖောင်းကား

လာတော့သည်။ ဒေါ်သိမ့်သိမ့်ခိုင်မှာ အံ့ဩစွာဖြင့် ငေး

ကြည့်မိနေ၏။ အလောင်း၏ဝမ်းဗိုက်ကြီးသည် တလှုပ်

လှုပ်ဖောင်းနေပြီး နောက်ဆုံးတွင် ဝမ်းဗိုက်ကြီးမှာ ကွဲ

ထွက်လာခဲ့သည်။

ထိုထဲမှ မည်းနက်နေသောကလေးသရဲသည် ပါးစပ်ကြီး

ဟကာအပြင်သို့အတင်းတိုးထွက်လာနေသည်။ ဒေါ်သိမ့်

သိမ့်ခိုင်သည်လည်း လက်ထဲမှကားရေမွှေးပုလင်းဖြင့်

ကလေးသရဲကိုထုနှက်ပြန်သည်။ ကလေးသရဲမှာ ဒေါ်

သိမ့်သိမ့်ခိုင်၏လက်ကိုလှမ်းကိုက်၏။ ကားနောက်ခန်း

တစ်ခုလုံးဆူညံပွက်လောရိုက်နေသလို မင်းသက်နောင်

ခိုင်မှာသည်းခြေပျက်လာခဲ့ပြီ။

ငယ်သံပါအောင်အော်ဟစ်ရင်း ကားလီဗာအားဖိနင်း

ပစ်သည်။ ထိုအချိန် မင်းသက်နောင်ခိုင်၏မျက်လုံးများ

လက်ခနဲ တောက်သွားခဲ့သည်။

" မာမီ ... ဟိုမှာ သင်္ချိုင်း... သင်္ချိုင်းရောက်ပြီ "

မင်းသက်နောင်ခိုင်စကားအဆုံးတွင် ကလေးသရဲမှာ

လည်း ထက်ဝတီရှိန်၏ဝမ်းဗိုက်ထဲသို့ပြန်ဝင်သွားပြီး

ပျောက်ကွယ်သွား၏။ ဒေါ်သိမ့်သိမ့်ခိုင်လည်း မင်းသက်

နောင်ခိုင်ညွှန်ပြရာသို့လှမ်းကြည့်လိုက်သည့်အခါ သူမ

ငယ်စဉ်ကမြင်တွေ့ခဲ့ဖူးသော သင်္ချိုင်းကြီးက အမှောင်

ထဲပင်လင်းနေသလိုလို။

" မြန်မြန်မြုပ်ပြီးစိတ်အေးပြီသားရေ... မကောင်းဆိုးရွား

တွေကိုအမြန်ရှင်းပစ်ရမယ် "

ဒေါ်သိမ့်သိမ့်ခိုင်လည်းဝမ်းသာအားရအသံဖြင့်ပြော

နေ၏။

" ဒါဝင်ပေါက်ထင်တယ်နော်မာမီ "

" ဟုတ်မယ် မာမီလည်း ကြာပြီဆိုတော့ သိပ်မမှတ်မိတော့

ဘူး ဝင်သာဝင်လိုက်တော့သား ... ဘယ်နေရာဖြစ်ဖြစ်

မြုပ်ရရင်ပြီးရော "

သားအမိနှစ်ယောက်မှာ ကိစ္စများပြီးပြတ်တော့မည်ဖြစ်

၍ ဝမ်းသာလုံးဆို့နေကြသည်။ မင်းသက်နောင်ခိုင်လည်း

လမ်းလေးအတိုင်းကွေ့ဝင်လာခဲ့သည်။ သင်္ချိုင်းကြီးက

ခနော်ခနဲ့ ယိုင်နဲ့နဲ့နှင့်စုတ်ပြတ်နေသည်။ ကားကိုအဆင်ပြေ

နိုင်မည့်နေရာ၌ ထိုးရပ်လိုက်တော့သည်။

" မာမီ သူတို့ဘာမှလုပ်လို့မရတော့ဘူးဆိုတာသိတော့

ငြိမ်သွားကြပြီ "

" သူတို့တွေအဆုံးသတ်ပြီလေ ... တစ်ကျင်းထဲတူးပြီး

နှစ်လောင်းလုံးတစ်ခါတည်းမြုပ်ထည့်ပစ်မယ် ... "

" ၅နာရီတောင်ကျော်နေပြီ ဘာလို့မလင်းသေးတာလဲ

မသိဘူး ... "

