ကောင်လေးတစ်ယောက်နဲ့ အွန်လိုင်းကတစ်ဆင့် အဆင်ပြေအောင် Flirt နည်းပေါင်းချုပ်
auntymay.com
|
2020-10-27

အခုခေတ် relationship တွေမှာ သိသိသာသာဖြစ်နေတဲ့ အဆင့် (၃) ဆင့်ရှိနေပါတယ်။ ပထမအဆင့်ကတော့ flirt မယ်၊ နောက် date မယ်၊ နောက်ဆုံးမှ တကယ့် relationship ထဲဝင်တာပေါ့။ ဒါဆိုရင် ကိုယ့်အနေနဲ့ အွန်လိုင်းပေါ်ကနေ ကောင်လေးတစ်ယောက်ကို ဒီအဆင့် (၃) ဆင့်လုံးအထိ ရည်ရှည်မျှော်မှန်းထားပြီး အထာပေး flirt တော့မယ်ဆိုရင် ဘယ်လိုအဆင်ပြေသွားအောင် flirt ကြမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။


Freepik- freepik


(၁) ခိုင်မာတဲ့ conversation တစ်ခုတည်ဆောက်ပါ

ဆိုလိုတာ “ဟယ်လိုအကို စားပြီးပြီလား” ဆိုတဲ့အရာမျိုးမဟုတ်ဘဲနဲ့ သူနဲ့ကိုယ် ထဲထဲဝင်ဝင်ဆွေးနွေးပြောဆိုလို့ရနိုင်မယ့် အကြောင်းအရာ ခိုင်ခိုင်လုံလုံတစ်ခုကတော့ လိုအပ်နေပါတယ်။ အလွယ်ဆုံးကတော့ ပြောဖို့အကြောင်းအရာကို သူတင်ထားတဲ့ post တွေနဲ့ story တွေကနေတစ်ဆင့် ရှာဖွေပါ။


(၂) ပျော်ရွှင်မှုကိုပြသပါ

ခိုင်မာတဲ့ conversation တစ်ခုတည်ဆောက်ရုံတင်မကဘဲ အဲဒီအထဲမှာလည်း ဟာသလေးတွေနှောလိုက်၊ ပြုံးစေရမယ့်စကားလုံးလေးတွေကို သုံးလိုက်နဲ့ သူနဲ့စကားပြောရတာ သင်ပျော်နေကြောင်းကိုပြသပါ။


Freepik- our-team


(၃) ချီးကျူးပါ

တရားလွန်မဟုတ်ဘဲနဲ့ မသိမသာချီးကျူးပါ။ အထူးသဖြင့် သူ့ရဲ့ ဝါသနာနဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးပေါ့။ ကောင်လေးတွေတော်တော်များများက ဒီလိုအခြေအနေမျိုးမှာ သူတို့ကပဲ ချီးကျူးခဲ့ရတာ များတဲ့အတွက် သင့်အနေနဲ့ ဒီလို ချီးကျူးလိုက်တဲ့အခါ သူတို့ဖက်မှာ အံ့သြဝမ်းသာပြီး သင့်ကိုလည်း စိတ်ထဲပိရှိသွားပါလိမ့်မယ်။


(၄) နည်းနည်းလေးပွင့်လင်းပါ

Flirt တာပဲ မဟုတ်တော့ဘူး၊ အဆင့်တွေတက်ချင်တယ်ဆိုရင်တော့ ဒီအချက်ကိုတော့ လုပ်ကိုလုပ်ရမှာပါပဲ။ အခုခေတ်ဟာ ၂၁ ရာစုဖြစ်နေပြီဆိုတော့ စည်းတွေဘောင်တွေတော့ သိပ်မတွေးပါနဲ့တော့။ မိန်းကလေးဖက်ကလည်း ရေလာမြောင်းပေးလုပ်ကာမှ ကောင်လေးတွေက မီးစိမ်းကိုတေ့ွပြီးတော့ ရှေ့ဆက်တိုးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေမှာ သူ့အပေါ်ထားတဲ့ ခံစားချက်လေးတွေကို မသိမသာ လှစ်ပြတတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။


Freepik- freepik


(၅) ဘယ်တော့မဆိုတစ်ကွက်ချန်ထားပါ

သင့်မှာရှိသမျှ အကုန်မပေးလိုက်ပါနဲ့၊ အကုန်ထုတ်မပြလိုက်ပါနဲ့။ ခံစားချက်ကစလို့ ပြောစရာစကားတွေအဆုံး တစ်ထိုင်တည်းနဲ့ ကုန်အောင်ပေးမသိဘဲ ချန်ချန်ထားခြင်းဟာ သူနဲ့ပတ်သက်မှုကို တြေးဖဖြေးချင်း နေက်ရက်တွေကို ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်။


penny




Some text some message..