Ex ကို မေ့ပစ်နိုင်မယ့် အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်း ၄ ခု
auntymay.com
|
2020-11-07

အရင်က ကိုယ်ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ သဘောထားချင်း မတိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ၊ ကိုယ်နဲ့အတူ ရှေ့ဆက်သွားဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အခါ တစ်စုံတစ်ယောက်သောသူကို အဲဒီနေရာမှာပဲ လက်လွှတ်ထားခဲ့ရဖို့ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လူတွေဟာ ကိုယ်ချစ်ရတဲ့သူကို ချက်ချင်းမေ့ပစ်လို့တော့ မရနိုင်တတ်ကြပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ ပြီးပြတ်သွားခဲ့တဲ့ ex ကို မြန်မြန် မေ့ပစ်ဖို့အတွက် ရိုးရှင်းပြီး ကိုယ့်အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေတော့ ရှိလို့နေပါတယ်။

ပြီးဆုံးသွားပြီဆိုတာ လက်ခံလိုက်ပါ

senivpetro/Freepik

ပြီးဆုံးသွားတဲ့ relationship တစ်ခုအတွက် အကောင်းဆုံးမေ့ပစ်နည်းကတော့ လက်ရှိအခြေအနေကို လက်ခံတတ်ဖို့ပဲ ဖြစ်ပါတယ်။ ယုံကြုံးမရဖြစ်နေတဲ့ အခြေအနေတွေ၊ အရင်က အကြောင်းတွေ စဉ်းစားပြီး ပြီးဆုံးသွားတာကို လက်မခံနိုင်သေးရင်တော့ ကိုယ်ပဲ ပိုထိခိုက်ခံစားရမှာ ဖြစ်ပါတယ်။ ဒီတော့ သူနဲ့ကိုယ်ဟာ ဘာမှမသက်ဆိုင်တော့တဲ့သူတွေအဖြစ်၊ အရင်က ချစ်သူတွေပေမယ့် ခုတော့ သူစိမ်းတွေဖြစ်သွားပြီဆိုတာကို လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။

လက်လွှတ်တတ်ဖို့ကို သင်ယူပါ

Photo by Nick Bondarev from Pexels

ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးသွားရလို့ဆိုပြီး တစ်ချိန်လုံး ငိုကြွေးနေတာမျိုးထက် သူ့ကို လက်လွှတ်တတ်အောင် လုပ်ပါ။ ကိုယ့်အတွက် အဆင်မပြေနိုင်တော့တဲ့ အခြေအနေမျိုး၊ ကိုယ့်ဆီမှာ ရှိမနေတော့တဲ့ အရာမျိုးကို တသသဖြစ်နေတာထက် လက်လွှတ်ဖို့ကြိုးစားတာက ပိုလွယ်ကူနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ပိုကောင်းမွန်တဲ့ အရာတွေရောက်လာဖို့အတွက် တစ်ချို့အရာတွေကို လက်လွှတ်ဖို့ လိုကိုလိုအပ်ပါတယ်နော်။ ဒီတော့ ကိုယ့်ကိုယ်ကို အရမ်း ပင်ပန်းနာကျင်ခံပြီး အတင်းဆုပ်ကိုင်ဖက်တွယ်မထားပဲ လွှတ်ချသင့်တာကို လွှတ်ချပေးလိုက်တာက သင်ကိုယ်တိုင်ကို လွတ်လပ်သွားစေမှာပါနော်။

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ

diana.grytsku/Freepik

အရင်က သူနဲ့ကိုယ်က ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊ ဘယ်လိုအမှတ်တရတွေ၊ အတူရှိခဲ့တဲ့အချိန်တွေ၊ အတူသွားခဲ့တဲ့ နေရာတွေ ဒါတွေကို အခုအချိန်မှာ ပြန်တမ်းတနေလို့လည်း အပိုပါပဲ။ ကျော်လွန်သွားတဲ့ စာမျက်နှာတွေကို အသစ်ပြန်လည် လှန်လှော်ကြည့်တာမျိုး လုပ်မနေပါနဲ့တော့။ ဒါက အချိန်ကုန်လူပင်ပန်းတာပဲ ရှိတတ်ပါတယ်။ အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်လို့ လက်ရှိအချိန်မှာပဲ နေထိုင်တတ်အောင် ကြိုးစားတာ အကောင်ဆုံးပါပဲ။

ကိုယ့်အတွက် အာရုံစိုက်ပါ

freepik byway homestudio

ချစ်တတ်တဲ့လူတိုင်းကတော့ အသည်းကွဲတတ်ကြတာပါပဲ ဒါပေမယ့် ဒီအသည်းကွဲမှုကိုပဲ အချိန်အကြာကြီး ဆုပ်ကိုင်တမ်းတနေပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ခံစားသင့်သလောက် ခံစားပြီးရင် ကိုယ့်အတွက် အာရုံစိုက်ဖို့ လိုအပ်လာပါပြီ။ အသည်းကွဲတိုင်း ကိုယ့်ရဲ့အနာဂတ်က ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ၊ ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ ကိုယ့်ကိုယ်ကို ပိုတော်တဲ့ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်လာစေမယ့် အရာတွေ စသဖြင့် လုပ်စရာတွေ အများကြီးရှိလို့နေပါတယ်။ နောက်ပြီး တစ်ချိန်ချိန်မှာ ကိုယ့်အတွက် ပိုကောင်းမွန်ပြီး စစ်မှန်တဲ့ သူတစ်ယောက် ကိုယ့်ဆီရောက်လာနိုင်သေးတာပဲ။ ဒီတော့ အသည်းကွဲနေတဲ့အချိန်တွေက နှမြောဖို့တောင်ကောင်းနေပါသေးတယ်။ ဒီနည်းလမ်းလေးတွေက သင့် ex ကို မြန်မြန်မေ့ပစ်ဖို့ အကောင်းဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Khin




Some text some message..