သင် အစီးများတဲ့ ဖိနပ်ပုံစံကနေ ပြောပြနေမယ့် သင့်ရဲ့စိတ်နေစိတ်ထားအကြောင်း
auntymay.com
|
2020-10-27

ဒီမှာတော့ များသောအားဖြင့် ညှပ်ဖိနပ်ကိုသာ အစီးများတတ်ကြတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ညှပ်ဖိနပ်ကလွဲရင် ကျန်တဲ့ ဘယ်လိုဖိနပ်မျိုး ပျိုမေတို့အစီးများတတ်ကြလဲ။ ဒီလိုမျိုး ကိုယ်အစီးမျးာတဲ့ ဖိနပ်ကနေပြီး ပျိုမေတို့ရဲ့စိတ်စိတ်ထာကို ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီတော့ ကိုယ်ကရော ဘယ်လိုမျိုး စိတ်ခံစားချက်တွေရှိလာမလဲဆိုတာ ဖော်ပေးလိုက်ပါတယ်။


ဘွတ်ဖိနပ်

သင်ဟာ ဘွတ်ဖိနပ်အစီးများတဲ့ မိန်းကလေးတစ်ဦးဖြစ်တယ်ဆိုရင်တော့ သိတဲ့အတိုင်းပဲ စိတ်ထားဟာ မိန်းကလေး သိပ်မဆန်နေပါဘူး။ အမြဲတမ်း ဇိုးခနဲ ဇက်ခနဲနဲ့ လုပ်တတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းရှိကာ ရိုးရှင်းတဲ့စိတ်ထားရှိသူလေးတွပါ။


Pencil Heels

Bossy ဖြစ်ပြီးတော့ သူများတွေရဲ့ အာရုံစိုက်မှုကို လိုချင်နေတဲ့ type မျိးပါ။ သူတို့လေးတွေကတော့ ရဲရင့်ပြီးတော့ မာယာများတတ်ကြတဲ့ မိန်းကလေးတွေပဲဖြစ်ပါတယ်။


Freepik- svetlanasokolova


Flat Shoes

ဘဝကြီးမှာ စိတ်ရှုပ်စရာတွေဆိုရင် ဝေးဝေးကရှောင်တတ်တဲ့ ပုံစံမျိုးလေးတွေပေါ့။ တစ်ယောက်တည်း သီချင်းလေးနားထောင်၊ စာအုပ်ပေးဖတ်ပြီး နေရာကို ပိုသဘောကျပြီး အရမ်းကိုချစ်တတ်တဲ့လူမျိုးလေးတွေပါ။


တစ်ပြေးတည်းဒေါက်မြင့်ဖိနပ်

ဘဝမှာ ကိုယ့်ကောင်းရာကောင်းကျိုးအတွက် အမြဲမပြတ်လေ့လာနေသူတစ်ဦးပါ။ ကိုယ့်ရဲ့ သိက္ခာကို တန်ဖိုးထားခြင်းဟာ ဘဝမှာ အရေးကြီးဆုံးလို့ ခံယူထားပါတယ်။


Freepik- user10837085


စွတ်ဖိနပ်

စွတ်ဖိနပ်လေးတွေကို စီးတတ်တဲ့လူကတော့ စိတ်ရှုပ်မှုတွေကို လုံးဝမခံနိုင်တဲ့လူတွေပါ။ သူတို့ကို စိတ်ရှုပ်အောင်လုပ်နေပြီလို့ ယူဆဲ့အရာတိုင်းကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်ပဲ ဖြတ်တောက်ပစ်နိုင်ပါတယ်။


ကြိုးသိုင်းဖိနပ်

မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုပျောက်ဆုံးနေတတ်ပါတယ်။ တခြားလူတွေရဲ့ အမြင်ကိုဦးစားပေးတဲ့အတွက်ကြောင့် ဘယ်လိုကိစ္စမျိုးမဆို အမြဲတမ်း ပတ်ဝန်းကျင်ကို ထည့်ထည့်စဉ်းစားတတ်တဲ့ လူမျိုးလေးတွေပါ။


Freepik- solominphoto


penny




Some text some message..