မတော်တရော် ဓါတ်ပုံတွေ ပို့ပေးဖို့ ချစ်သူက တောင်းဆိုလာခဲ့ရင်…….
auntymay.com
|
2020-10-27

လူချင်း မတွေ့ရပဲ Stay Home ပြီး အ နေ ဝေးနေရတဲ့ အချိန်တွေမှာ အွန်လိုင်းပေါ်မှာ ရည်းစားနဲ့ Sex Chat လုပ်တာတွေ၊ မတော် တရော် ဓါတ်ပုံတွေ အပြန်အလှန် ပို့ တာမျိုးတွေ က အရင်ထက် ပိုများ လာပါတယ်။အရင်က ဆိုရင် ဒါမျိုးက အရမ်း အ နေ ဝေး တဲ့ LDRS အတွဲတစ်ချို့ လောက်မှာပဲ ကြုံရတဲ့ ကိစ္စ ဆိုပေမယ့် အခု ကာလ မှာတော့ ဒါမျိုးတွေ က ပိုများလာပါတယ်။ဒီလို တွေ လုပ် တော့ မယ်ဆိုရင် သူနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ဖြစ်လာခဲ့ရင် ထိခိုက် နစ်နာ မှာက ကိုယ့် တစ်ယောက် မဟုတ် ပါဘူး။ကိုယ့်မိဘ ကိုယ့်ပတ် ဝန်းကျင် အကုန်ထိခိုက်မှာပါ။တကယ်လို့ များ ကိုယ့်ရည်းစားက အွန်လိုင်းပေါ်က နေ မ တော်တရော် ပုံ တွေ ပို့ ပေးပါလို့ တောင်းဆိုလာခဲ့ရင်တော့ ထည့်သွင်းစဉ်းစားရမယ့် အချက်နဲ့ ဖြစ်လာနိုင် တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ကို ပြောပြ ပေးချင်ပါတယ်။

မယုံပါနဲ့.

Image:.freepik.com/211-1-1

ရည်းစားဆိုတာက ရန်သူမျိုး ငါးပါး ထဲမှာ တောင် အပို ထပ် ထည့် သင့်တဲ့ ရန်သူ နောက်တစ်ပါလို့ တောင် ပြောလို့ ရပါတယ်။ချစ် နေတဲ့ အချိန် တော့ ဒီစကား က ဟုတ်ပါ့မလားလို့ သံသယ ဝင်နိုင် ပေမယ့် မချစ် တော့ လို့ အမုန်း တွေ ပါလာရင် တော့ ကိုယ့်ကို ထိ ခိုက် ပျက်စီးအောင် အလုပ်နိုင်ဆုံးက ကိုယ့်ရည်းစားဆိုတာကို မ မေ့ပါနဲ့။ချစ်နေတဲ့ အချိန် ရင်ဖွင့် ခဲ့တဲ့ လျှို့ဝှက်ချက်တွေ ကို ပြတ် တော့ ဖော် ကောင်လုပ် အရှက် ခွဲခံရတဲ့ မိန်းက လေးတွေ မှ အများကြီးပါ။ချစ်နေရင်တော့ အဆင် ပြေ နေ ပေမယ့် မချစ် တော့ တဲ့ အချိန် ကျ ရင် သင့်ရည်းစားက သင့်ကို အရှက်တစ်ကွဲ အကျိုး နည်း ဖြစ်အောင် လုပ်နိုင်ပါတယ်။ဘယ်လောက်ပဲ အရမ်း ချစ်ချစ် ဘယ် တော့ မှ ရာနှုန်း ပြည့်မ ယုံပါနဲ့။ပုံတောင်းမယ်. ကြည့်ပြီး ပြန်ဖျက် မှာပါ။ဘယ်သူ့မှ မပြ ပါဘူး ပြော လိုက်တာ နဲ့ ယုံ မိရင် တော့ အမှားကြီး မှား သွား ပါလိမ့်မယ်။

ကိုယ့်အနာဂါတ်ကို စဉ်းစားပါ

Image:.freepik.com/odua

ဘ၀ က ရှေ့မှာ အကြာကြီး လျှောက်ရအုံးမှာပါ။ချစ်တဲ့ စိတ်နဲ့ ရည်းစားကို အလိုလိုက်ခါနီးရင်တော့ သင့် အနာဂါတ် ကို တွေးပါ။တဒင်္ဂ စိတ် အလို လိုက်မိရုံနဲ့ ဘ၀ က သူများ တံ ထွေးခွက် ပလက် မြော သွားမယ့် အဖြစ်မျိုးကို မြင် ယောင်ပါ။တကယ် နစ်နာ လာခဲ့ရင် သင် တစ်ယောက် တည်း မဟုတ်ပါဘူး။သင့်မိသားစု ပါ ထိခိုက် ရမှာပါ။အနာ ဂါတ် ပါ အရိပ် မည်းကြီး ထင်သွားရ လောက် အောင် ကိုယ့် ဘ၀ အတွက် အဲ့ဒီ ယောက်ျားက မထိုက် တန်ဘူး ဆိုတာ ခေါင်းထဲမှာ စွဲေ န အောင် မှတ်ထားပါ။

