
နောင်တဆိုတာ နောင်မှ ရတဲ့ အရာဆိုပေမယ့် နောင်တ မရတဲ့ ကိစ္စမျိုး ရှိရင် ပိုပြီး ကောင်းပါတယ်။ နောင်တဆိုတာ ကိုယ့်ကို ဝမ်းနည်းပြီး နာကျင်စေတတ်ပါတယ်။ တစ်ချို့သူတွေကတော့ ဘဝမှာ သတိမထားစွာ နေရင်းနဲ့ နောင်တရစရာတွေ ကြုံလာရတတ်ပါတယ်။ လူအများစု ခံစားရတတ်တဲ့ နောင်တရစရာ အကြောင်းအရင်းတွေကတော့ ဒီအချက်တွေပါနော်။
(၁) မိဘကို ဂရုမစိုက်မိတာ
လူအများစုက အရွယ်ရောက်လာတဲ့အချိန်ကစပြီး မိဘတွေကို မေ့နေတတ်ကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ၊ ကိုယ်လုပ်ချင်တာနဲ့ ကိုယ့်ဘဝအတွက်ပဲ ပိုတွေးရင်းနဲ့ မိဘကို ဂရုစိုက်ဖို့ အချိန်ပေးဖို့နဲ့ ဘာတွေ လိုအပ်လဲ မဖြည့်ဆည်းပေးနိုင်မှုတွေ ဖြစ်နေတတ်ပါတယ်။ မိဘတွေ နေမကောင်းဖြစ်တဲ့ အချိန်မှ ဒီအတွက် နောင်တ ရတဲ့သူတွေ ရှိသလို တစ်ချို့ကတော့ မိဘတွေ ဆုံးပါးသွားတော့မှ တွေးတွေး နောင်တ ရနေတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေ ရှိနေတုန်း ကိုယ့်ဘက်က အစွမ်းကုန် ဂရုစိုက်ပေးသင့်ပါတယ်။

bearfotos/Freepik
(၂) သားသမီးကို အချိန်မပေးမိတာ
မိဘတွေကလည်း သားသမီးတွေနဲ့ ပတ်သတ်တဲ့ နောင်တရစရာတွေ ရှိနေတတ်ပါတယ်။ မိသားစုဆိုပေမယ့် ကိုယ့်ရဲ့ ဆန္ဒတွေကို အလေးပေးရင်း သားသမီးတွေရဲ့ ပျော်ရွှင်မှုကို မေ့နေမိတာမျိုး၊ သားသမီးတွေကို အချိန်မပေးဘဲ ကိုယ့်ဘာသာ အဆင်ပြေအောင်ပဲ နေနေကြတဲ့ မိဘတွေလည်း ရှိနေပါတယ်။ သားသမီးတွေ စိတ်ဒဏ်ရာ ဖြစ်လာတော့မှ သတိထားမိပြီး နောင်တရကြပါတော့တယ်။

Freepik.com
(၃) ကိုယ့်အပေါ် ကောင်းသူကို အလေးမထားမိတာ
ကိုယ့်အပေါ် ကောင်းတဲ့သူတွေကိုမှ ဆိုးမိတတ်တာမျိုး ဖြစ်ပါတယ်။ ကိုယ့်အပေါ် ကောင်းမှန်းသိသိနဲ့ ဆိုးနေတာက နောင်တရစရာတွေ ဖြစ်လာတတ်တာပါပဲ။ လူအများစုကတော့ ဒီအချက်ကြောင့် နောင်တရကြတာ များပါတယ်။ ကိုယ်က အရမ်းဆိုးခဲ့လို့ ကိုယ့်ကို စွန့်ပစ်သွားတော့မှ ပြန် နောင်တရကြတာမျိုးပေါ့။ ကိုယ့်အပေါ် ကောင်းတဲ့သူကို မဆုံးရှုံးချင်ရင် ကိုယ့်ဘက်ကလည်း ပြန်ပြီး ကောင်းပေးဖို့ လိုပါတယ်နော်။

beststudio/Freepik
(၄) ဆုံးဖြတ်ချက်အမှားတွေ
ဘဝမှာ ရှင်သန်ရတဲ့ တစ်လျှောက်လုံးမှာ အင်္ကျီဝတ်တာ၊ အစားစားတာက စလို့ ဘဝအတွက် ဆုံးဖြတ်ချက်တွေ မြောက်များစွာ ချရပါတယ်။ ဘဝတစ်လျှောက်လုံးမှာ အရေးကြီးတဲ့ အရာတွေကို ဆုံးဖြတ်ချိန်မှာ ကိုယ့်ရဲ့ ခေါင်းမာတဲ့ အစွဲတွေကြောင့် ဆုံးဖြတ်ချက် မှားခဲ့တာတွေက နောင်တစ်ချိန်မှာ ကိုယ့်ကို နောင်တရစေတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ ကိုယ့်ကို နောင်တ ရစေမလားဆိုတာကို အရင်ဆုံး စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်နော်။

mrzivica/Freepik
Kham