
အရွယ်ရောက်လာတာတဲ့ ချစ်စိတ်ဝင်လာပြီး ချစ်သူ ရည်းစား ထားတာ သဘာဝပါပဲ။ ချစ်သူ ရည်းစားတွေ ထားကြတဲ့ စုံတွဲပေါင်း မြောက်များစွာ ရှိနေပေမယ့်လည်း ပုံစံတွေကတော့ ဆင်တူနေလေ့ ရှိပါတယ်။ ချစ်သူ ရည်းစားထားတဲ့ သူတွေဆီမှာ တွေ့ရတတ်တဲ့ စုံတွဲ ပုံစံတွေထဲမှာက အတွေ့ရအများဆုံး စုံတွဲပုံစံလေးတွေကတော့ အခုလိုပါပဲနော်။
(၁) ရန်သတ်သမားစုံတွဲ
တစ်လမှာ ဆယ်ရက်မက ရန်သတ်နေပေမယ့်လည်း မပြတ်တဲ့ စုံတွဲတွေလည်း ရှိနေပါတယ်။ ကြည့်လိုက်ရင် ရန်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ စိတ်ကောက်ကြမယ်ဆိုတာကို ကောင်မလေးက မလုပ်ရင် ကောင်လေးက လုပ်နေတတ်ပါတယ်။ ရန်ဖြစ်လေ ပိုချစ်လေ လားတော့ မသိရပေမယ့် သူတို့ကတော့ ရန်ဖြစ်တာကိုတောင် သတိမထားမိလောက်အောင် ရန်ဖြစ်တတ်ကြပါတယ်။ ရန်ဖြစ်တဲ့ စုံတွဲတွေမှာမှ စကားနဲ့ ရန်ဖြစ်နေသူတွေ၊ လက်ပါ ပါပြီး ရန်ဖြစ်တဲ့သူတွေ ဒါပဲ ကွာသွားတာပါ။

Photo by Polina Zimmerman from Pexels
(၂) တည်ငြိမ်သူစုံတွဲ
နောက်ထပ် အတွေ့များတဲ့ စုံတွဲတွေကတော့ သူတို့ကို ရည်းစားလားလို့ မေးယူရတဲ့အထိ တည်ငြိမ်ကြပါတယ်။ အသွားအလာ အနေအထိုင်ကအစ တည်ငြိမ်လွန်းလှသလို သူတို့ဆီက ရန်ဖြစ်တယ်ဆိုတဲ့ စကားသံလည်း မကြားရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်ပေးလိုက်၊ အလျှော့ပေးလိုက်နဲ့ ကြည်နူးမိတဲ့အထိ အဆင်ပြေတဲ့ စုံတွဲမျိုး ဖြစ်ပါတယ်။ တော်တော်များများ အားကျရတဲ့ စုံတွဲပုံစံမျိုးလည်း ဖြစ်ပါတယ်နော်။

Photo by Drew Rae from Pexels
(၃) ငကြွားစုံတွဲ
သူတို့ကတော့ မျောက်လက်ထဲ အုန်းသီး ရသလိုမျိုး ရည်းစားရှိတာကို ပျော်ရွှင်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ တစ်နေ့ကို ရည်းစားအကြောင်း ဆယ်ခေါက်မက ပြောတတ်ကြသူတွေလည်း ဖြစ်သလို ရည်းစားအကြောင်း ကြွားကို ကြွားနေတတ်ကြပါတယ်။ ကောင်လေးဘက်က ကြွားပြီးရင်း ကြွားတဲ့ စုံတွဲတွေ ရှိသလို ကောင်မလေးဘက်ကပဲ ကြွားတာမျိုးလည်း ရှိပါတယ်။ နှစ်ယောက်လုံးက ပြိုင်ကြွားပြီး တစ်လောကလုံးမှာ သူတို့ပဲ ရည်းစားထားနေတော့သလို ပြုမူတတ်ကြသူတွေလည်း ရှိပါတယ်။

Photo by Asad Photo Maldives from Pexels
(၄) silent စုံတွဲ
ရည်းစား ရှိလို့ ရှိမှန်း မသိရတဲ့ စုံတွဲတွေလည်း တွေ့ရ အတော်များပါတယ်။ နှစ်တစ်ထောင် FA တွေပဲ ဖြစ်နေတော့သလိုလို၊ ရည်းစားပဲ ရှိနေတော့သလိုလို ဘာမှန်းညာမှန်း မကွဲပြားတဲ့ စုံတွဲမျိုး ဖြစ်ပါတယ်။ နှစ်ယောက်လုံးက သိုသိပ်လွန်းလို့ ဘယ်သူမှ အစတောင် ရှာမရတဲ့ စုံတွဲမျိုးပေါ့။ ဒီစုံတွဲကတော့ မိသားစုအကြောင်းတွေကြောင့်နဲ့ လွတ်လပ်မှုနဲ့ အချိန်တစ်ခုကို စောင့်နေတဲ့ စုံတွဲတွေမှာ အတွေ့ရများပါတယ်။

Photo by Min An from Pexels
Kham