" မိုးရိပ်ရှိလို့နေမှာပေါ့သားရယ် ... မလင်းသေးတာဘဲ

ကျေးဇူးတင်ရမှာ လူမြင်လို့မဖြစ်ဘူး ကဲ ခပ်မြန်မြန်လေး

လုပ်ကြတာပေါ့ လာ "

သားအမိနှစ်ယောက်သား ကားပေါ်မှဆင်းကာ ပစ္စည်း

များကို သင်္ချိုင်းမြေပေါ်သို့ချကြသည်။ ထို့နောက်ကား

နောက်ခန်းထဲမှ ထက်ဝတီရှိန်၏အလောင်းကို ခက်ခက်

ခဲခဲ ' မ ' ထုတ်ကာ မြေကြီးပေါ်သို့ချလိုက်သည်။

" ဘယ်နားမြုပ်မှာလဲမာမီ "

" ဒီနားမှာပဲမြုပ်လိုက်မယ် ... လမ်းနဲ့လွတ်ရင်ပြီးရော...

လူတွေမသွားမလာကြတာဖြင့်ကြာနေပြီ... ပုံးတစ်ရာက

စိတ်ချရတယ်သက်နောင် "

ထိုသို့ပြောကာ ကားနောက်ဖုံးထဲမှ ကျော်စိုးလင်း၏

အလောင်းကိုပါ ထုတ်ယူလိုက်ကြသည်။

" သူ့ဖုန်းထည့်မမြုပ်နဲ့နော် ... မြောက်ရေကန်ထဲသွားပစ်မယ် "

" ဟုတ် မာမီ "

" သူတို့အဝတ်အစားတွေရော ... ဟိုထိုင်ခုံအကျိုးအပဲ့

ရော ... အကုန်တစ်ခါတည်းမြုပ်မယ် "

သားအမိနှစ်ယောက်သား မှောင်မည်းမည်းကြီးတွင် ကား

မီးရောင်အောက် ပျာယာခတ်စွာလှုပ်ရှားနေကြသည်။

" ဟီ ဟီ ဟီ "

ကားခေါင်မိုးပေါ်၌ ငုတ်တုတ်ကြီးထိုင်ပြီး ကြည့်ကာရယ်

နေသည့် ထက်ဝတီရှိန်အား ဂရုပင်မစိုက်အားတော့။

" ရယ်စမ်းပါ ရယ်နေလိုက် ... နင့်ကိုအပိုင်းပိုင်းမခုတ်

တာကံကောင်း... အချိန်သာရရင် အပိုင်းပိုင်းခုတ်ပြီးမှ

မြုပ်မှာ "

ဒေါ်သိမ့်သိမ့်ခိုင်မှာ အတော်လေးမုန်းတီးနေဟန်ရပြီး

နှုတ်မှထွက်လာသည့်စကားများကကြောက်မက်ဖွယ်

ကောင်းနေသည်။

" ဒါတွေရှင်းပြီးလို့ လိုက်ခြောက်နေသေးရင်ဘယ်လို

လုပျကွမလဲမာမီ "

" အေ အဲ့ကြရင် ဆရာရှာပြီးနှင်ထုတ်မှာ ... ဘယ်တော့မှ

လာလို့မရတော့အောင် လုပ်ပစ်မှာ စောင့်နေ အောက်တန်း

စားမ .... ငါတို့သားအမိကို ဒုက္ခထပ်ပေးရဲရင်ပေးကြည့်

ငါ့အကြောင်းကောင်းကောင်းသိစေရမယ် "

ထက်ဝတီရှိန်မှာတော့မည်သို့မျှမပြော၊ လက်ထဲကလေး

ငယ်ကိုချီကာ အေ့အေ့အို့ ဆိုရင်းချော့သိပ်ပြနေ၏။

" သွားကြပေတော့ နှစ်ကောင်စလုံး အဲ မဟုတ်သေးဘူး သုံးကောင်လုံး "

ထိုသို့ပြောကာ မြေဂေါ်ကြ္းအားလှမ်းအယူတွင် တစ်လော

ကလုံး လင်းထိန်သွားလေတော့သည်။ စူးရှသည့်အလင်း

ရောင်ကြောင့် သားအမိနှစ်ယောက်လုံး ရင်ထဲထိတ်ခနဲ

ဖြစ်ကာ ၎င်းတို့မျက်နှာပေါ်ဆီသို့ထိုးထားသည့် အလင်း

ရောင်အား လက်ဖြင့်ကာလိုက်ကြသည်။

" လက်ထိတ်ခတ်လိုက် "