ဒီ RS ထဲမှာ ပဲ ပိတ်မိ သွားနိုင်

Image:freepik.com/freepik

အမျိုးသမီး တစ်ချို့ ဒီလို အ နေ အထားမျိုးနဲ့ ရင်ဆိုင် နေရတာတွေ ရှိပါတယ်။ရည်းစားက ဗီဒီယိုဖိုင် တွေ၊ဓါတ် ပုံ တွေ နဲ့ အကျပ် ကိုင် ခြိမ်း ခြောက် လို့ ဒူးနဲ့ မျက်ရည် သုတ်နေရတဲ့ မိန်းကလေးတွေ အများကြီးပါ။ကိုယ့်အ ပေါ် မ ကောင်းလို့ ဖြတ်ချင် ရင် တောင်မှ ဒါကြီး နဲ့ ခြိမ်းခြောက် နေလို့ သူ့စကားကို မတွန်းလှန်နိုင်တဲ့ ဘ၀ မျိုးနဲ့ သင်တစ်သက်လုံး နေသွားရနိုင်ပါတယ်။နင့်ပုံတွေဖြန့်လိုက်မယ်၊နင့် ဗီဒီယို ဖိုင် တွေ ဖြန့်လိုက်မယ်၊Msg တွေ ဖြန့်လိုက် မယ် .. ဆိုပြီး ခြိမ်းခြောက်တဲ့ အောက်တန်းစား ယောက်ျားတွေ ထဲမှာ ကိုယ့် ဘဲ တော့ မပါ ဘူး ဆိုပြီး ယုံကြည်မှု တွေ မလွန်ကဲ လိုက်ပါနဲ့။

ထားခဲ့ခံရနိုင်


ယောက်ျားအကုန်လုံးကိုတော့ မဆိုလို ပေမယ့် မိန်းက လေးတွေ ကို လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ် ချင် ရုံ စိတ် တစ်ခု တည်း နဲ့ တွဲနေ ပတ်သက် နေတဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။အဲ့လို ယောက်ျားတွေ က လိုချင်တာ ရသွားရင် ပစ်ထားခဲ့ ကြတာပါ။ ဒီလို လူစားမျိုးတွေက တကယ့်လက်တွေ့ ဘ၀ မှာ အများကြီးပါ။ကံ မ ကောင်းရင် တော့ မကောင်းတဲ့ ဝဘ်ဆိုက်ေ တွ မှာ ပါ ကိုယ့် ပုံတွေ၊ဗီဒီယို တွေ ရောင်းစားခံရနိုင်ပါတယ်။

ဖုန်းခိုးခံရ၊အဟက်ခံရနိုင်

Image:freepik.com/cookie-studio

ဘယ်တော့မှ မေ့ မထားသင့်တဲ့အရာက ဖုန်းဆိုတာ အခိုးခံရနိုင်ပါတယ်။နောက်တစ်ခုက ဆိုရှယ်မီဒီယာအကောင့်တွေ ဆိုတာ မျိုးက ေ ပါက် ကြား တတ်ပါတယ်။ငါတို့ နှစ်ယောက်ပဲ သိတာ၊ဘယ်သူမှ မသိဘူး လို့ တော့ မထင်ပါနဲ့။ ဆယ်လီ တစ်ချို့ အ ကောင့် ဟက် ခံရပြီး ဘယ်လို အခြေအ နေ မျိုးတွေနဲ့ ကြုံ ရလဲ ဆိုတာ အွန်လိုင်းပေါ်မှာ တွေ့ ဖူး မြင်ဖူးမှာပါ။ငါ့အ ကောင့်တော့ ဘယ်သူ မှ မဟက်ဘူး၊ငါ့ အကောင့် တော့ လုံ ခြုံ တယ် မထင်ပါနဲ့။

သင်တစ်ယောက်တည်း မဟုတ်ဘူး..

Image:freepik.com/rawpixel-com

ငါ့ဘဲက တော့ ငါ့ကို သိပ်ချစ်လို့၊သိပ်လွမ်းလွန်းလို့ ၊ငါ့တစ်ယောက်တည်း ပုံ ပဲ တောင်း တယ် ထင်ရင် တော့ အမှား ကြီး မှားပါလိမ့်မယ်။ မေ တာ်တရော် ပုံတွေ ပို့ ပေးပါလို့ ပါးစပ်ရဲရဲ နဲ့ ပြောရဲ ဆိုရဲ ရပ်ကွက်က လာတယ်ဆိုရ င်တော့ တခါ တည်း သဘော ပေါက် ထား ဖို့က သင် တစ်ယောက် တည်းဆီက ခုလို တောင်းနေတာ မဟုတ်ပါဘူး။သင်ရှေ့မှာ ထားခဲ့ဖူးတဲ့ စော်တွေ ဆီ ကလည်း သေချာ ပေါက် တောင်းကို တောင်းဖူး ပါလိမ့်မယ်။ဘယ်အမျိုးကောင်းသားကမှ ခုလိုမျိုး နှမချင်း မစာမနာ လွယ်လွယ်နဲ့ ပြောရဲ ဆိုရဲ တောင်းရဲ မှာ မဟုတ်ပါဘူး။မ ပေးလို့ ပြတ်မယ်ဆိုလဲ အပြတ်ခံလိုက်ပါ။ဒီလို ယောက်ျားမျိုး ကိုယ့်ဘ၀ ထဲက မြန်မြန် ထွက် သွားတာ ကိုယ့် အ တွက် အ ကောင်းဆုံးပါ။

#AUNTYMAY




Some text some message..