RS တစ်ခုမှာ အမျိုးသမီးတစ်ချို့ဟာ ဘာကြောင့် သစ္စာမဲ့စွာ ဖောက်ပြန်တတ်ကြတာလဲ?
lifestylemyanmar.com
|
2020-11-03



လူအမျိုးမျိုး စိတ်အထွေထွေမို့ ဖောက်ပြန်ကြတဲ့အကြောင်းအရင်းကတော့ အမျိုးမျိုးရှိကြပါလိမ့်မယ်။ သို့ပေမယ့် ဒီကနေမှာ မျှဝေပေးချင်တဲ့အကြောင်းအရာတွေကတော့ ဖြစ်နိုင်ခြေအရှိဆုံးအခြေအနေတွေဖြစ်ပါတယ်။

၁။ အချစ်တွေ ကုန်ခမ်းသွားခြင်း

အမျိုးသမီးတစ်ချို့ဟာ သူတို့ရဲ့ ပါတနာတွေအပေါ် ချစ်ခြင်းမေတ္တာတွေ ကုန်ခမ်းသွားတဲ့အခါမှာလည်း စည်းကျော်တတ်ကြပါတယ်။ ဒီအချက်ကလည်း သူတို့တွေဖောက်ပြန်ရတဲ့ အဓိကကျတဲ့အချက်တစ်ချက်လည်း ဖြစ်ပါတယ်။




၂။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျခြင်း

တစ်ခါတရံမှာ အမျိုးသမီးတွေဟာ ကလေးဘဝက ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျတဲ့ပြဿနာတွေ၊ စိတ်ဓာတ်ကျစရာတွေနှင့် စိတ်ဒဏ်ရာတွေဟာ စိတ်ကူးယဉ်ဖို့ကောင်းတဲ့၊ လိင်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေအကြားမှာ ပြဿနာတွေဆီကိုသာ ဦးတည်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျခြင်းဟာ သစ္စာမဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃။ ကလဲ့စားချေခြင်း/ ရန်တုန့်ပြန်ခြင်း

တစ်ခါတရံမှာ အမျိုးသမီးတွေဟာ ဘဏ္ဍာရေးအရ (သို့) လိင်ပိုင်းဆိုင်ရာအရ သစ္စာဖောက်ခံရတယ်လို့ ခံစားရတဲ့အခါ ကလဲ့စားပြန်ချေတဲ့အနေနဲ့ သစ္စာမဲ့တတ်ကြပါတယ်။ ဒီလိုအမျိုးသမီးတွေဟာ သူတို့ပါတနာကို သူတို့ဘာလုပ်နေတယ်ဆိုတာ သိစေချင်ယုံသက်သက်ပါပဲ။




၄။ အထီးကျန်ခြင်းနှင့် လျစ်လျူရှုခံရခြင်း

တစ်ခါတရံမှာ အမျိုးသမီးတစ်ချို့ဟာ သူတို့ပါတနာရဲ့ လျစ်လျူရှုခံရတယ်လို့ ခံစားမိတဲ့အခါ တစ်ခြားတစ်စုံတစ်ယောက်ဆီမှာ သာယာမှုကို ရှာတတ်ကြပါတယ်။ တစ်ချို့ကိစ္စတွေကို သူတို့ဟာ ဇနီးတစ်ယောက် (သို့) ချစ်သူတစ်ယောက်ဆိုတာထက် ကလေးထိန်း၊ အမေ၊ ဂရုစိုက်စောင့်သူတစ်ယောက်လိုပဲ ပိုခံစားနေရတတ်ပါတယ်။ အမျိုးသမီးတွေဟာ RS တစ်ခုထဲမှာ တစ်ယောက်တည်းဖြစ်နေတယ်လို့ မကြာခဏခံစားနေရပြီဆိုရင် ၎င်းက သူမရဲ့ စိတ်ခံစားမှုလိုအပ်ချက်တွေအရ သစ္စာမဲ့ခြင်းတွေဆီကို ဦးတည်စေနိုင်ပါတယ်။

၅။ သူတို့ရဲ့ ပါတနာအပေါ် မှာ လိင်ပိုင်းဆိုင်ရာမကျေနပ်ခြင်း

အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ Sexual Creature တွေဖြစ်ကြပါတယ်။ သူတို့ဟာ များသောအားဖြင့် အမျိုးသားတွေလိုပဲ လိင်မှုဆိုင်ရာကိစ္စတွေကို သဘောကျကြပါတယ်။ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ်မှာ အိပ်ရာပေါ်က ကိစ္စတွေမှာ အထင်ကြီးလာစေဖို့အတွက် ကြိုးစားအားထုတ်မှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုကိစ္စတွေမှာ စိတ်ကျေနပ်မှုမရဘူးဆိုရင်လည်း အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်နိုင်ပါတယ်။




၆။ မျှော်လင့်ချက်တွေ များလွန်းခြင်း

တစ်ချို့အမျိုးသမီးတွေဟာ သူတို့ပါတနာဆီကနေ အရမ်းဒရာမဆန်လွန်းတဲ့မျှော်လင့်ချက်တွေရှိနေတတ်ကြပါတယ်။ ဆိုတော့ ဖောက်ပြန်တာကလည်း ရှင်းပါတယ်။ ဒီလို မျှော်လင့်ချက်မျိုးတွေကို ဒီနေရာက မရရင် နောက်တစ်ယောက်ဆီကနေ ရမယ်ဆိုတဲ့ တလွဲမျှော်လင့်ချက်တွေနဲ့ ဖောက်ပြန်ကြတာပါ။ သူတို့ပါတနာဆီကနေ လိုချင်တာနှင့် လိုအပ်တာတွေကို ကောင်းကောင်းမခွဲခြားနိုင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်ပါတယ်။




၇။ သူတို့ဟာ ထွက်သွားချင်ရုံလေးပါပဲ

တစ်ချို့အမျိုးသမီးတွေကတော့ တစ်စုံတစ်ယောက်နဲ့ ဖောက်ပြန်တယ်ဆိုတာ လက်ရှိ RS ကို ပြိုကွဲစေချင်ရုံလေးပါတဲ့။ ပြိုကွဲချင်တယ်ဆိုပေမယ့် တစ်ယောက်တည်းနေဖို့အဆင်သင့်မဖြစ်သေးတဲ့အခါ ဓားစာခံလူတစ်ယောက်ကို ရှာဖွေလိုက်ခြင်းမျိုးပါပဲ။

၈။ အမျိုးသမီးတစ်ဦးအဖြစ် အနှိမ်ခံရခြင်း

တစ်စုံတစ်ဦးရဲ့ ချစ်သူဖြစ်ရခြင်းဟာ ဘယ်လိုအမျိုးသမီးရဲ့ ဘဝမှာမဆို အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ပါတနာက ကိုယ့်ကိုယ်အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် နှိမ်ချတာတွေ (သို့) အထင်သေးတာတွေနှင့် အမျိုးသားတွေနဲ့ နှိုင်းယှဉ်တာက တော်တော်အဆင်မပြေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တဖက်အမျိုးသမီးကလည်း မခံချင်စိတ်နှင့် ဖောက်ပြန်ကြတာဖြစ်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref- themindjournal




Some text some message..