" ဘာတွေလဲ ရှင်တို့ဘယ်သူတွေလဲ "

ဒေါ်သိမ့်သိမ့်ခိုင်တို့မှာ အော်ကြီးဟစ်ကျယ်ဖြင့်အတင်း

ရုန်းရင်း မေးလိုက်သည်။ သူမတို့သားအမိဘေးတွင် လူ

အများဝိုင်းကြည့်နေကြ၏။ ပတ်ဝန်းကျင်ကိုသေချာစွာ

လှည့်ပတ်ကြည့်လိုက်သည့်အခါ ၎င်းတို့သားအမိရောက်

ရှိနေသည်က ပုံးတစ်ရာသင်္ချိုင်းမဟုတ်ချေ။

မြို့လည်ရှိ ရဲစခန်းအလယ်တည့်တည့်သို့ရောက်နေခြင်း

သာဖြစ်လေတော့သည်။ ရဲစခန်းအလယ်တွင် အလောင်း

များကိုကားပေါ်မှချကာ သက်သေအပြည့်အစုံဖြင့်ရောက်

နေကြခြင်းပင်။

ဒေါ်သိမ့်သိမ့်ခိုင်နှင့် မင်းသက်နောင်ခိုင်မှာ ကိုယ့်မျက်လုံး

ကိုယ်မယုံနိုင်ဘဲဖြစ်နေကြသည်။ မှောင်မည်းနေသော

ပတ်ဝန်းကျင်လည်းမရှိတော့။ လင်းလုလင်းခင်အခြေ

အနေတွင် ရဲစခန်းတစ်ခုလုံးမီးထိန်ထိန်လင်းနေသည်။

" မာမီ ဘာတွေဖြစ်ကုန်ပြီလဲဗျာ ဘာတွေလဲ "

ဒေါ်သိမ့်သိမ့်ခိုင်ကိုယ်တိုင်လည်းသွေးရူးသွေးတန်းဖြစ်

ကာ နှုတ်မှကရားရေလွတ်တတွတ်တွတ်အော်ပြောနေ၏။

" ကျွန်မသတ်တာပါ ... ကျွန်မသားနဲ့မဆိုင်ပါဘူး ...

ဒါတွေအားလုံးကျွန်မလုပ်တာပါ ... သားလေးကိုလွှတ်

ပေးကြပါရှင် အီး ဟီး ဟီး ... ကျွန်မသတ်တာပါ ..."

သူမမည်သို့ပင်အော်ဟစ်ပြောဆိုပါစေ၊ သားအမိနှစ်

ယောက်လုံးကိုလက်ထိတ်ခတ်လိုက်ကြပြီ။

" တောင်းပန်ပါတယ်သားတို့ရယ် ... အန်တီသတ်တာပါ...

အန်တီ့သားကိုမဖမ်းကြပါနဲ့ ... အားလုံးအန်တီတစ်

ယောက်တည်းလုပ်တာပါ "

" စိတ်အေးအေးထားပါအစ်မ ... ပြီးမှဖြေရှင်းပါ ...

အခုတော့ အထဲလိုက်ေပးကြပါခင်ဗျာ "

" မလိုက်ဘူး ... ကျွန်မသားကိုအရင်လွှတ်ပေး ...

အဲ့ဒါမြင်မှကျွန်မလိုက်မယ် "

ဒေါ်သိမ့်သိမ့်ခိုင်အတင်းရုန်းနေစဉ် ရဲမေ သုံးလေးယောက်

ရောက်လာပြီး ဒေါ်သိမ့်သိမ့်ခိုင်အား အတင်းဆွဲခေါ်သွား

ကြလေတော့သည်။

" သားရေ အီး ဟီး ဟီး သားလေး ... မာမီရအောင်ပြန်

ထုတ်ပေးပါ့မယ် ဟီး အီး ... သားဘာမှမကြောက်နဲ့

နော် "

