
အမျိုးသားတော်တော်များများရဲ့ အမြင် မှာတော့ မိန်းမ တွေ က ရစ်တတ်တယ်၊ပြဿနာ မရှိ ပြဿနာရှာ တယ် လို့ ထင် ကောင်း ထင် ကြမှာပါ။တကယ်တော့ ချစ်သူ မိန်းကလေး နဲ့ အဆင် ပြေ အောင် နေ ဖို့ ဆိုတာ အရမ်း ခက်ခဲ တဲ့ အရာ မဟုတ်ပါဘူး။ဘယ်မိန်းက လေးမှ လည်း ကိုယ့်ရည်းစားနဲ့ ရန် မဖြစ် ချင် ကြပါဘူး။ ချစ်သူကောင်မ လေးနဲ့ ရန် မဖြစ်ချင် ဘူး၊အဆင် ပြေပြေ နေချင်ရင် အမျိုးသားတို့ဘက်က နေ ဒီအချက်လေးတွေ ကို လုပ်ရင် ရပါပြီ။
နားထောင်ပါ

Image:freepik.com/mego-studio
Relationship တစ်ခုမှ အဆင် မ ပြေရတာ အဲ့ဒါ ကြောင့်ပါ။ယောက်ျား တော်တော် များများက နားထောင် ရတာကို မကြိုက် ကြပါဘူး။ဒါပေမယ့် မိန်းကလေးတွေ က တော့ စကားပြောရတာကို ကြိုက်ပါတယ်။ပြောနေရတာ ကြိုက်တဲ့ သူနဲ့ နားထောင် ရတာ မကြိုက်တဲ့ သူ နှစ်ယောက် တွေ့ရင် တော့ ပြဿနာ တက်နိုင်ပါတယ်။ဒါကြောင့် ချစ်သူ မိန်း က လေး နဲ့ အဆင် ပြေချင်ရင်တော့ သင့်က ကောင်းကောင်းနားထောင် တတ်သူ ဖြစ်ဖို့ လိုပါလိမ့်မယ်။သူမ ဘာပြောပြော စိတ် ဝင်တစား နဲ့ နားထောင် ပေးပါ။ပြဿနာ တစ်ခု ခု ဖြစ်လာပြီ ဆိုရင်လည်း သူမ ဘက်က စွပ်စွဲချက်တွေကို အရင် ဆုံးအောင် နားထောင် ပါ။စကားဖြတ် ပြောပြီး တစ်ခွန်းမ ကျန် ခံ ပြောတာ မျိုး မလုပ်ပဲ စကားကို ဆုံးအောင် နားထောင် ပေးပါ။
တောင်းပန်ပါ

Image: shutterstock/By fizkes
မိန်းကလေးတွေရဲ့ စိတ်က အရမ်း ခံစားလွယ်၊ထိရှ လွယ်တတ်ပါတယ်။တစ်ခါ တလေ ကိုယ်မှား နေရင် တောင် မှား ပါတယ် လို့ ပြန် တောင်း ပန် ဖို့ က သူတို့ရဲ့ မာန က ခွင့် မပြု တတ်ပါဘူး။ဒါကြောင့် တက်နိုင်သမျှ ကိုယ့်ဘက်က အလျှော့ ပေးပါ။တစ်ခုခု ပြဿနာ ဖြစ် ခဲ့ရင် ကိုယ့်ဘက်က မှားမှား၊မှန်မှန် အရင်စ တောင်းပန်ပါ။ ကိုယ်ချစ်လို့ တောင် ရ အောင် လိုက်ယူထားရတဲ့ မိန်းက လေး ကို တောင်းပန် ဖို့ ဝန် မလေးပါနဲ့။ဒီနေရာမှာ တစ်ခု တော့ ရှိပါတယ်။တစ်ချို့ မိန်းက လေးတွေ က ပြဿနာ ဖြစ်တာ နဲ့ ချက်ချင်း တောင်း ပန် မှ ကြိုက်တာ ရှိသလို၊တစ်ချို့က သွေးပူ နေတုန်း လာ ပြောရင် ပို ဒေါသ ထွက်တတ်ပါတယ်။ကိုယ့်ရည်းစားက ချက်ချင်း တောင်း ပန် မှ ကြိုက်တာလား၊နောက်မှ တောင်းပန် မှ ကြိုက်တာ လား ဆိုတာကို တော့ သိအောင် လေ့လာ ထားသင့်ပါတယ်။
အကြံဉာဏ်တောင်းပါ၊တိုင်ပင်ပါ

