ကောင်လေးတွေက ကလေးဆန်တဲ့ မိန်းကလေးတွေကို နှစ်သက်ရတဲ့ အကြောင်းအရင်းများ
auntymay.com
|
2020-10-29

ကောင်လေးတွေရဲ့ မိန်းကလေးတွေကို သဘောကျတတ်တဲ့ အကြိုက်တွေက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။ ဒါပေမယ့် ကောင်လေး တော်တော်များများကတော့ ကလေးဆန်တဲ့ ကောင်မလေးတွေကို နှစ်သက်သဘောကျတတ်ကြပါတယ်။ သူတို့က ဘာကြောင့် ကလေးဆန်တဲ့ ကောင်မလေးတွေကို ချစ်သူတော်ချင်ရလဲဆိုတဲ့ အကြောင်းပြချက်တွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။


(၁) စိတ်သက်သာရာရလို့

ကောင်လေးတွေက အလုပ်မှာ ပင်ပန်းလာသမျှ ကိုယ့်ချစ်သူကို မြင်လိုက်တာနဲ့ အမောပြေသွားမယ့် ခံစားချက်မျိုးကို လိုချင်ကြပါတယ်။ ဒီလိုမျိုးကို ကလေးဆန်တဲ့ ကောင်မလေးတွေက ပေးနိုင်တယ်လို့ သူတို့ ယူဆကြပါတယ်။ ကိုယ့်အပေါ် ချစ်စဖွယ် အမူအရာတွေ ပြပေးတဲ့ ကောင်မလေးက သူတို့အတွက်တော့ စိတ်သက်သာရာ ရစေတတ်ပါတယ်။


Photo by Gustavo Fring from Pexels


(၂) အနုအရွလေးတွေ ခံစားချင်လို့

ကောင်လေးတွေ အများစုရဲ့ သဘာဝကိုက အနူးအညံ့လေးတွေကိုပဲ နှစ်သက်ကြတာပါ။ ချွဲတတ်ပြီး အမူအရာပိုနေတာ၊ စိတ်ကောက်တတ်တဲ့ ပုံလေးတွေက သူတို့အတွက်တော့ ပီတိပါပဲ။ ဒီအချက်ကြောင့်လည်း ကောင်လေးတွေက ပွင့်ပွင်းလင်းလင်း နေတတ်တဲ့ ကောင်မလေးတွေထက် ကလေးဆန်တဲ့ ကောင်မလေးမျိုးကို နှစ်သက်ကြတာ ဖြစ်ပါတယ်။


Photo by Jonathan Borba from Pexels


(၃) အသိအမှတ် ပြုမှု ရလို့

တစ်ချို့ကောင်လေးတွေကတော့ သူတို့ကို အသိအမှတ်ပြုတယ်လို့ ခံစားရတဲ့ ကောင်မလေးကို နှစ်သက်ကြပါတယ်။ ကိုယ့်ထက်လည်း ငယ်တာ မဟုတ်ရင်တောင်မှ ကိုယ့်လောက် သိပ်မသိတဲ့ မရင့်ကျက်တဲ့ ကောင်မလေးတွေက ကိုယ့်အရည်အချင်းကို ဘာနဲ့မှ မတိုင်းထွာဘဲ အသိအမှတ်ပြုပေးတတ်လို့ ရွေးချယ် သဘောကျတတ်ကြပါသေးတယ်။


Photo by Mental Health America (MHA) from Pexels


(၄) ကိုယ့်ကိုယ်ကို ပိုယုံကြည်မှု ရှိလို့

ကိုယ့်ထက် အရည်အချင်းရှိတဲ့ မိန်းကလေးမျိုး၊ ကိုယ်နဲ့ တန်းတူ ထက်မြက်တဲ့ မိန်းကလေးတွေထက် စာရင် တစ်ချို့က ကိုယ့်လောက် မသိတဲ့အပြင် ကလေးဆန်နေတတ်တဲ့ အချက် ရှိနေတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။ ဒီလိုမျိုး စိတ်သက်သာရာ ရစေတဲ့အပြင် ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း ယုံကြည်မှု ပိုတိုးစေလို့ ကလေးဆန်တဲ့ ကောင်မလေးတွေကို ချစ်သူထားချင်တတ်ကြပါတယ်။


Photo by Dewey gallery from Pexels


(၅) ကိုယ့်မှာ တာဝန်ရှိတယ် ခံစားရလို့

ကလေးဆန်တဲ့ ကောင်မလေးကိုမှ ရွေးချစ်တာမျိုး မဟုတ်ပေမယ့်လည်း ချစ်မိသွားတဲ့အခါ ဒီလိုမျိုး ရိုးသားတဲ့ ကောင်မလေးအတွက် ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း ကလေးဆန်တဲ့ ကောင်မလေးတွေနဲ့ သူတို့ထက် အသက်ကြီးတဲ့ ကိုကိုတွေက စုံတွဲ ဖြစ်သွားတတ်ကြပါတယ်။

Kham




Some text some message..