ဒေါ်သိမ့်သိမ့်ခိုင်မှာ သူမအရှေ့မှ စခန်းထဲအရင်ဝင်သွား

သည့် မင်းသက်နောင်ခိုင်အား လိုက်အော်ရင်း အပြေး

လေးလိုက်နေသည်။

စခန်းထဲဝင်ထိုင်လိုက်ကြပြီး အမည်၊ လိပ်စာ စသည်တို့

အားအရင်ဆုံးဖြေဆိုပေးရသည်။ ဒေါ်သိမ့်သိမ့်ခိုင်နှင့်

မင်းသက်နောင်ခိုင်တို့၏နောက်ကျောဖက်တွင် ကလေး

ငယ်ချီပြီး တဟီဟီရယ်မောနေသည့် ထက်ဝတီရှိန်ကို

တွေ့မြင်နေရသဖြင့် ဒေါ်သိမ့်သိမ့်ခိုင်မှာ အနောက်လှည့်

ကြည့်ကာ အော်ဟစ်ဆဲဆိုနေတော့သည်။

သို့သော်ထိုအရာကို သူမတို့သားအမိနှစ်ယောက်မှလွဲ

ပြီးမည်သူမှမမြင်ကြချေ။ ၎င်းတို့အားကြည့်ရင်း စိတ်

ဝေဒနာခံစားနေကြသူများဟု အများကထင်မှတ်နေကြ

လေသည်။

" ဒီမှာတွေ့လား စခန်းမှူးကြီး... ဒီအောက်တန်းစားမက

သေဟန်ဆောင်ပြီး ကျွန်မတို့သားအမိကိုဒုက္ခလိုက်ပေး

နေတာပါ ... ဒီမှာကြည့်ကြပါရှင် ... ကျွန်မအိမ်က ကား

ဒရိုင်ဘာလေးကိုလည်း သူပဲသတ်လိုက်တာပါ ... "

" အစ်မ စိတ်လျော့ပါအစ်မ ... အခုတော့ ဒီကညီမလေး

တွေနဲ့လိုက်သွားပါဦး ... ဟုတ်ပြီနော် "

" ကျွန်မသားေလးသတ်တာမဟုတ်ပါဘူး စခန်းမှူးကြီးရယ်... ကျွန်မလုပ်မိတာပါ ... ဒီမိန်းမကမသေပါဘူး ...

မမြင်ကြဘူးလား ... ကျွန်မတို့ကိုလှောင်နေတာ ကြည့်ကြ

ပါဦးရှင် "

" အီး ဟီး ဒါတွေအားလုံးမာမီကြောင့်ဖြစ်ရတာ ဟီး အီး "

" သားလေး မငိုနဲ့ မငိုပါနဲ့သားရယ် မာမီတစ်ယောက်လုံး

ရှိပါတယ်သားရယ်နော် ... "

" မာမီ့ကိုကြောက်တယ်ဗျာ ... သွားပါတော့ မာမီသားနား

ကိုဘယ်တော့မှမလာခဲ့နဲ့ "