Image:.freepik.com/tirachardz
ယောက်ျားတွေမှ ဆရာလုပ်ရတာ ကြိုက်တာ မဟုတ်ပါဘူး။မိန်းကလေးတွေ က ပိုပြီးတော့ တောင် ဆရာ လုပ်ရတာ ၊ဦးဆောင် ရတာကို ကြိုက်ပါတယ်။မိန်းကလေးတွေ က ချစ်သူက သူမကို အကြံဉာဏ် တောင်းခံတာ၊တိုင်ပင်တာ မျိုး လုပ်ရင် အရမ်း သဘောကျ ကြပါ တယ်။သူ့ကို နေရာ ပေးဆက်ဆံ တယ်လို့ သူတို့ စိတ်ထဲမှာ ခံစားရပြီး သင့်ကို ပိုတောင် ချစ်လာ ပါလိမ့်မယ်။ဒါကြောင့် တစ်ခုခု ဆိုရင် ချစ်သူ ကို တိုင်ပင်၊အကြံတောင်းပါ။
အသိအမှတ်ပြုပါ

Image:freepik.com/master1305
လူတိုင်းက ချီးကျူးခံရတာ၊အသိအမှတ်ပြု ခံရတာကို ကြိုက်ပါတယ်။ဒါကြောင့် ချစ်သူ ကောင် မလေး က သင့် အတွက် လုပ် ပေးတဲ့ အရာ တွေ တိုင်းကို အသိအမှတ်ပြု ပေး၊ချီးကျူး ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ကိုယ်ဘက်က လုပ်ပေး နေရပြီး ချစ်သူ ဆီက ချီး ကျူး အသိ အမှတ်ပြု တစ်ခု တလေ တောင်မှ မရရင် တော့ သူမ စိတ်ထဲမှာ ကြာလာရင် မကျေနပ် ချက်တွေ တဖြည်းဖြည်း စု ပုံ လာ တတ်ပါတယ်။အဲ့လို တွေ ဖြစ်ပြီဆိုရင်တော့ ဘာ မဟုတ်တာ လေးနဲ့ သင့်ကို ရစ်တာ၊ပြဿနာ ရှာ မျိုးတွေ လုပ်နိုင်ပါတယ်။
ချစ်ကြောင်းပြ

Image:freepik.com/freepik
ချစ်တယ်ဆိုတာ ပါးစပ်နဲ့ Msg တွေ လေက်နဲ့ပဲ ထိုင်ချစ်ပြ နေလို့ မရပါဘူး။ချစ်ကြောင်းပြ ဖို့ လည်း လိုပါတယ်။ အဲ့လို တွေ ပြောလာရင် အမျိုးသား တော် တော် များများ က ဒါမျိုးတွေ မလုပ်တတ်ဘူး ဆိုပြီး ပြန်ဆင် ခြေ ပေးတတ်ပါတယ်။ရည်းစားတောင် ထားတတ်ရင် ချစ်ကြောင်းပြတာ မျိုးလေး လောက် က တော့ လုပ် ကို လုပ် တတ်ရပါမယ်။ချစ်ကြောင်းကို ပြသလို့ ရတဲ့ နည်းတွေ အများကြီး ရှိသလို ပြဖို့ ကလည်း ဘာမှ ခက်ခဲတဲ့ အရာ မဟုတ်ပါဘူး။ သူမကို လက် ဆောင် ပစ္စည်းပေးတာ မျိုး လေးတွေ လုပ် ပေးပါ။အရမ်းဈေး ကြီးတာ မျိုးကြီးတွေ ဝယ်ပေးဖို့ မလိုပါဘူး။ဥပမာ- အပြင်သွားရင် သူမ ကြိုက်တတ်တဲ့ မုန့် ဆိုင် ကေ န မုန့်ဝယ်ေ ပးတာမျိုး၊ သူမ အသုံးလိုမယ့် ပစ္စည်းတစ်ခုခုကို လမ်းကြုံ ဝယ်ပေးတာမျိုး၊သူမ အတွက် ကော်ဖီ ဖျော်တိုက်တာ၊ချက်ပြုတ် ကျွေး တာ . ဒါ မျိုး လေးတွေ ပဲ လုပ်ရမှာပါ။အခုလို ကိုဗစ်ကာလ ဝေးနေတဲ့ အချိန်ဆိုရင်လည်း သူမကြိုက်တဲ့ မုန့် လေး တွေကို ဆိုင်တွေ က နေ မှာပြီး Delivery နဲ့ ပို့ပေးခိုင်းတာ မျိုးလေးတွေ လုပ် လို့ရပါတယ်။
#AUNTYMAY