အိမ်ထောင်ရေးသာယာအောင် ပြောင်းလဲနိုင်တဲ့ မရှိမဖြစ် အလေ့အထများ
myanmaplatform.com
|
2020-11-03

အိမ်ထောင်ရေးမှာ ကိုယ်အိမ်ထောင်ဖက်နဲ့ သဟဇာတဖြစ်အောင် အိမ်ထောင်ရေးရဲ့ အခြေခံလိုအပ်ချက်တွေ ၊ လက်ရှိဆုပ်ကိုင်ထားတဲ့ အရာတွေက အိမ်ထောင်ရေးအတွက် အဆင်မပြေဖြစ်နေတယ်ဆိုရင် အချို့သော အရာတွေကို ပြုပြင်ပြောင်းလဲလိုက်ပါ။ ဒါဆိုရင် အိမ်ထောင်ရေးမှာ သာယာမှုတွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။




၁။ သေးငယ်တဲ့အရာကအစ ဂရုစိုက်ပါ။

ဆယ်စုနှစ်မက တွဲခဲ့တဲ့ အိမ်ထောင်ရေးတွေမှာလည်း အသေးအမွှားကိစ္စလေးတွေကနေ လက်လွှတ်ဆုံးရှုံးရတဲ့ အထိဖြစ်သွားတတ်ကြပါတယ်။ လက်ထပ်ထားတာပဲ ကြာနေပြီဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားတာမျိုးကတော့ မှားယွင်းနေပါတယ်။ ဒါကြောင့် သူမနဲ့ ပတ်သက်တဲ့ တစ်နေ့တာအကြောင်းလေးတွေကို မေးမြန်းတာ၊ အမူအရာလေးတွေနဲ့ ဂရုစိုက်တာ၊ သူမပင်ပန်းတာထက် ကျန်းမာရေးကို စိုးရိမ်ကြောင်း စတဲ့ အသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးမယ်ဆိုရင် သူမကို ပိုပြီးပျော်ရွှင်စေနိုင်တဲ့အပြင် အိမ်ထောင်ရေးကိုလည်း သာယာစေနိုင်ပါတယ်။




၂။ ကျေးဇူးတင်တတ်ပါ။

အိမ်ထောင်ရေးသာယာဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်ဖို့ လိုအပ်ပါတယ်။ ဒါမှ တစ်နေ့တာအတွက် ကြိုးစားအားထုတ်ဖို့ အားအင်တွေ ရရှိလာမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ ခံစားနေရရင်တောင် ကိုယ့်အိမ်ထောင်ဖက်က ဒီလိုကျေးဇူးတင်စကားတွေ သူ့ကို ခွန်အားတွေဖြစ်စေနိုင်ပါတယ်။ ဒါက တစ်ယောက်တည်း ကျေးဇူးတင်နေလို့လည်း မရပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အလေးအနက်တန်ဖိုးထားခြင်းကလည်း အိမ်ထောင်ရေးသာယာစေနိုင်တဲ့ အစာတစ်မျိုးဖြစ်ပါတယ်။




၃။ လိင်မှုဆန္ဒနဲ့ ပြည့်ဝဖို့ လိုအပ်ပါတယ်။

တစ်ရက်ပြီးတစ်ရက် အလုပ်ကိစ္စတွေနဲ့ပဲ ကုန်ဆုံးရတဲ့အချိန်တွေများလာရင် လိင်ကိစ္စဖက်မှား အားနည်းသွား တတ်ကြပါတယ်။ အိမ်ထောင်တစ်ခုမှာ လိင်ကိစ္စအားနည်းလာရင် အိမ်ထောင်ရေးမှာ အဖုအထစ်လေးတွေ ဖြစ်လာတတ်ကြပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူဖို့ လိုအပ်သလို ကိုယ်ကိုယ်တိုင်ကလည်း ချင်ခင်ပေးဖို့ လိုအပ်ပါတယ်။ လိင်မှုကိစ္စမှာ အဆင်ပြေလာရင် ပျော်ရွှင်ရသလို ပျော်ရွှင်မှုကို ခံစားရရင် အိမ်ထောင်ရေးကိုလည်း သာယာခိုင်မြဲစေနိုင်ပါတယ်။




၄။ တတ်နိုင်သလောက် ဖြေလျော့ပေးပါ။

ဘဝဆိုတာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ မျှော်လင့်ချက်တွေနဲ့ ရပ်တည်ရသလို အိပ်ထောင်ရေးမှာလည်း မပြည့်စုံသေးတာောကာင့် စိတ်ဝမ်းကွဲတာမျိုးဖြစ်လို့ မရပါဘူး။ ဥပမာ တစ်နှစ်ထဲမှာပဲ ကားကော အိမ်ပါ လိုချင်တယ်ဆိုတာမျိုးက အဆင်မပြေနိုင်ပါဘူး။ ဒါက ဖြေလျော့လို့လည်း ရတဲ့ဟာဖြစ်တာကြောင့် ဖြေလျော့ပေးတာမျိုးလုပ်ပါ။ ဒါဆိုရင် သူအတွက်လည်း စိတ်သက်သာရာ ရစေနိုင်သလို ဝန်လည်းအနည်းငယ်ပေါ့ကာ စိတ်ပျော်ရွှင်စေနိုင်ပါတယ်။




၅။ ရိုးရှင်းတဲ့ ပျော်ရွှင်မှုကို ခံစားပါ။

လက်ထပ်ထိမ်းမြှားမှုနဲ့ ပတ်သက်ပြီး အကောင်းဆုံးအရာတွေနဲ့ ဇိမ်ခံနေမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ လှပတဲ့ စားသောက်ဆိုင်တွေပြောင်းစားတယ်၊ အိမ်ကောင်းကောင်းမှာနေပြီး ပျော်ရွှင်စွာ စံစားဖို့က မဖြစ်နိုင်ပါဘူး။ ကောင်းတဲ့အရာကိုလည်း အတူတူစံစားသင့်သလို၊ ဆိုးတဲ့အရာကျရင်လည်း အတူတူ မျှဝေဖို့ လိုအပ်ပါတယ်။ ကိုယ်လက်ထပ်ထားတဲ့အိမ်ထောင်ဖက်နဲ့ အပြန်အလှန်နားလည်မှုပေးပြီး လိုက်လျောညီထွေအောင် နေထိုင်ခြင်းက အိမ်ထောင်ရေးကို ခိုင်မြဲစေနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးအတွက် ဇိမ်ခံပစ္စည်းတွေ အဆင့်မြင့်အရာတွေထက် သဘာဝနဲ့ ရိုးရှင်းစွာဖြတ်သန်းခြင်းကလည်း သာယာစေနိုင်ပါတယ်။




Some text some message..