မင်းသက်နောင်ခိုင်၏စကားများသည် ဒေါ်သိမ့်သိမ့်ခိုင်၏

ရင်ဝကို မီးစနှင့်ထိုးလိုက်သကဲ့သို့ပူလောင်စေသည်။ ထို့

အပြင် ချောက်ချားဖွယ်အရာများကြောင့် ဒေါ်သိမ့်သိမ့်

ခိုင်မှာ တွေ့တွေ့သမျှ ထက်ဝတီရှိန်မျက်နှာသာမြင်နေ

ပြီး အော်ဟစ်ဆဲဆိုနေတော့သည်။

၎င်းတို့သားအမိအချုပ်ခန်းထဲဝင်သွားပြီးမှ ထက်ဝတီရှိန်

၏ ဝိဉာဉ်မှာ လွတ်လပ်ပေါ့ပါးသွားဟန်ဖြင့် ကလေးလေး

ကိုချော့သိပ်ရင်း ရဲစခန်းမှ ပြန်ထွက်လာခဲ့သည်။ သူမ

ဦးတည်သည့်နေရာကား သူမသေဆုံးခဲ့သည့် တစ်ထပ်

အိမ်လေးဆီသို့ဖြစ်၏။

ဒေါ်သိမ့်သိမ့်ခိုင်နှင့် မင်းသက်နောင်ခိုင်တို့၏ အမှုမှာ

တစ်မြို့လုံးဟိုးဟိုးကျော်သွားခဲ့တော့သည်။ အဘယ်

ကြောင့် အလောင်းနှစ်လောင်းတင်လာသည့်ကားကို

ရဲစခန်းအလယ်တည့်တည့်မောင်းလာရသနည်းဟု လူ

အများက တွေးမရဘဲအမျိုးမျိုးပြောဆိုနေကြသည်။

အချို့ကတော့ တောမှောက်သည်ဟုဆိုသည်၊ အချို့က

သရဲဖမ်းစားသည်ဟုဆိုကြသည်။ မည်သို့ဆိုပါစေ ညတုန်း

က ကလေးသရဲအကိုက်ခံရသဖြင့် အသားစလန်ကာသွေး

ထွက်နေသည့် ဂုတ်ပိုးလည်း အညိုအမည်းဒဏ်ရာမှလွဲ၍

မည်သည့်ဒဏ်ရာမှမရှိသည်ကိုတော့ ဒေါ်သိမ့်သိမ့်ခိုင်

အံ့ဩနေမိသည်။

အမှုအခင်းထွက်ဆိုသည့်အခါ ကျော်စိုးလင်းမိန်းမဖုန်း

ဆက်ချိန် ကျော်စိုးလင်းကဖုန်းပြန်ဖြေဆိုသည်ဟု ၎င်း

တို့ကဖြေဆိုကြသော်လည်း ကျော်စိုးလင်းမိန်းမမှာ ဖုန်း

ပိတ်သွားသဖြင့် စကားတစ်လုံးမျှပင် မပြောရကြောင်း၊

အဆက်အသွယ်လည်းမရသည့်အကြောင်း ထွင်ဆိုခဲ့

သည်။

ဒေါ်သိမ့်သိမ့်ခိုင်မှာ အမှုရင်ဆိုင်နေရင်း စိတ်အေးအေးထားပြီး ပြန်တွေးတောကြည့်သည်။ ၎င်းတို့သားအမိထို

ခြံထဲစရောက်သည့်အချိန်မှစပြီး တောခြောက်သလို၊

တောမှောက်သလိုစတင်ဖြစ်ခဲ့မှန်း သိရှိလာသည်။ အမြင်

မှားအထင်မှားစေရန် အမျိုးမျိုးခြောက်လှန့်ခံခဲ့ရသည်။

ထိုမှသာ အလောင်းမမြုပ်ဖြစ်ဘဲ ယခုကဲ့သို့အဖမ်းခံရ

စေရန် လုပ်ဆောင်သွားသည့် ထက်ဝတီရှိန်အား ပို၍

မုန်းတီးမိနေ၏။

" လုပ်ထားဦးပေါ့ အောက်တန်းစားမ ... ငါလွတ်လာတဲ့

တစ်နေ့ နင်ပြေးစရာနေရာမရှိစေရဘူး "

ဒေါ်သိမ့်သိမ့်ခိုင်မည်မျှကြိမ်းဝါးပါစေ ထက်ဝတီရှိန်၏

ဝိဉာဉ်မှာ ထိုတစ်ထပ်အိမ်ထဲ တဝဲလည်လည်ရှိနေဆဲပင်။

ထိုအိမ်ပိုင်ရှင်သည်လည်း သရဲခြောက်လွန်းသည် ၊ နှစ်

လောင်းပြိုင်လူသတ်မှုဖြစ်ဖူးသည်ဟူသော သတင်းများ

ဖြင့် အိမ်ထဲနေမရ၊ ရောင်းမရဖြစ်နေရရှာသည်။

ထို့ကြောင့်အိမ်သော့ခတ်ကာ ပစ်ထားရပြန်လေ၏။ ဒေါ်

သိမ့်သိမ့်ခိုင်က ခင်ပွန်းသည်ကိုဆက်သွယ်ကာ ထိုအိမ်

ကိုဝယ်ထားပေးစေလိုကြောင်း အထပ်ထပ်တောင်းဆို

သဖြင့် ဦးမျိုးမင်းသည်လည်း ဝယ်ယူပေးလိုက်လေ

သည်။

ဒေါ်သိမ့်သိမ့်ခိုင်မှာသာ မိဘမေတ္တာအယူအဆအမှား

ကြောင့် သူမကိုယ်သူမနစ်မွန်းနေပြီမှန်းမသိရှိသလို၊ သား

ဖြစ်သူအား ဘဝပျက်အောင်လုပ်နေမှန်းလည်းမသိခဲ့။

သူမ၏မကျေနပ်ချက်များသာကြီးစိုးနေသည်။

" အောက်တန်းစားမ ... နင်အဲ့ဒီအိမ်မှာနေပြီး စောင့်နေ

ဦးပေါ့ ... ငါလွှတ်လာတာနဲ့ နင့်ကိုဘယ်လိုလုပ်မလဲ

စောင့်ကြည့်ထားလိုက် "

အပြင်မရောက်သေးသ၍ သူမ၏အငြိုးအတေးအမုန်း

များမှာ တစ်နေ့ထက်တစ်နေ့တိုးရင်း များလာရသည်။

မင်းသက်နောင်ခိုင်မှာတော့ လောကကြီးအားအတော်

ပင်စိတ်ပျက်နေဟန်ရလေသည်။ အရယ်အပြုံးမရှိတော့၊

ခံစားချက်ကင်းမဲ့နေရုံမက အိပ်ရေးဝဝပင်မအိပ်စက်ရဲ

ချေ။

အိပ်ပျော်နေရင်း ထိတ်လန့်တကြားလန့်လန့်နိုးတတ်

သည်ကအကျင့်ဖြစ်နေပြီ။ တနေ့တခြားပိန်ချုံးလာ၏။

အမှန်တကယ်မှာ သားအမိနှစ်ယောက်လုံးသည် သည်း

ခြေပျက်နေကြလေပြီ။ တခါတရံ စကားများကဟိုရောက်

ဒီရောက်လျှောက်ပြောနေကြသည်။ စိတ်ဝေဒနာအားအလူးအလဲခံစားနေကြရလေပြီ။

တစ်ယောက်လျှင် ထောင်ဒဏ် ( ၇ ) နှစ်ကျခံခဲ့ရသည်။

ထိုကာလအတွင်း ဒေါ်သိမ့်သိမ့်ခိုင်မှာ စိတ်မူမမှန်သော်

လည်း ခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခုရှိခဲ့သည်။

ထောင်မှလွတ်သည့်နေ့ ထိုအိမ်ဆီသို့သွားမည်ဟူသည့်

ဆုံးဖြတ်ချက်ပင်။ ထို ( ၇ )နှစ်တာကာလအတွင်း သူမ

သည် တစုံတရာကိုလေ့လာသင်ယူဖြစ်ခဲ့သည်။

ထိုအရာကား အောက်လမ်းပညာရပ်ပင်။ သင်ယူနေရင်း

သူမ၏ရုပ်သွင်ပြင်မှာ တဖြည်းဖြည်းအကျည်းတန်လာ

သည်။ ဒေါ်သိမ့်စိမ့်ခိုင်ကိုတွေ့သည်နှင့်မည်သူမှစကား

မပြောလိုကြပေ။ အလိုလိုနေရင်းရှိန်နေကြသည်။

" ငါ့သားနဲ့ငါ့ဘဝကိုဖျက်တဲ့ ဟာမ ... မကြာတော့ဘူး

ငါလွတ်တော့မယ် ... ဟင်း ဟင်း ဟင်း "

ထိုနေ့သည် ရာသီဥတုမှာသာယာကြည်လင်နေ၏။ သို့

သော်သတင်းများကမသာယာပေ။ တစ်ထပ်အိမ်ကြီး

ထဲ ကြိုးဆွဲချသေဆုံးနေသော ဒေါ်သိမ့်သိမ့်ခိုင်၏ အ

လောင်းအား တွေ့ရှိသွားကြသောကြောင့်ဖြစ်သည်။

အသုဘချပြီးမကြာခင်မှာပင် သတင်းသဲ့သဲ့ထွက်လာ

သည်။ ထိုတစ်ထပ်အိမ်ကြီးဆီမှ ဉာဉ့်သန်းခေါင်အချိန်

မျိုး၌ ကလေးငိုသံနှင့် ကောင်မလေးတစ်ယောက်ငိုသံ

များကြားရတတ်သလို၊ တခါတရံ မိန်းမကြီးတစ်ယောက်

အော်ရယ်နေသည့်အသံမျိုးလည်းကြားရတတ်သည်ဟု

ဆိုကြသည်။

မည်သို့ပင်ဆိုစေ ထက်ဝတီရှိန်မှာ မိမိ၏ရင်သွေးအတွက်

ကာကွယ်ရင်း ဖြစ်ခဲ့သလို၊ ဒေါ်သိမ့်သိမ့်ခိုင်သည်လည်း

သူမ၏သားဖြစ်သူအတွက်ဇွတ်မိုက်ခဲ့သူဖြစ်သည်။

ထိုတစ်ထပ်အိမ်လေးမှာ ရောင်စဉ်ခုနှစ်သွယ်မက လင်း

လက်နေသော်လည်း အဘယ်ကြောင့်ဖြတ်သန်းသွားမိ

သူတိုင်း ကြောက်လန့်ချောက်ချားနေရသည်ကို မသိ

နိုင်တော့ပေတည်း။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..